စစ်တပ်အာဏာသိမ်းတဲ့ မြန်မာကို ဒဏ်ခတ်ဖို့ သမ္မတ Biden စဉ်းစားမည်

မြန်မာ စစ်တပ်က နိုင်ငံအာဏာကို လွှဲပြောင်းရယူပြီး နောက်မှာတော့ အမေရိကန်

ဘက်က မြန်မာ အပေါ် ထိုက်သင့်တဲ့ အရေးယူ လုပ်ဆောင်ဖို့နဲ့ ဒဏ်ခတ်ပိတ်ဆို့မှု

ဥပဒေတွေကို ပြန်လည် သုံးသပ်မယ်လို့ သမ္မတ Joe Biden က တနလာင်္နေ့မှာ

ပြောဆိုပါတယ်။

၁၀ နှစ်နီးပါးကာလအတွင်း မြန်မာပြည်သူတွေဟာ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး၊

အရပ်သားအုပ်ချုပ်မှုစနစ် ထူထောင်ရေးနဲ့ ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းနိုင်ရေး

အတွက် မရပ်မနား ဆောင်ရွက်ခဲ့ကြတယ်လို့ အမေရိကန် သမ္မတ Joe Biden က တန

လာင်္နေ့ ကြေညာချက်မှာ ပြောဆိုထားပါတယ်။


မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု အတွင်းမှာ အမေရိကန်ဘက်ကလည်း

မြန်မာ အပေါ် ဒဏ်ခတ် အရေးယူမှုတွေကို ဖယ်ရှားပေးခဲ့ကြောင်းလည်း သမ္မတက

ပြောဆိုပါတယ်။ ဒီတိုးတက်မှုတွေ နောက်ကြာင်းပြန်လှည့်တာကြောင့် အမေရိကန်ရဲ့

ဒဏ်ခတ်ပိတ်ဆို့မှုဆိုင်ရာ ဥပဒေတေကို ချက်ချင်း ပြန်လည် သုံးသပ်ဖို့ ဖြစ်လာစေပြီး

ထိုက်သင့်တဲ့ အရေးယူ ဆောင်ရွက်မှုတွေလည်း လိုအပ်လာမယ်လို့ သမ္မတက

ကြေညာချက်မှာ ပြောဆိုပြီး တခြားနိုင်ငံတွေက အလားတူ ဆောင်ရွက်ဖို့လည်း

တိုက်တွန်းထားပါတယ်။

မြန်မာ စစ်တပ်က နိုင်ငံအာဏာ ထိန်းချုပ်မှုကို အထူး စိုးရိမ်မကင်း ဖြစ်ကြောင်းနဲ့

ဖမ်းထားတဲ့ နိုင်ငံရေး ခေါင်းဆောင်တွေကို ပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂ၊ အမေရိကန်

ပြည်ထောင်စု အပြင် ကမ္ဘာတ၀န်း နိုင်ငံ အများအပြားက တောင်းဆိုထားတာပါ။

zawgyi

====================

ျမန္မာ စစ္တပ္က ႏိုင္ငံအာဏာကို လႊဲေျပာင္းရယူၿပီး ေနာက္မွာေတာ့ အေမရိကန္

ဘက္က ျမန္မာ အေပၚ ထိုက္သင့္တဲ့ အေရးယူ လုပ္ေဆာင္ဖို႔နဲ႔ ဒဏ္ခတ္ပိတ္ဆို႔မႈ

ဥပေဒေတြကို ျပန္လည္ သုံးသပ္မယ္လို႔ သမၼတ Joe Biden က တနလာေနၤ့မွာ

ေျပာဆိုပါတယ္။

၁၀ ႏွစ္နီးပါးကာလအတြင္း ျမန္မာျပည္သူေတြဟာ ေ႐ြးေကာက္ပြဲ က်င္းပႏိုင္ေရး၊

အရပ္သားအုပ္ခ်ဳပ္မႈစနစ္ ထူေထာင္ေရးနဲ႔ ၿငိမ္းခ်မ္းစြာ အာဏာလႊဲေျပာင္းႏိုင္ေရး

အတြက္ မရပ္မနား ေဆာင္႐ြက္ခဲ့ၾကတယ္လို႔ အေမရိကန္ သမၼတ Joe Biden က တန

လာေနၤ့ ေၾကညာခ်က္မွာ ေျပာဆိုထားပါတယ္။


ျမန္မာႏိုင္ငံရဲ႕ ဒီမိုကေရစီ အသြင္ကူးေျပာင္းမႈ အတြင္းမွာ အေမရိကန္ဘက္ကလည္း

ျမန္မာ အေပၚ ဒဏ္ခတ္ အေရးယူမႈေတြကို ဖယ္ရွားေပးခဲ့ေၾကာင္းလည္း သမၼတက

ေျပာဆိုပါတယ္။ ဒီတိုးတက္မႈေတြ ေနာက္ၾကာင္းျပန္လွည့္တာေၾကာင့္ အေမရိကန္ရဲ႕

ဒဏ္ခတ္ပိတ္ဆို႔မႈဆိုင္ရာ ဥပေဒေတကို ခ်က္ခ်င္း ျပန္လည္ သုံးသပ္ဖို႔ ျဖစ္လာေစၿပီး

ထိုက္သင့္တဲ့ အေရးယူ ေဆာင္႐ြက္မႈေတြလည္း လိုအပ္လာမယ္လို႔ သမၼတက

ေၾကညာခ်က္မွာ ေျပာဆိုၿပီး တျခားႏိုင္ငံေတြက အလားတူ ေဆာင္႐ြက္ဖို႔လည္း

တိုက္တြန္းထားပါတယ္။

ျမန္မာ စစ္တပ္က ႏိုင္ငံအာဏာ ထိန္းခ်ဳပ္မႈကို အထူး စိုးရိမ္မကင္း ျဖစ္ေၾကာင္းနဲ႔

ဖမ္းထားတဲ့ ႏိုင္ငံေရး ေခါင္းေဆာင္ေတြကို ျပန္လႊတ္ေပးဖို႔ ကုလသမဂၢ၊ အေမရိကန္

ျပည္ေထာင္စု အျပင္ ကမာၻတ၀န္း ႏိုင္ငံ အမ်ားအျပားက ေတာင္းဆိုထားတာပါ။