နိုင်ငံ့ခေါင်းဆောင်တွေကို ပြန်လွှတ်ပေးဖို့ KNU တိုက်တွန်း

နိုင်ငံ့ခေါင်းဆောင်တွေကို ပြန်လွှတ်ပေးဖို့ KNU တိုက်တွန်း
~~
နိုင်ငံ့ခေါင်းဆောင်တွေကို ဖမ်းဆီးပြီး တပ်မတော်က အာဏာသိမ်းလိုက်တဲ့အပေါ်

စိုးရိမ်ပြီး ဖမ်းဆီးခံထား ရသူတွေကို ချွင်းချက်မရှိပြန်လွှတ်ပေးဖို့နဲ့ နိုင်ငံရေးပြဿနာ

ကို တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ ကရင်အမျိုးသား အစည်းအရုံး KNU က

ကြေညာချက် ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။


စစ်တပ်က အာဏာသိမ်းလိုက်တာဟာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ကြီးမား

တဲ့ အဟန့်အတားဖြစ်စေပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းတဲ့

လုပ်ငန်းစဉ်အပေါ် အလေးအနက်မရှိတာကို ပြသလိုက် တာပဲလို့ KNU ရဲ့

ကြေညာချက် မှာ ဖော်ပြထားပါတယ်။


KNU အနေနဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊ ဒီမိုကရေစီ အသွင်

ကူးပြောင်းရေးအတွက် ပြည်သူတွေ နဲ့အတူ ရပ်တည်သွားမှာ ဖြစ်တယ်လို့လည်း

ပြောပါတယ်။

zawgyi

====================

ႏိုင္ငံ့ေခါင္းေဆာင္ေတြကို ျပန္လႊတ္ေပးဖို႔ KNU တိုက္တြန္း
~~
ႏိုင္ငံ့ေခါင္းေဆာင္ေတြကို ဖမ္းဆီးၿပီး တပ္မေတာ္က အာဏာသိမ္းလိုက္တဲ့အေပၚ

စိုးရိမ္ၿပီး ဖမ္းဆီးခံထား ရသူေတြကို ခြၽင္းခ်က္မရွိျပန္လႊတ္ေပးဖို႔နဲ႔ ႏိုင္ငံေရးျပႆနာ

ကို ေတြ႕ဆုံေဆြးေႏြးအေျဖရွာဖို႔ ကရင္အမ်ိဳးသား အစည္းအ႐ုံး KNU က

ေၾကညာခ်က္ ထုတ္ျပန္ တိုက္တြန္းလိုက္ပါတယ္။


စစ္တပ္က အာဏာသိမ္းလိုက္တာဟာ ဒီမိုကေရစီအသြင္ကူးေျပာင္းေရးကို ႀကီးမား

တဲ့ အဟန႔္အတားျဖစ္ေစၿပီး ႏိုင္ငံေရးျပႆနာကို ႏိုင္ငံေရးနည္းလမ္းနဲ႔ ေျဖရွင္းတဲ့

လုပ္ငန္းစဥ္အေပၚ အေလးအနက္မရွိတာကို ျပသလိုက္ တာပဲလို႔ KNU ရဲ႕

ေၾကညာခ်က္ မွာ ေဖာ္ျပထားပါတယ္။


KNU အေနနဲ႔ ဖက္ဒရယ္ျပည္ေထာင္စုတည္ေဆာက္ေရး၊ ဒီမိုကေရစီ အသြင္

ကူးေျပာင္းေရးအတြက္ ျပည္သူေတြ နဲ႔အတူ ရပ္တည္သြားမွာ ျဖစ္တယ္လို႔လည္း

ေျပာပါတယ္။