အလုပ်သမားကိုးဦး အလုပ်ထုတ်ခံရသည်ကို မကျေနပ်၍ အလုပ်သမားရာချီ ဆန္ဒပြ ရန်ကုန်၊ ဇန်နဝါရီ ၂၁

အလုပ်သမားကိုးဦး အလုပ်ထုတ်ခံရသည်ကို မကျေနပ်၍ အလုပ်သမားရာချီ ဆန္ဒပြ
ရန်ကုန်၊ ဇန်နဝါရီ ၂၁

လှိုင်သာယာမြို့နယ် ရွှေလင်ပန်းစက်မှုဇုန်ရှိ ဟန်းမိန်အထည်ချုပ်စက်ရုံက

အလုပ်သမားကိုးဦး အလုပ်ထုတ် ခံရလို့ ရာနဲ့ချီတဲ့ အလုပ်သမားတွေ ဆန္ဒပြမှု

ဇန်နဝါရီ ၂၀ ရက်နေ့ကနေ ဇန်နဝါရီလ ၂၁ ရက်နေ့ မနက်ပိုင်း အထိ ဖြစ်ပွားနေပါ

တယ်။


ဥပ‌ဒေပါအခွင့်အရေးတွေမရရှိခြင်းနဲ့ ကျွမ်းကျင်‌ကြေးကို လစာစလစ်မှာ ဥပ‌ဒေပါ

အတိုင်း အလုပ်ရှင်အနေနဲ့ ထည့်သွင်းဖော်ပြပေးဖို့ အလုပ်သမား ကိုးဦးဟာ မြို့နယ်

အလုပ်သမားဦးစီးဌာနကိုတိုင်ကြားခဲ့တာကြောင့် အလုပ်ရှင်ကနေ ဇန်နဝါရီ ၂၀ ရက်

နေ့မှာ အလုပ်ထုတ်ခဲ့တာဖြစ်ပါတယ်။


အလုပ်ထုတ်ခံရတဲ့ မယွန်းရွှေစင်က “ကျွန်တော်တို့ကို အလုပ်ထုတ်တယ်၊ သူတို့ကို

တိုင်လို့ဆိုတဲ့ အကြောင်း ပြချက်နဲ့။ အဲ့ဒါကို ကျန်တဲ့အလုပ်သမားတွေက မကျေနပ်လို့

တောင်းဆိုတယ်၊ တောင်းဆိုတဲ့သူတွေပါ စက်ရုံထဲပေးမဝင်တော့တာ မနေ့

ကတည်းက”လို့ ပြောပါတယ်။


အလုပ်သမားကိုးဦးကို အလုပ်ထုတ်လိုက်လို့ အလုပ်သမား ၁၃၀ ဦးဟာ အလုပ်ပြန်

ခန့်ရေးအတွက် စက်ရုံရှေ့ မှာ ဇန်နဝါရီ ၂ဝ ရက်နေ့ မနက်ပိုင်းက စတင်တောင်းဆိုကြ

ရာ ရဲတပ်ဖွဲ့ဝင်တွေ ၊အုပ်ချုပ်ရေး ပိုင်တာဝန်ရှိ သူတွေ လာရောက်ကာ အလုပ်ရှင်နဲ့ညှိ

နိူင်းခဲ့ပေမယ့် အဆင်ပြေမှုမရှိခဲ့ဘူးလို့ သွားရောက်ကူညီဖြေရှင်း ပေးနေတဲ့ FGWM

အဖွဲ့မှ စည်းရုံးရေးမှူး ကိုဘိုဘိုမင်းခန့်က ပြောပါတယ်။


“လက်ရှိအခြေအနေမှာတော့ အလုပ်ရှင်က အလုပ်သမား နှစ်ရာနီးပါးကို စက်ရုံထဲပေး

မဝင်တာကြောင့် အပြင်ဘက်ကနေ အလုပ်ခွင်ပြန်လည်ဝင်ရောက်နိုင်ရေးအတွက်

စုပေါင်းတောင်းဆို ဆန္ဒပြနေတယ်”လို့ ကိုဘိုဘိုမင်းခန့်က ပြောပါတယ်။

အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ဥက္ကဋ္ဌ

ဒေါ်မိုးစန္ဒာမြင့်က”အလုပ်ရှင်တွေက ဘယ်လိုသဘောထားလဲဆိုတော့ အလုပ်သမား

တွေစုပေါင်းတောင်းဆိုရင် ကိုဗစ်ကာလ ဆိုတော့ အပြင်မှာရေရှည်တောင့်မခံနိုင်ဘူး

လူမစုနိုင်ဘူး၊ ကိုဗစ်ဥပဒေကလည်းရှိနေတော့၊ ဒါကြောင့် အလုပ်သမားတွေကို အထဲ

ပေးမဝင်တာ၊ အဲ့သဘောနဲ့အလုပ်ရှင်ကလုပ်တာ”လို့ သုံးသပ်ပြောဆိုပါတယ်။

လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ ဖန်ချက်ဝန်ဦးရွှေအိုလမ်းနဲ့ မောင်ကျန်သီ

လမ်းထောင့်၊ အမှတ် (174/175) ရှိ ဟန်းမိန်အထည်ချုပ်စက်ရုံဟာ အလုပ်သမား

၈၀၀ ဦးနဲ့ လည်ပတ်နေတဲ့ စက်ရုံလည်း ဖြစ်ပါတယ်။


ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၉ ရက်ကလည်း ရွှေလင်ပန်းစက်မှုဇုန်ရှိUnique HTT အထည်

ချုပ်စက်ရုံမှ အလုပ်သမား ငါးရာကျော်ဟာ စက်ရုံရှေ့မှာဆန္ဒပြခဲ့ကြပြီး အလုပ်ရှင်နဲ့

အလုပ်သမား ညှိနိူင်းမှုအဆင်ပြေခဲ့တာလည်း ရှိခဲ့ပါတယ်။ အေးချမ်းသူ(VOM)။

ဓာတ်ပုံ- VOM
#TheVoiceDaily #Local

zawgyi

=============

အလုပ္သမားကိုးဦး အလုပ္ထုတ္ခံရသည္ကို မေက်နပ္၍ အလုပ္သမားရာခ်ီ ဆႏၵျပ
ရန္ကုန္၊ ဇန္နဝါရီ ၂၁

