
စစ်တပ်ရဲ့ လုပ်ဆောင်မှုတွေ နောက်ပြန်ဆုတ်ဖို့ အမေရိကန် နိုင်ငံခြားရေး ကြေညာချက် ထုတ်
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အရပ်သားအစိုးရခေါင်းဆောင်တွေနဲ့ အရပ်ဘက်
လူမှု အဖွဲ့အစည်း ခေါင်းဆောင် တချို့ ကို တပ်မတော်က ဖမ်းဆီးထိန်းသိမ်းတဲ့ အပေါ်
စိုးရိမ် သောက ရောက်ကြောင်းနဲ့ ၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲမှာ ဒီမိုကရေစီ
ထုတ်ဖော် ပြသခဲ့တဲ့ မြန်မာနိုင်ငံသားတွေရဲ့ ဆန္ဒကို လေးစား လိုက်နာဖို့ နဲ့ ဖမ်းဆီး
ထားသူတွေကို ပြန်လွှတ်ဖို့ တောင်းဆိုကြောင်း အမေရိကန် နိုင်ငံခြားရေး ဌာနက
သတင်းထုတ်ပြန်လိုက်ပါတယ်။
တပ်မတော် အနေနဲ့ အခုလို ပြုမူ ဆောင်ရွက်နေတာတွေကို ချက်ချင်း နောက်ပြန်
ဆုတ်ဖို့လည်း ထုတ်ပြန် ချက် မှာ ပါရှိပါတယ်။
zawgyi
================