လမ်းဘေး၌ ရပ်တန့်ထားသော ၁၂ ဘီးယာဉ်အား နောက်မှလာသည့် (၁၂)ဘီးယာဉ်က ဝင်ရောက်တိုက်မိရာ ယာဉ်မောင်းသေဆုံး

လမ်းဘေး၌ ရပ်တန့်ထားသော ၁၂ ဘီးယာဉ်အား နောက်မှလာသည့် (၁၂)ဘီးယာဉ်က ဝင်ရောက်တိုက်မိရာ ယာဉ်မောင်းသေဆုံး
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗
ကျောက်တံခါး၊ ဇန်နဝါရီ (၂၁)

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်၊ ကျောက်တံခါးမြို့မရဲစခန်းအပိုင် ရန်ကုန်-

မန္တလေး ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် ၁၀၁/၅ နှင့် ၆ အကြား ရင်းတိုက်

ကုန်းကျေးရွာအုပ်စု အလယ်ကျွန်းကျေးရွာအနီး၌ ဇန်နဝါရီ ၂၁ ရက်၊ နံနက် ၆ နာရီခ

န့်က လမ်းဘေး၌ရပ်တန့်ထားသည့် (၁၂)ဘီးယာဉ်အား နောက်မှလာသည့် (၁၂)ဘီး

ယာဉ်က ဝင်ရောက်တိုက်မိရာ ယာဉ်မောင်းတစ်ဦးသေဆုံးမှု ဖြစ်ပွားခဲ့သည်။


ဖြစ်စဉ်မှာ ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ ယာဉ်မောင်းကျော်စိုးနိုင်၂၅နှစ် မင်းရွာ

ကျေးရွာ ရွှေဘိုမြို့နယ်နေသူ မောင်းနှင်ပြီး ယာဉ်ပေါ်တွင် ဝင်းမင်းသန်း

၄၃နှစ်(ယာဉ်မောင်း) မြတောင်ရပ်ကွက် ရွှေဘိုမြို့နယ်နေသူတို့ လိုက်ပါစီးနင်းလာ

သော 3H/—–NISSAN DIESEL (၁၂)ဘီးအဖြူရောင်ယာဉ်သည်၊ ရှေ့မှ ၃၆ပေ

ကျယ်ဝန်းသောလမ်း၏ ယာဘက်ခြမ်း လမ်းပုခုံးမြေသားလမ်းနှင့် ကပ်လျက်ရပ်တန့်

ထားသော အမည်မသိ (၁၂)ဘီးယာဉ်(စုံစမ်းဆဲ)၏ နောက်ဖင်မီးအား ဝင်ရောက်တိုက်

မိခဲ့ရာ မော်တော်ယာဉ်မောင်း ကျော်စိုးနိုင်တွင် ဒဏ်ရာများရရှိ၍ ကျောက်တံခါး

မြို့နယ် ပြည်သူ့ဆေးရုံသို့ပို့ဆောင်ဆေးကုသစဉ် သေဆုံးခဲ့သည်။ ယာဉ်ပေါ်ပါသူ ဝင်း

မင်းသန်းတွင် ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ပြီး ယာဉ်မှာရှေ့လေကာမှန်ကွဲ ယာဉ်ဦးခေါင်း

ပိုင်းကြေမွပျက်စီးခဲ့သည်။


ဖြစ်စဉ်နှင့်ပတ်သက်၍ ကျောက်တံခါးမြို့မရဲစခန်းက ယာဉ်အား အရမ်းမဲ့ပေါ့လျော့

စွာ မောင်းနှင်သူ ယာဉ်မောင်းကျော်စိုးနိုင်(သေဆုံး)အား အမှုဖွင့်အရေးယူကာ ဒုရဲအုပ်

ကျော်ဆန်းဦးမှ စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်းသိရသည်။

Credit; ခင်ကို(ကျောက်တံခါး)

Source From; Myanmaalinn

zawgyi

=================

လမ္းေဘး၌ ရပ္တန္႔ထားေသာ ၁၂ ဘီးယာဥ္အား ေနာက္မွလာသည့္ (၁၂)ဘီးယာဥ္က ဝင္ေရာက္တိုက္မိရာ ယာဥ္ေမာင္းေသဆုံး
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗
ေက်ာက္တံခါး၊ ဇန္နဝါရီ (၂၁)

