နိုင်ငံတော်သမ္မတနဲ့ UEC ဥက္ကဋ္ဌ စာချွန်တော်အမှု ဒီနေ့ စီရင်ချက်မချ နေပြည်တော်၊ ဇန်နဝါရီ ၂၉

နိုင်ငံတော်သမ္မတနဲ့ UEC ဥက္ကဋ္ဌ စာချွန်တော်အမှု ဒီနေ့ စီရင်ချက်မချ
နေပြည်တော်၊ ဇန်နဝါရီ ၂၉

နေပြည်တော် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှာ ဒီနေ့ ဇန်နဝါရီလ ၂၉ရက်နေ့

အတွက် ရာဇဝတ်ဆိုင်ရာအမှုတွေ၊ တရားမဆိုင်ရာအမှုတွေနဲ့ စာချွန်တော်ဆိုင်ရာအမှု

တွေ စီရင်ချက်ချမှတ်တာမရှိဘူးလို့ ပြည်ထောင်စုလွှတ်တော်ချုပ်ရုံးရဲ့ ဝက်ဆိုက်

စာမျက်နှာမှာ ကြေညာထားပါတယ်။


နိုင်ငံတော်သမ္မတအပါအဝင် လေးဦးနဲ့ UEC ဥက္ကဋ္ဌအပါအဝင် ၁၅ဦးတို့ကို Video

conferencing နဲ့ အမှုကြားနာဖို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးက အခုလ

အစောပိုင်းက ကြိုတင်သတိပေးခဲ့တာ ဖြစ်ပါတယ်။


သမ္မတ ဦးဝင်းမြင့်အပါအဝင် လေးဦးကို မန္တလေးက အမျိုးသားရေးရှေ့နေ ဦးဇော်ဝိ

တ်က စာချွန်တော်လျှောက်ထားခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦး

လှသိန်းအပါအဝင် ၁၅ဦးကိုတော့ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦး

စိုးမောင်နဲ့ ပြည်ခိုင်ဖြိုးပါတီတို့က စာချွန်တော်လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။


သမ္မတနဲ့ UEC ဥက္ကဋ္ဌတို့ကို အမှုကြားနာမယ့် ဒီနေ့မှာပဲ ပြည်ခိုင်ဖြိုးပါတီဝန်းရံသူတွေ

က နေပြည်တော် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးအနီးမှာ လှည့်လည်

အင်အားပြနေကြတဲ့အတွက် ရဲတပ်ဖွဲ့က လုံခြုံရေးတင်းကြပ်ထားတယ်လို့လည်း သိရ

ပါတယ်။


ဒီနေ့ ဇန်နဝါရီ ၂၉ရက်နေ့မှာတော့ စီရင်ချက်မချဘူးလို့ ပြည်ထောင်စုတရား

လွှတ်တော်ချုပ်ရုံးက ကြေညာခဲ့ပေမယ့် အမှုကို ဘယ်နေ့မှာ ဆက်လက်စစ်ဆေးမယ်

လို့တော့ ကြေညာထားတာကို မတွေ့ရသေးပါဘူး။

zawgyi

===============

ႏိုင္ငံေတာ္သမၼတနဲ႔ UEC ဥကၠ႒ စာခြၽန္ေတာ္အမႈ ဒီေန႔ စီရင္ခ်က္မခ်
ေနျပည္ေတာ္၊ ဇန္နဝါရီ ၂၉

ေနျပည္ေတာ္ ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္႐ုံးမွာ ဒီေန႔ ဇန္နဝါရီလ ၂၉ရက္ေန႔

အတြက္ ရာဇဝတ္ဆိုင္ရာအမႈေတြ၊ တရားမဆိုင္ရာအမႈေတြနဲ႔ စာခြၽန္ေတာ္ဆိုင္ရာအမႈ

ေတြ စီရင္ခ်က္ခ်မွတ္တာမရွိဘူးလို႔ ျပည္ေထာင္စုလႊတ္ေတာ္ခ်ဳပ္႐ုံးရဲ႕ ဝက္ဆိုက္

စာမ်က္ႏွာမွာ ေၾကညာထားပါတယ္။


ႏိုင္ငံေတာ္သမၼတအပါအဝင္ ေလးဦးနဲ႔ UEC ဥကၠ႒အပါအဝင္ ၁၅ဦးတို႔ကို Video

conferencing နဲ႔ အမႈၾကားနာဖို႔ ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္႐ုံးက အခုလ

အေစာပိုင္းက ႀကိဳတင္သတိေပးခဲ့တာ ျဖစ္ပါတယ္။


သမၼတ ဦးဝင္းျမင့္အပါအဝင္ ေလးဦးကို မႏၲေလးက အမ်ိဳးသားေရးေရွ႕ေန ဦးေဇာ္ဝိ

တ္က စာခြၽန္ေတာ္ေလွ်ာက္ထားခဲ့ၿပီး ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ဥကၠ႒ ဦး

လွသိန္းအပါအဝင္ ၁၅ဦးကိုေတာ့ အမ်ိဳးသားႏိုင္ငံေရးဒီမိုကရက္တစ္ပါတီဥကၠ႒ ဦး

စိုးေမာင္နဲ႔ ျပည္ခိုင္ၿဖိဳးပါတီတို႔က စာခြၽန္ေတာ္ေလွ်ာက္ထားခဲ့တာ ျဖစ္ပါတယ္။


သမၼတနဲ႔ UEC ဥကၠ႒တို႔ကို အမႈၾကားနာမယ့္ ဒီေန႔မွာပဲ ျပည္ခိုင္ၿဖိဳးပါတီဝန္းရံသူေတြ

က ေနျပည္ေတာ္ ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္႐ုံးအနီးမွာ လွည့္လည္

အင္အားျပေနၾကတဲ့အတြက္ ရဲတပ္ဖြဲ႕က လုံၿခဳံေရးတင္းၾကပ္ထားတယ္လို႔လည္း သိရ

ပါတယ္။


ဒီေန႔ ဇန္နဝါရီ ၂၉ရက္ေန႔မွာေတာ့ စီရင္ခ်က္မခ်ဘူးလို႔ ျပည္ေထာင္စုတရား

လႊတ္ေတာ္ခ်ဳပ္႐ုံးက ေၾကညာခဲ့ေပမယ့္ အမႈကို ဘယ္ေန႔မွာ ဆက္လက္စစ္ေဆးမယ္

လို႔ေတာ့ ေၾကညာထားတာကို မေတြ႕ရေသးပါဘူး။