ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ ဝန်ကြီးချုပ်တွေကို တပ်မတော်ဖမ်းဆီ

ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ ဝန်ကြီးချုပ်တွေကို တပ်မတော်ဖမ်းဆီး
~~~~~~

■ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်

အပါအဝင် NLD အစိုးရခေါင်းဆောင်တွေ၊ ပြည်နယ်နဲ့တိုင်း ဝန်ကြီးချုပ်တွေကို

တပ်မတော်က ဒီကနေ့ မနက်အစောပိုင်းမှာ ဖမ်းဆီးထိန်းသိမ်းလိုက်ပြီလို့ RFA က

သတင်းရရှိပါတယ်။

NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကို RFA က ဆက်သွယ်မေးမြန်းရာ

မှာ…


“ကျနော်တို့ပါတီက လူတွေကို စစ်တပ်က လိုက်ခေါ်နေပြီ၊ နိုင်ငံတော်အတိုင်ပင်ခံ

ပုဂ္ဂိုလ်နဲ့ သမ္မတကြီးတို့ကို စစ်တပ်က ထိန်းသိမ်းလိုက်ပြီလို့ ကြားတယ်။ နောက်

ရှမ်းပြည်နယ်က ဝန်ကြီး ဦးစိုးညွန့်လွင်၊ ကယားပြည်နယ် NLD ဥက္ကဋ္ဌ ဦးသောင်းဌေး၊

လင်းခေးမြို့နယ် ဥက္ကဋ္ဌ၊ တိုင်းလွှတ်တော် ကိုယ်စားလှယ်တွေနဲ့ NLD ဗဟိုကော်မတီ

ဝင်ထဲက ဦးဟံသာမြင့်နဲ့ ဦးသိန်းလွင်တို့ကို ထိန်းသိမ်းတယ်လို့ ကြားတယ်။ ကျနော့်ဆီ

လည်း လာဖမ်းမယ်ဆိုလို့ စောင့်နေတယ်” လို့ ပြောပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ တတိယအကြိမ် ပြည်သူ့လွှတ်တော် စတင်ခေါ်ယူမယ့်နေ့

မနက်လင်းအားကြီးမှာ အခုလို အဖမ်းအဆီး သတင်းတွေ ထွက်ပေါ်လာတာပါ။

NLD ပြောခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က “ဖမ်းရတဲ့ အကြောင်းပြချက်ကတော့ သူတို့

ကတော့ မဲစာရင်းကြောင့်ဆိုပြီးပဲ အကြောင်းပြချက်ပေးမှာပဲ၊ ကျနော်တို့ကတော့

ဥပဒေနဲ့ အညီပဲဖြစ်စေချင်ပါတယ်၊ စစ်တပ်က လက်နက်ကိုင်အဖွဲ့ဆိုတော့ သူတို့ လုပ်

ချင်ရာ လုပ်ခွင့်ရှိနေတာပဲ” လို့ ပြောပါတယ်။


“ပြည်သူတွေ တည်ငြိမ်ကြပါ၊ စိတ်ခံစားမှုနဲ့ မတုံ့ပြန်စေချင်ပါဘူး၊ တစ်စုံတစ်ရာ လုပ်

မယ်ဆိုလည်း ဥပဒေနဲ့ အညီလုပ်ကြစေလိုပါတယ်” လို့လည်း ဒေါက်တာမျိုးညွန့်က

ပြောပါတယ်။

လောလောဆယ်အထိ RFA က စုံစမ်းသိရှိရသလောက် ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦး

ဖြိုးမင်းသိန်း၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ မွန်ပြည်နယ်

ဝန်ကြီးချုပ် ဒေါက်တာအေးဇံ အပါအဝင် ပြည်နယ်နဲ့တိုင်း ဝန်ကြီးချုပ် အတော်များ

များကိုလည်း ဒီကနေ့ မနက်ပိုင်းမှာ ဖမ်းဆီးသွားပြီလို့ သတင်းရရှိပါတယ်။

ဒါ့ပြင် နိုင်ငံ‌ရေးလှုပ်ရှားသူ တချို့နဲ့ ဗကသ ကျောင်းသားခေါင်းဆောင် တချို့ကို

လည်း စစ်တပ်က ဖမ်းဆီးသွားပြီလို့ သိရပါတယ်။

zawgyi

==================

ေဒၚေအာင္ဆန္းစုၾကည္၊ သမၼတဦးဝင္းျမင့္နဲ႔ ဝန္ႀကီးခ်ဳပ္ေတြကို တပ္မေတာ္ဖမ္းဆီး
~~~~~~

■ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သမၼတဦးဝင္းျမင့္

အပါအဝင္ NLD အစိုးရေခါင္းေဆာင္ေတြ၊ ျပည္နယ္နဲ႔တိုင္း ဝန္ႀကီးခ်ဳပ္ေတြကို

တပ္မေတာ္က ဒီကေန႔ မနက္အေစာပိုင္းမွာ ဖမ္းဆီးထိန္းသိမ္းလိုက္ၿပီလို႔ RFA က

သတင္းရရွိပါတယ္။

NLD ပါတီ ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာမ်ိဳးၫြန႔္ကို RFA က ဆက္သြယ္ေမးျမန္းရာ

မွာ…


“က်ေနာ္တို႔ပါတီက လူေတြကို စစ္တပ္က လိုက္ေခၚေနၿပီ၊ ႏိုင္ငံေတာ္အတိုင္ပင္ခံ

ပုဂၢိဳလ္နဲ႔ သမၼတႀကီးတို႔ကို စစ္တပ္က ထိန္းသိမ္းလိုက္ၿပီလို႔ ၾကားတယ္။ ေနာက္

ရွမ္းျပည္နယ္က ဝန္ႀကီး ဦးစိုးၫြန႔္လြင္၊ ကယားျပည္နယ္ NLD ဥကၠ႒ ဦးေသာင္းေဌး၊

လင္းေခးၿမိဳ႕နယ္ ဥကၠ႒၊ တိုင္းလႊတ္ေတာ္ ကိုယ္စားလွယ္ေတြနဲ႔ NLD ဗဟိုေကာ္မတီ

ဝင္ထဲက ဦးဟံသာျမင့္နဲ႔ ဦးသိန္းလြင္တို႔ကို ထိန္းသိမ္းတယ္လို႔ ၾကားတယ္။ က်ေနာ့္ဆီ

လည္း လာဖမ္းမယ္ဆိုလို႔ ေစာင့္ေနတယ္” လို႔ ေျပာပါတယ္။

ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ တတိယအႀကိမ္ ျပည္သူ႔လႊတ္ေတာ္ စတင္ေခၚယူမယ့္ေန႔

မနက္လင္းအားႀကီးမွာ အခုလို အဖမ္းအဆီး သတင္းေတြ ထြက္ေပၚလာတာပါ။

NLD ေျပာခြင့္ရွိသူ ေဒါက္တာမ်ိဳးၫြန႔္က “ဖမ္းရတဲ့ အေၾကာင္းျပခ်က္ကေတာ့ သူတို႔

ကေတာ့ မဲစာရင္းေၾကာင့္ဆိုၿပီးပဲ အေၾကာင္းျပခ်က္ေပးမွာပဲ၊ က်ေနာ္တို႔ကေတာ့

ဥပေဒနဲ႔ အညီပဲျဖစ္ေစခ်င္ပါတယ္၊ စစ္တပ္က လက္နက္ကိုင္အဖြဲ႕ဆိုေတာ့ သူတို႔ လုပ္

ခ်င္ရာ လုပ္ခြင့္ရွိေနတာပဲ” လို႔ ေျပာပါတယ္။


“ျပည္သူေတြ တည္ၿငိမ္ၾကပါ၊ စိတ္ခံစားမႈနဲ႔ မတုံ႔ျပန္ေစခ်င္ပါဘူး၊ တစ္စုံတစ္ရာ လုပ္

မယ္ဆိုလည္း ဥပေဒနဲ႔ အညီလုပ္ၾကေစလိုပါတယ္” လို႔လည္း ေဒါက္တာမ်ိဳးၫြန႔္က

ေျပာပါတယ္။

ေလာေလာဆယ္အထိ RFA က စုံစမ္းသိရွိရသေလာက္ ရန္ကုန္တိုင္း ဝန္ႀကီးခ်ဳပ္ ဦး

ၿဖိဳးမင္းသိန္း၊ ကရင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒၚနန္းခင္ေထြးျမင့္၊ မြန္ျပည္နယ္

ဝန္ႀကီးခ်ဳပ္ ေဒါက္တာေအးဇံ အပါအဝင္ ျပည္နယ္နဲ႔တိုင္း ဝန္ႀကီးခ်ဳပ္ အေတာ္မ်ား

မ်ားကိုလည္း ဒီကေန႔ မနက္ပိုင္းမွာ ဖမ္းဆီးသြားၿပီလို႔ သတင္းရရွိပါတယ္။

ဒါ့ျပင္ ႏိုင္ငံ‌ေရးလႈပ္ရွားသူ တခ်ိဳ႕နဲ႔ ဗကသ ေက်ာင္းသားေခါင္းေဆာင္ တခ်ိဳ႕ကို

လည္း စစ္တပ္က ဖမ္းဆီးသြားၿပီလို႔ သိရပါတယ္။