ပဲခူးတိုင္းေဒသႀကီး ေက်ာက္တံခါးၿမိဳ႕နယ္၊ ေက်ာက္တံခါးၿမိဳ႕မရဲစခန္းအပိုင္ ရန္ကုန္-

မႏၲေလး ျပည္ေထာင္စုလမ္းမႀကီး မိုင္တိုင္အမွတ္ ၁၀၁/၅ ႏွင့္ ၆ အၾကား ရင္းတိုက္

ကုန္းေက်း႐ြာအုပ္စု အလယ္ကြၽန္းေက်း႐ြာအနီး၌ ဇန္နဝါရီ ၂၁ ရက္၊ နံနက္ ၆ နာရီခ

န္႔က လမ္းေဘး၌ရပ္တန္႔ထားသည့္ (၁၂)ဘီးယာဥ္အား ေနာက္မွလာသည့္ (၁၂)ဘီး

ယာဥ္က ဝင္ေရာက္တိုက္မိရာ ယာဥ္ေမာင္းတစ္ဦးေသဆုံးမႈ ျဖစ္ပြားခဲ့သည္။


ျဖစ္စဥ္မွာ ရန္ကုန္ဘက္မွ မႏၲေလးဘက္သို႔ ယာဥ္ေမာင္းေက်ာ္စိုးႏိုင္၂၅ႏွစ္ မင္း႐ြာ

ေက်း႐ြာ ေ႐ႊဘိုၿမိဳ႕နယ္ေနသူ ေမာင္းႏွင္ၿပီး ယာဥ္ေပၚတြင္ ဝင္းမင္းသန္း

၄၃ႏွစ္(ယာဥ္ေမာင္း) ျမေတာင္ရပ္ကြက္ ေ႐ႊဘိုၿမိဳ႕နယ္ေနသူတို႔ လိုက္ပါစီးနင္းလာ

ေသာ 3H/—–NISSAN DIESEL (၁၂)ဘီးအျဖဴေရာင္ယာဥ္သည္၊ ေရွ႕မွ ၃၆ေပ

က်ယ္ဝန္းေသာလမ္း၏ ယာဘက္ျခမ္း လမ္းပုခုံးေျမသားလမ္းႏွင့္ ကပ္လ်က္ရပ္တန္႔

ထားေသာ အမည္မသိ (၁၂)ဘီးယာဥ္(စုံစမ္းဆဲ)၏ ေနာက္ဖင္မီးအား ဝင္ေရာက္တိုက္

မိခဲ့ရာ ေမာ္ေတာ္ယာဥ္ေမာင္း ေက်ာ္စိုးႏိုင္တြင္ ဒဏ္ရာမ်ားရရွိ၍ ေက်ာက္တံခါး

ၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ုံသို႔ပို႔ေဆာင္ေဆးကုသစဥ္ ေသဆုံးခဲ့သည္။ ယာဥ္ေပၚပါသူ ဝင္း

မင္းသန္းတြင္ ဒဏ္ရာ(မစိုးရိမ္ရ) ရရွိခဲ့ၿပီး ယာဥ္မွာေရွ႕ေလကာမွန္ကြဲ ယာဥ္ဦးေခါင္း

ပိုင္းေၾကမြပ်က္စီးခဲ့သည္။


ျဖစ္စဥ္ႏွင့္ပတ္သက္၍ ေက်ာက္တံခါးၿမိဳ႕မရဲစခန္းက ယာဥ္အား အရမ္းမဲ့ေပါ့ေလ်ာ့

စြာ ေမာင္းႏွင္သူ ယာဥ္ေမာင္းေက်ာ္စိုးႏိုင္(ေသဆုံး)အား အမႈဖြင့္အေရးယူကာ ဒုရဲအုပ္

ေက်ာ္ဆန္းဦးမွ စစ္ေဆးေဆာင္႐ြက္ လ်က္ရွိေၾကာင္းသိရသည္။

Credit; ခင္ကို(ေက်ာက္တံခါး)

Source From; Myanmaalinn