လႈိင္သာယာၿမိဳ႕နယ္ ေ႐ႊလင္ပန္းစက္မႈဇုန္ရွိ ဟန္းမိန္အထည္ခ်ဳပ္စက္႐ုံက

အလုပ္သမားကိုးဦး အလုပ္ထုတ္ ခံရလို႔ ရာနဲ႔ခ်ီတဲ့ အလုပ္သမားေတြ ဆႏၵျပမႈ

ဇန္နဝါရီ ၂၀ ရက္ေန႔ကေန ဇန္နဝါရီလ ၂၁ ရက္ေန႔ မနက္ပိုင္း အထိ ျဖစ္ပြားေနပါ

တယ္။

ဥပ‌ေဒပါအခြင့္အေရးေတြမရရွိျခင္းနဲ႔ ကြၽမ္းက်င္‌ေၾကးကို လစာစလစ္မွာ ဥပ‌ေဒပါ

အတိုင္း အလုပ္ရွင္အေနနဲ႔ ထည့္သြင္းေဖာ္ျပေပးဖို႔ အလုပ္သမား ကိုးဦးဟာ ၿမိဳ႕နယ္

အလုပ္သမားဦးစီးဌာနကိုတိုင္ၾကားခဲ့တာေၾကာင့္ အလုပ္ရွင္ကေန ဇန္နဝါရီ ၂၀ ရက္

ေန႔မွာ အလုပ္ထုတ္ခဲ့တာျဖစ္ပါတယ္။


အလုပ္ထုတ္ခံရတဲ့ မယြန္းေ႐ႊစင္က “ကြၽန္ေတာ္တို႔ကို အလုပ္ထုတ္တယ္၊ သူတို႔ကို

တိုင္လို႔ဆိုတဲ့ အေၾကာင္း ျပခ်က္နဲ႔။ အဲ့ဒါကို က်န္တဲ့အလုပ္သမားေတြက မေက်နပ္လို႔

ေတာင္းဆိုတယ္၊ ေတာင္းဆိုတဲ့သူေတြပါ စက္႐ုံထဲေပးမဝင္ေတာ့တာ မေန႔

ကတည္းက”လို႔ ေျပာပါတယ္။

အလုပ္သမားကိုးဦးကို အလုပ္ထုတ္လိုက္လို႔ အလုပ္သမား ၁၃၀ ဦးဟာ အလုပ္ျပန္

ခန႔္ေရးအတြက္ စက္႐ုံေရွ႕ မွာ ဇန္နဝါရီ ၂ဝ ရက္ေန႔ မနက္ပိုင္းက စတင္ေတာင္းဆိုၾက

ရာ ရဲတပ္ဖြဲ႕ဝင္ေတြ ၊အုပ္ခ်ဳပ္ေရး ပိုင္တာဝန္ရွိ သူေတြ လာေရာက္ကာ အလုပ္ရွင္နဲ႔ညႇိ

ႏိူင္းခဲ့ေပမယ့္ အဆင္ေျပမႈမရွိခဲ့ဘူးလို႔ သြားေရာက္ကူညီေျဖရွင္း ေပးေနတဲ့ FGWM

