ခိုးဝင် မြန်မာအလုပ်သမားများကို တားဆီးဖို့ မဖြစ်နိုင်တော့ကြောင်း ထိုင်းစစ်တပ် ဝန်ခံလိုက်ပြီ
ခိုးဝင် မြန်မာအလုပ်သမားများကို တားဆီးဖို့ မဖြစ်နိုင်တော့ကြောင်း ထိုင်းစစ်တပ် ဝန်ခံလိုက်ပြီ
ဆာမွတ်ဆာခွန် ခရိုင်ရှိ ပုစွန်ဈေးတစ်ခုတွင် နောက်ဆုံးရောဂါပျံ့နှံ့မှုသည် မြန် မာ
ရွှေ့ပြောင်းအလုပ်သမားများ နှင့်ဆက်စပ်နေကြောင်း ပြည်သူ့ ကျန်းမာရေး
ဝန်ကြီးဌာနက အတည်ပြုထားသော်လည်း ရွှေ့ ပြောင်း အလုပ်သမားများအား
တားဆီးရေး ထိုင်းနိုင်ငံ၏နယ်စပ် များကို လုံးဝ အလုံပိတ်ထားရန် မဖြစ်နိုင်ကြောင်း
ထိုင်းစစ်တပ်က ဝန်ခံပြောကြားလိုက်ပါတယ်။
“နယ်စပ်စည်းကို စောင့် ကြည့်ဖို့ ကျွန်တော်တို့က စစ် သားတွေအများကြီး ချထားတာ
တောင် တရားမဝင် ရွှေ့ပြောင်း အလုပ်သမားတွေဟာ သဘာဝ လမ်းကြောင်းတွေကို
သုံးပြီး ဖြတ် ဝင်နေကြတုန်းပါပဲ။ ကျွန်တော်တို့ နယ်စပ်က ၅,၅၂၆ ကီလိုမီတာ ရှည်ပါ
တယ်” ဟု စစ်တပ်၏ပြော ရေးဆိုခွင့်ရှိသူ ဒုတိယစစ်ဦးစီး ချုပ် ဒုတိယဗိုလ်ချုပ်ကြီး
ဆန် တီပွန်သမ်မာပီယာက မြန်မာ နယ်စပ်ကိုရည်ညွှန်း၍ ပြောကြားလိုက်ပါတယ်။
အထူးသဖြင့် တာ့ခ်ချင်းရိုင် နှင့် ကန်ချာနာဘူရီခရိုင်တို့ရှိ ယိုပေါက်များသောဒေသများ
မှတဆင့် မြန်မာနိုင်ငံမှ တရားမဝင်ရွှေ့ ပြောင်းအလုပ်သမားများ ထိုင်း နိုင်ငံသို့ ခိုး
ဝင်နေကြဆဲဖြစ် ကြောင်း ၎င်းက ဝန်ခံပြောကြားလိုက်ပါတယ်။ စစ်တပ်အနေဖြင့်
မောင်း သူမဲ့လေယာဉ်များ၊ ရွေ့လျား ကင်းလှည့်အဖွဲ့များနှင့် အန္တရာယ် များသော
ဒေသများ လုံခြုံစေရန် သံဆူးကြိုးများ ကာရံခြင်းတို့ အပါအဝင် နောက်ထပ် အရင်း
အ မြစ်ထပ်ထည့်ပေးသွားမည် ဖြစ် ကြောင်း ၎င်းက ပြောကြားပါတယ်။
ယင်းပြည်နယ်သုံးခုရှိ ယိုပေါက် များသောနေရာများတွင် မကြာမီ က မြန်မာနိုင်ငံသား
၂၇၉ ဦးကို စစ်တပ်က ဖမ်းဆီးခဲ့ပြီး ၎င်းတို့ကို ပြန်လည် ပို့ဆောင်ထားပြီးဖြစ်
ကြောင်း ဒုတိယဗိုလ်ချုပ်ကြီး ဆန်တီပွန်သမ်မာပီယာက ပြော ကြားပါတယ်။
ကိုဗစ်ရောဂါ နောက်ဆုံး ပျံ့နှံ့ရာနေရာဖြစ်သော ဆာ မွတ်ဆာခွန်ခရိုင်တွင် အရာရှိများ
စစ်ဆေးရှာဖွေနိုင်စွမ်းကို အား ဖြည့်ပေးရန် ယင်းပြည်နယ်သို့ မကြာသေးမီက
စစ်သား၂၀၀ ဦး စေလွှတ်ထားကြောင်းလည်း ၎င်း ကပြောကြားပါတယ်။
ထိုအတောအတွင်း ဆာ မွတ်ဆာခွန်ရှိ ရွှေ့ပြောင်းအလုပ် သမားများသည် မူအန်း
ဒေသရှိ ပုစွန်ဈေး၌ နောက်ဆုံးရောဂါပျံ့ နှံ့မှုဖြစ်ပေါ်စေသော အကြောင်း ရင်းဖြစ်နိုင်
ကြောင်း မြို့ပြရောဂါ ထိန်းချုပ်ရေးအဖွဲ့ညွှန်ကြားရေးမှူး ဒေါက်တာဝီချန်ပါဝန်က
ပြော ကြားပါတယ်။
ထိုင်းအစိုးရကို ထိတ်လန့် စေခဲ့သည့် ယင်းရောဂါပျံ့နှံ့မှု၏ ရင်းမြစ်သည် မြန်မာ
လုပ်သား များဖြစ်နိုင်ကြောင်း ဒေါက်တာဝီ ချန်ပါဝန်က ပြောကြားလိုက်ပါတယ်။
