ကျောက်ဖြူမြို့နယ်ရှိ ကျန်းမာ‌ရေးဝန်ထမ်းများအား ကိုဗစ်ကာကွယ်ဆေးများကို စတင်ထိုးနှံပေးလျက်ရှိ

ကျောက်ဖြူမြို့နယ်ရှိ ကျန်းမာ‌ရေးဝန်ထမ်းများအား ကိုဗစ်ကာကွယ်ဆေးများကို စတင်ထိုးနှံပေးလျက်ရှိ
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗

ဇန်နဝါရီ (၂၇)

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ကျန်းမာ‌ရေးဝန်ထမ်း

များအား ကိုဗစ်ကာကွယ် ဆေးများကို ယနေ့ နံနက်(၉) နာရီက ပထမဦးဆုံး စတင်

ထိုးနှံပေးလျက်ရှိကြောင်း ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဆေးရုံအုပ်ကြီး

ဒေါက်တာ ရဲလွင်မောင် ထံမှ သိရသည်။


ကျောက်ဖြူခရိုင်ပြည်သူ့ဆေးရုံကြီးတွင် လက်ရှိစာရင်းအရ ကျန်းမာရေးဝန်ထမ်း

၃၆၃ ဦးရှိပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာန၊ တိုင်းရင်းဆေး

ဦးစီးဌာန၊ အားကစားနှင့် ကာယ ပညာဦးစီးဌာန စသည့်ဌာနများမှ ကိုယ်ဝန်ဆောင်

မိခင်နှင့် နို့တိုက်မိခင်မှအပ ကျန်ရှိသည့်ဝန်ထမ်း များကို ဇန်နဝါရီ(၂၇)ရက်နှင့်

(၂၈)ရက် တို့တွင် လမ်းညွှန်ချက်များနှင့်အညီ စုရပ်တစ်ခု၌ နေရာ ၅ နေရာခွဲ၍ ထိုးနှံ

ပေးလျှက်ရှိရာ ယနေ့နံနက်ပိုင်းတွင် သမားတော်နှင့် ဝန်ထမ်း ၅၀ ဦးတို့အား စတင်ထိုး

နှံပေးလျှက်ရှိကြောင်း ခရိုင်ပြည်သူ့ကျန်းမာရေးဌာနမှ သိရသည်။

#တင်ထွန်းဦး၊ ဖြိုးဝေလင်း
#IPRD Kyaukpyu

zawgyi

==============

ေက်ာက္ျဖဴၿမိဳ႕နယ္ရွိ က်န္းမာ‌ေရးဝန္ထမ္းမ်ားအား ကိုဗစ္ကာကြယ္ေဆးမ်ားကို စတင္ထိုးႏွံေပးလ်က္ရွိ
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗

ဇန္နဝါရီ (၂၇)

ရခိုင္ျပည္နယ္၊ ေက်ာက္ျဖဴၿမိဳ႕၊ ခ႐ိုင္ျပည္သူ႔ေဆး႐ုံႀကီးတြင္ က်န္းမာ‌ေရးဝန္ထမ္း

မ်ားအား ကိုဗစ္ကာကြယ္ ေဆးမ်ားကို ယေန႔ နံနက္(၉) နာရီက ပထမဦးဆုံး စတင္

ထိုးႏွံေပးလ်က္ရွိေၾကာင္း ခ႐ိုင္ျပည္သူ႔က်န္းမာေရး ဦးစီးဌာနမွ ေဆး႐ုံအုပ္ႀကီး

ေဒါက္တာ ရဲလြင္ေမာင္ ထံမွ သိရသည္။


ေက်ာက္ျဖဴခ႐ိုင္ျပည္သူ႔ေဆး႐ုံႀကီးတြင္ လက္ရွိစာရင္းအရ က်န္းမာေရးဝန္ထမ္း

၃၆၃ ဦးရွိၿပီး ျပည္သူ႔က်န္းမာေရးဦးစီးဌာန၊ ကုသေရးဦးစီးဌာန၊ တိုင္းရင္းေဆး

ဦးစီးဌာန၊ အားကစားႏွင့္ ကာယ ပညာဦးစီးဌာန စသည့္ဌာနမ်ားမွ ကိုယ္ဝန္ေဆာင္

မိခင္ႏွင့္ ႏို႔တိုက္မိခင္မွအပ က်န္ရွိသည့္ဝန္ထမ္း မ်ားကို ဇန္နဝါရီ(၂၇)ရက္ႏွင့္

(၂၈)ရက္ တို႔တြင္ လမ္းၫႊန္ခ်က္မ်ားႏွင့္အညီ စုရပ္တစ္ခု၌ ေနရာ ၅ ေနရာခြဲ၍ ထိုးႏွံ

ေပးလွ်က္ရွိရာ ယေန႔နံနက္ပိုင္းတြင္ သမားေတာ္ႏွင့္ ဝန္ထမ္း ၅၀ ဦးတို႔အား စတင္ထိုး

ႏွံေပးလွ်က္ရွိေၾကာင္း ခ႐ိုင္ျပည္သူ႔က်န္းမာေရးဌာနမွ သိရသည္။

#တင္ထြန္းဦး၊ ၿဖိဳးေဝလင္း
#IPRD Kyaukpyu