အဖြဲ႕မွ စည္း႐ုံးေရးမႉး ကိုဘိုဘိုမင္းခန႔္က ေျပာပါတယ္။


“လက္ရွိအေျခအေနမွာေတာ့ အလုပ္ရွင္က အလုပ္သမား ႏွစ္ရာနီးပါးကို စက္႐ုံထဲေပး

မဝင္တာေၾကာင့္ အျပင္ဘက္ကေန အလုပ္ခြင္ျပန္လည္ဝင္ေရာက္ႏိုင္ေရးအတြက္

စုေပါင္းေတာင္းဆို ဆႏၵျပေနတယ္”လို႔ ကိုဘိုဘိုမင္းခန႔္က ေျပာပါတယ္။


အဲ့ဒီကိစၥနဲ႔ပတ္သက္ၿပီး ျမန္မာႏိုင္ငံအေထြေထြအလုပ္သမားသမဂၢမ်ားအဖြဲ႕ခ်ဳပ္ဥကၠ႒

ေဒၚမိုးစႏၵာျမင့္က”အလုပ္ရွင္ေတြက ဘယ္လိုသေဘာထားလဲဆိုေတာ့ အလုပ္သမား

ေတြစုေပါင္းေတာင္းဆိုရင္ ကိုဗစ္ကာလ ဆိုေတာ့ အျပင္မွာေရရွည္ေတာင့္မခံႏိုင္ဘူး

လူမစုႏိုင္ဘူး၊ ကိုဗစ္ဥပေဒကလည္းရွိေနေတာ့၊ ဒါေၾကာင့္ အလုပ္သမားေတြကို အထဲ

ေပးမဝင္တာ၊ အဲ့သေဘာနဲ႔အလုပ္ရွင္ကလုပ္တာ”လို႔ သုံးသပ္ေျပာဆိုပါတယ္။

လႈိင္သာယာၿမိဳ႕နယ္၊ ေ႐ႊလင္ဗန္းစက္မႈဇုန္၊ ဖန္ခ်က္ဝန္ဦးေ႐ႊအိုလမ္းနဲ႔ ေမာင္က်န္သီ

လမ္းေထာင့္၊ အမွတ္ (174/175) ရွိ ဟန္းမိန္အထည္ခ်ဳပ္စက္႐ုံဟာ အလုပ္သမား

၈၀၀ ဦးနဲ႔ လည္ပတ္ေနတဲ့ စက္႐ုံလည္း ျဖစ္ပါတယ္။


ၿပီးခဲ့တဲ့ ဇန္နဝါရီ ၁၉ ရက္ကလည္း ေ႐ႊလင္ပန္းစက္မႈဇုန္ရွိUnique HTT အထည္

ခ်ဳပ္စက္႐ုံမွ အလုပ္သမား ငါးရာေက်ာ္ဟာ စက္႐ုံေရွ႕မွာဆႏၵျပခဲ့ၾကၿပီး အလုပ္ရွင္နဲ႔

အလုပ္သမား ညႇိႏိူင္းမႈအဆင္ေျပခဲ့တာလည္း ရွိခဲ့ပါတယ္။ ေအးခ်မ္းသူ(VOM)။

ဓာတ္ပုံ- VOM
#TheVoiceDaily #Local