အောင်လအန်ဆန်နှင့် ဗစ်တာလီဘစ်ဒက်ရှ်တို့ ဧပြီ ၂၁ ရက်တွင် ထိုးသတ်မည်

အောင်လအန်ဆန်နှင့် ဗစ်တာလီဘစ်ဒက်ရှ်တို့ ဧပြီ ၂၁ ရက်တွင် ထိုးသတ်မည်
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗

ရန်ကုန် ဇန်နဝါရီ ၂၈

မြန်မာ MMA ကစားသမား အောင်လအန်ဆန်နှင့် ရုရှားနိုင်ငံသား ဗစ်တာလီဘစ်ဒက်

ရှ်တို့၏ ONE မစ်ဒယ် ဝိတ်တန်းစိန်ခေါ်ပွဲကို ဧပြီ (၂၁ ) ရက်နေ့တွင် ကျင်းပသွား မည်

ဖြစ်သည်။

ONE မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို လက်လွှတ်ခဲ့ရသည့် အောင်လအန်

ဆန်အတွက် ချန်ပီယံဆုအား ပြန်လည်စိန်ခေါ်နိုင်ရန်အတွက် ပထမခြေလှမ်း အဖြစ် ဗ

စ်တာလီဘစ်ဒက်ရှ်နှင့် ယှဉ်ပြိုင်ထိုးသတ်ရခြင်း ဖြစ်သည်။ အောင်လအန်ဆန်နှင့်

ဗစ်တာလီဘစ်ဒက်ရှ်သည် ကမ္ဘာ့ချန်ပီယံဟောင်းများဖြစ်ပြီး သုံးကြိမ်မြောက်

တွေ့ဆုံခြင်းဖြစ်သည်။ ပြီးခဲ့သည့် နှစ်ကြိမ်တွင် တစ်ပွဲစီအပြန်အလှန် အနိုင်ရထားပြီး

အောင်လအန်ဆန်သည် ဘစ်ဒက်ရှ်နှင့် ဒုတိယအကြိမ် တွေ့ဆုံသည့်ပွဲတွင် အမှတ်ဖြင့်

အနိုင်ရကာ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ဖြစ်လာခြင်း ဖြစ်သည်။


အောင်လအန်ဆန်သည် ၂၀၂၀ အောက်တိုဘာ လက ထိုးသတ်သည့်ပွဲတွင် နယ်

သာလန်နိုင်ငံသား ဒီရစ်ဒါကို အရေးနိမ့်ပြီး မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ဆုအား

လက်လွှတ်ခဲ့ရခြင်းဖြစ်သည်။ အောင်လအန်ဆန်နှင့် ဗစ်တာလီဘစ်ဒက်ရှ်တို့ပွဲမှ

အနိုင်ရသူမှာ ဒီရစ်ဒါ အား စိန်ခေါ်ထိုးသတ်ခွင့်ရဖွယ်ရှိနေသည်။ ONE

Championship သည် ဧပြီတွင် ပြိုင်ပွဲ လေးခု ကျင်းပရန် စီစဉ်ထားပြီး ဧပြီ ၇၊ ၁၄၊

၂၁ ရက် တွင် ပြုလုပ်သွားမည် ဖြစ်သည်။

ယင်းပြိုင်ပွဲများတွင် ချန်ပီယံကာကွယ်ပွဲများနှင့် နာမည်ကြီး ကစားသမားများ၏

စိန်ခေါ်ပွဲများ ပါဝင်မည်ဖြစ်ပြီး ဧပြီ (၂၁) ရက်တွင်ပြုလုပ်မည့် ONE ON TNT III

အမည်ရပြိုင်ပွဲတွင် အောင်လ အန်ဆန်နှင့် ဘစ်ဒက်ရှ်ပွဲကို အဓိကတွဲဆိုင်းအဖြစ်

ကျင်းပမည်ဖြစ်သည်။

ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်
#Myanmaalinn

zawgyi

================

ေအာင္လအန္ဆန္ႏွင့္ ဗစ္တာလီဘစ္ဒက္ရွ္တို႔ ဧၿပီ ၂၁ ရက္တြင္ ထိုးသတ္မည္
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗

ရန္ကုန္ ဇန္နဝါရီ ၂၈

ျမန္မာ MMA ကစားသမား ေအာင္လအန္ဆန္ႏွင့္ ႐ုရွားႏိုင္ငံသား ဗစ္တာလီဘစ္ဒက္

ရွ္တို႔၏ ONE မစ္ဒယ္ ဝိတ္တန္းစိန္ေခၚပြဲကို ဧၿပီ (၂၁ ) ရက္ေန႔တြင္ က်င္းပသြား မည္

ျဖစ္သည္။

ONE မစ္ဒယ္ဝိတ္တန္း ကမာၻ႔ခ်န္ပီယံဆုကို လက္လႊတ္ခဲ့ရသည့္ ေအာင္လအန္

ဆန္အတြက္ ခ်န္ပီယံဆုအား ျပန္လည္စိန္ေခၚႏိုင္ရန္အတြက္ ပထမေျခလွမ္း အျဖစ္ ဗ

စ္တာလီဘစ္ဒက္ရွ္ႏွင့္ ယွဥ္ၿပိဳင္ထိုးသတ္ရျခင္း ျဖစ္သည္။ ေအာင္လအန္ဆန္ႏွင့္

ဗစ္တာလီဘစ္ဒက္ရွ္သည္ ကမာၻ႔ခ်န္ပီယံေဟာင္းမ်ားျဖစ္ၿပီး သုံးႀကိမ္ေျမာက္

ေတြ႕ဆုံျခင္းျဖစ္သည္။ ၿပီးခဲ့သည့္ ႏွစ္ႀကိမ္တြင္ တစ္ပြဲစီအျပန္အလွန္ အႏိုင္ရထားၿပီး

ေအာင္လအန္ဆန္သည္ ဘစ္ဒက္ရွ္ႏွင့္ ဒုတိယအႀကိမ္ ေတြ႕ဆုံသည့္ပြဲတြင္ အမွတ္ျဖင့္

အႏိုင္ရကာ မစ္ဒယ္ဝိတ္တန္း ကမာၻ႔ခ်န္ပီယံ ျဖစ္လာျခင္း ျဖစ္သည္။


ေအာင္လအန္ဆန္သည္ ၂၀၂၀ ေအာက္တိုဘာ လက ထိုးသတ္သည့္ပြဲတြင္ နယ္

သာလန္ႏိုင္ငံသား ဒီရစ္ဒါကို အေရးနိမ့္ၿပီး မစ္ဒယ္ဝိတ္တန္း ကမာၻ႔ခ်န္ပီယံ ဆုအား

လက္လႊတ္ခဲ့ရျခင္းျဖစ္သည္။ ေအာင္လအန္ဆန္ႏွင့္ ဗစ္တာလီဘစ္ဒက္ရွ္တို႔ပြဲမွ

အႏိုင္ရသူမွာ ဒီရစ္ဒါ အား စိန္ေခၚထိုးသတ္ခြင့္ရဖြယ္ရွိေနသည္။ ONE

Championship သည္ ဧၿပီတြင္ ၿပိဳင္ပြဲ ေလးခု က်င္းပရန္ စီစဥ္ထားၿပီး ဧၿပီ ၇၊ ၁၄၊

၂၁ ရက္ တြင္ ျပဳလုပ္သြားမည္ ျဖစ္သည္။

ယင္းၿပိဳင္ပြဲမ်ားတြင္ ခ်န္ပီယံကာကြယ္ပြဲမ်ားႏွင့္ နာမည္ႀကီး ကစားသမားမ်ား၏

စိန္ေခၚပြဲမ်ား ပါဝင္မည္ျဖစ္ၿပီး ဧၿပီ (၂၁) ရက္တြင္ျပဳလုပ္မည့္ ONE ON TNT III

အမည္ရၿပိဳင္ပြဲတြင္ ေအာင္လ အန္ဆန္ႏွင့္ ဘစ္ဒက္ရွ္ပြဲကို အဓိကတြဲဆိုင္းအျဖစ္

က်င္းပမည္ျဖစ္သည္။

ညီျမတ္ေသာ္တာ
ဓာတ္ပုံ-ဖိုးေသာ္ဇင္
#Myanmaalinn