မြန်မာအရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ တံခါးပိတ် ဆွေးနွေးမည်

စပ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး

ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဒီကနေ့ တံခါးပိတ် ဆွေးနွေးဖို့ရှိတယ်လို့ နိုင်ငံတကာ

မီဒီယာတွေမှာ ဖော်ပြပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အန်တိုနီရိုဂူတာရပ်စ်ကလည်း နိုင်ငံတော် အတိုင်ပင်ခံ

ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ တခြား နိုင်ငံရေး ခေါင်းဆောင်တွေ အ

ဖမ်းခံရမှုကို အပြင်းအထန် ပြစ်တင်ရှုံ့ချလိုက်ပါတယ်။


ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး အာဏာ အားလုံးကို စစ်တပ်ကို လွှဲပေး

တယ်ဆိုတဲ့ ကြေညာချက် အပေါ်အကြီး အကျယ် စိုးရိမ်ကြောင်း၊ လက်ရှိဖြစ်ထွန်းမှု

တွေဟာ မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေကို အပြင်းအထန်

ထိုးနှက်လိုက်တာ လို့လည်း အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ စတက်ဖနီ ဒူဂျာရစ်က

ထုတ်ပြန်တဲ့ ကြေညာချက် ထဲမှာ ပြောပါတယ်။

တရားဥပဒေ စိုးမိုးရေး၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီကို လိုလားတဲ့

မြန်မာ ပြည်သူတွေကို မမှိတ်မသုံ ထောက်ခံသွားမယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူး

ချုပ်က အခိုင်အမာ ထပ်လောင်း အတည်ပြုတယ်လို့ ကြေညာချက်မှာဖော်ပြပါ

တယ်။

မြန်မာစစ်တပ်ကသိမ်းယူထားတဲ့ အာဏာကို ချက်ချင်းစွန့်လွှတ်ဖို့နဲ့ ဖမ်းဆီးထိန်းသိမ်း

ထားတဲ့ တက်ကြွလှုပ်ရှားသူတွေနဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေကို ပြန်လွှတ်ပေးဖို့ အမေရိကန်

သမ္မတ ဂျိုးဘိုင်ဒင်ကတိုက်တွန်းထားပါတယ်။

ဒါ့အပြင် လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း မြန်မာနိုင်ငံ တိုးတက်မှုတွေအပေါ်အခြေခံပြီး

ပြန်လည်ရုပ်သိမ်းပေးခဲ့တဲ့ အရေးယူပိတ်ဆို့မှုတွေကိုလည်း အမြန်ဆုံးပြန်လည်

သုံးသပ်ပြီး သင့်တော်တဲ့ အရေးယူမှုတွေ လုပ်ဆောင်ရမယ်လို့ သမ္မတဂျိုးဘိုင်ဒင်က

ပြောထားပါတယ်။

zawgyi

================

စပ္တပ္က အာဏာသိမ္းၿပီးေနာက္ ျမန္မာႏိုင္ငံရဲ႕ အေျခအေနနဲ႔ ပတ္သက္ၿပီး

ကုလသမဂၢလုံၿခဳံေရးေကာင္စီမွာ ဒီကေန႔ တံခါးပိတ္ ေဆြးေႏြးဖို႔ရွိတယ္လို႔ ႏိုင္ငံတကာ

မီဒီယာေတြမွာ ေဖာ္ျပပါတယ္။

ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္အန္တိုနီ႐ိုဂူတာရပ္စ္ကလည္း ႏိုင္ငံေတာ္ အတိုင္ပင္ခံ

ေဒၚေအာင္ဆန္းစုၾကည္၊ သမၼတဦးဝင္းျမင့္နဲ႔ တျခား ႏိုင္ငံေရး ေခါင္းေဆာင္ေတြ အ

ဖမ္းခံရမႈကို အျပင္းအထန္ ျပစ္တင္ရႈံ႕ခ်လိုက္ပါတယ္။


ဥပေဒျပဳေရး၊ အုပ္ခ်ဳပ္ေရးနဲ႔ တရားစီရင္ေရး အာဏာ အားလုံးကို စစ္တပ္ကို လႊဲေပး

တယ္ဆိုတဲ့ ေၾကညာခ်က္ အေပၚအႀကီး အက်ယ္ စိုးရိမ္ေၾကာင္း၊ လက္ရွိျဖစ္ထြန္းမႈ

ေတြဟာ ျမန္မာႏိုင္ငံအတြင္း ဒီမိုကေရစီေရး ျပဳျပင္ေျပာင္းလဲမႈေတြကို အျပင္းအထန္

ထိုးႏွက္လိုက္တာ လို႔လည္း အတြင္းေရးမႉးခ်ဳပ္ရဲ႕ ေျပာခြင့္ရ စတက္ဖနီ ဒူဂ်ာရစ္က

ထုတ္ျပန္တဲ့ ေၾကညာခ်က္ ထဲမွာ ေျပာပါတယ္။

တရားဥပေဒ စိုးမိုးေရး၊ လူ႔အခြင့္အေရး၊ ၿငိမ္းခ်မ္းေရးနဲ႔ ဒီမိုကေရစီကို လိုလားတဲ့

ျမန္မာ ျပည္သူေတြကို မမွိတ္မသုံ ေထာက္ခံသြားမယ္လို႔ ကုလသမဂၢ အတြင္းေရးမႉး

ခ်ဳပ္က အခိုင္အမာ ထပ္ေလာင္း အတည္ျပဳတယ္လို႔ ေၾကညာခ်က္မွာေဖာ္ျပပါ

တယ္။

ျမန္မာစစ္တပ္ကသိမ္းယူထားတဲ့ အာဏာကို ခ်က္ခ်င္းစြန႔္လႊတ္ဖို႔နဲ႔ ဖမ္းဆီးထိန္းသိမ္း

ထားတဲ့ တက္ႂကြလႈပ္ရွားသူေတြနဲ႔ တာဝန္ရွိပုဂၢိဳလ္ေတြကို ျပန္လႊတ္ေပးဖို႔ အေမရိကန္

သမၼတ ဂ်ိဳးဘိုင္ဒင္ကတိုက္တြန္းထားပါတယ္။

ဒါ့အျပင္ လြန္ခဲ့တဲ့ ဆယ္စုႏွစ္အတြင္း ျမန္မာႏိုင္ငံ တိုးတက္မႈေတြအေပၚအေျခခံၿပီး

ျပန္လည္႐ုပ္သိမ္းေပးခဲ့တဲ့ အေရးယူပိတ္ဆို႔မႈေတြကိုလည္း အျမန္ဆုံးျပန္လည္

သုံးသပ္ၿပီး သင့္ေတာ္တဲ့ အေရးယူမႈေတြ လုပ္ေဆာင္ရမယ္လို႔ သမၼတဂ်ိဳးဘိုင္ဒင္က

ေျပာထားပါတယ္။