ရောဂါ ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိသူများအနက် ၉၀ ရာခိုင်နှုန်းသည်
ယင်းဒေသ၌နေ ထိုင်သော မြန်မာနိုင်ငံသားဖြစ် သည်ဆိုသောအချက်ကို ကိုးကား ကာ
၎င်းက အထက်ပါကဲ့သို့ ကောက်ချက်ချခြင်းဖြစ်ပါတယ်။
ဆာမွတ်ဆာခွန်တွင် ကနဦး တွေ့ရှိထားသော ပိုးတွေ့လူနာ ၈၂၁ ဦးအနက် ၇၈၈ ဦးမှာ
မြန်မာ ရွှေ့ပြောင်းအလုပ်သမားများဖြစ် ပြီး ထိုင်းနိုင်ငံသား ပိုးတွေ့လူနာ ၃၃ ဦး ပါဝင်
ကြောင်း ၎င်းက ပြောကြားပါတယ်။
ယင်းပြည်နယ်တွင် ကျန်းမာ ရေးဝန်ကြီးဌာနက လူပေါင်း ၄,၆၈၈ ဦးကို စစ်ဆေးထား
ပြီးဖြစ် ကာ နောက်ထပ်အန္တရာယ်များ သည်ဟုထင်ရသော လူပေါင်း ၅,၆၁၂ ဦးကို
အင်္ဂါနေ့ အပြီးစစ် ဆေးရန်စီစဉ်ထားပါတယ်။
ထိုင်းနိုင်ငံ၌ ကိုဗစ်ရောဂါ ကူးစက်ပျံ့နှံ့မှုမှာ မြန်မာလုပ်သား များမှ စတင်
ကူးစက်သည်ဟု ထိုင်းအစိုးရအနေဖြင့် စွပ်စွဲမ ပြောသင့်ကြောင်း ထိုင်းနိုင်ငံ တောင်
ပိုင်းခြေစိုက် ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) ဒါရိုက်တာ ဦးထူး
ချစ်က ပြောပါတယ်။
“မြန်မာပြည်မှာ အလုပ်အ ကိုင်ရှားပါးတော့ မြန်မာလုပ်သား တွေက ခိုးဝင်တာတွေက
ရှိနေ တယ်။ ထိုင်းတရားရေးဝန်ကြီးက ငါးလုပ်ငန်းလိုမျိုးဟာကို ထိုင်း ထောင်တွေက
လွတ်လာတဲ့ ထောင်သားတွေနဲ့ အစားထိုးမယ် ဆိုပြီး ပြင်ဆင်နေတာတွေ့ရ တယ်။
လက်ရှိအနေအထားမှာ က မြန်မာရွှေ့ပြောင်းလုပ်သား တွေက လွပ်လပ်စွာသွားလာဖို့
ကတော့ အရမ်းအခက်တွေ့သွား ပြီ။ ဒီရောဂါ မထိန်းနိုင်သရွေ့ တော့ မြန်မာလုပ်သား
တွေအပေါ် ဖိအားတွေကရှိနေမှာပဲ’’ဟု ဦးထူးချစ်က ပြောပါတယ်။
ထိုင်းနိုင်ငံအတွင်း တရား မဝင်နည်းလမ်းဖြင့် သွားရောက် နေမှုသည် မြန်မာအစိုးရ
အနေ ဖြင့်လည်း တာဝန်ရှိကြောင်း ဦး ထူးချစ်က ဆိုပါတယ်။
မဟာချိုင်တွင် ရောဂါစတင် တွေ့ရှိသူမှာ ထိုင်းအမျိုးသမီး လုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး
အဆိုပါ ဈေးမှာ ထိုင်းနိုင်ငံရှိ ဒေသအသီး သီးမှ ကုန်သည်များက ရောဂါ စတင်တွေ့ရှိ
သည့် ပုစွန်ဈေးကြီး သို့ လာရောက်ကူးသန်းနေကြ ကြောင်း မဟာချိုင်အခြေစိုက်
ထိုင်းရောက် မြန်မာလုပ်သား များအရေး ကူညီပေးနေသည့်ရွှေ့ ပြောင်း
အလုပ်သမားအခွင့်အရေး ကွန်ရက် (MWRN) ဥက္ကဋ္ဌ ဦး အောင်ကျော်က ပြောပါ
တယ်။
အလုပ်သမားဝန်ကြီးဌာန က မြန်မာအပါအဝင် အိမ်နီးချင်း နိုင်ငံများမှ အလုပ်သမား
ခေါ်ယူမှု များကို ရပ်ဆိုင်းမည်ဖြစ်ကြောင်း ပြောကြားပြီး မှတ်ပုံတင်ထား သော
နိုင်ငံခြားသားအလုပ်သမား ၂ ဒသမ ၃ သန်းရှိသောကြောင့် ကုမ္ပဏီများကို ထိခိုက်စေ
မည် မဟုတ်ကြောင်း အလုပ်သမား ဝန်ကြီးဌာန ဝန်ကြီး ဆူချက်က ပြောကြားပါ
တယ်။
zawgyi
================
ပြော ကြားပါတယ်။
ချစ်က ပြောပါတယ်။
တယ်။
တယ်။