ကွမ်းလုံ၌ သိန်း (၃၂၀၀)ခန့် တန်ဖိုးရှိ ဘိန်းညိုမှုန့်များ၊ ခဲယမ်းများနှင့် သိန္နီ၌ သိန်း (၁၁၀၀) ကျော် တန်ဖိုးရှိ ဆိုဒီယမ်ဆိုင်ရာနိုက်များ ဖမ်းဆီးရမိ

ကွမ်းလုံ၌ သိန်း (၃၂၀၀)ခန့် တန်ဖိုးရှိ ဘိန်းညိုမှုန့်များ၊ ခဲယမ်းများနှင့် သိန္နီ၌ သိန်း (၁၁၀၀) ကျော် တန်ဖိုးရှိ ဆိုဒီယမ်ဆိုင်ရာနိုက်များ ဖမ်းဆီးရမိ
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗
နေပြည်တော်၊ ဒီဇင်ဘာ (၂၅)

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တားဆီးနှိမ်နင်းရေး လုပ်ငန်းများ

ဆောင်ရွက်စဉ် ကွမ်းလုံမြို့နယ်တွင် ငွေကျပ် သိန်း (၃၂၀၀) ခန့် တန်ဖိုးရှိ ဘိန်းညိုမှုန့်

များ၊ ခဲယမ်းများ ဖမ်းဆီးရမိခဲ့ကြောင်းနှင့် သိန္နီမြို့နယ်တွင် ငွေကျပ် သိန်း (၁၁၀၀)

ကျော်တန်ဖိုးရှိ ဆိုဒီယမ်ဆိုင်ရာနိုက်များ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏

သတင်းထုတ်ပြန်ချက်အရ သိရသည်။


ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော

ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာလ (၂၄) ရက်နေ့၊ ညနေ (၃) နာရီအချိန် ကွမ်းလုံမြို့နယ်၊

ကွမ်းလုံ-သိန္နီသွားကားလမ်း၊ ကန်မိန်းလမ်းဆုံအနီးတွင် ကြိုတင်သတင်းရရှိထား

သော TOYOTA Vigo အမျိုးအစားမော်တော်ယာဉ်ကို စစ်ဆေးရန်ရပ်တန့်ခိုင်းစဉ်

ရပ်တန့်ခြင်းမရှိဘဲ နောက်ပြန်လှည့်မောင်းနှင် ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးရာ

(၃) နာရီခွဲအချိန် ကွမ်းလုံမြို့နယ်၊ ကန်မိန်းကျေးရွာ အနီးတွင် ၎င်းမော်တော်ယာဉ်

အား ဂျုံးမီ(ခ)ဆန်းသီ၊ လောက်ဝူ(ခ)လီမင်ချန်(ခ)ကျော်ထွေး၊ ရန်ဖာဝမ်(ခ)ဝူသီး(ခ)

ကျော်ခိုင် တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး မော်တော်ယာဉ်အားရှာဖွေရာ ယာဉ်၏ရှေ့

တံခါး ဝဲ/ယာအတွင်းနှင့် နောက်ကြမ်းခင်းအံဝှက်အတွင်းတို့မှ ဘိန်းညိုမှုန့် (၆၄) ကီလို၊

၉ မမ ကျည် (၁၀၀) တောင့်နှင့် ပွိုင့် ၂၂ ကျည် (၈၀၀ )တောင့်တို့ကို သိမ်းဆည်းရမိခဲ့

သဖြင့် ဂျုံးမီ(ခ)ဆန်းသီ(၂၅)နှစ်၊ လောက်ဝူ(ခ) လီမင်ချန်(ခ) ကျော်ထွေး(၃၂)နှစ်၊ ရန်

ဖာဝမ်(ခ)ဝူသီး(ခ)ကျော်ခိုင်(၃၂)နှစ် တို့အား သက်ဆိုင်ရာနယ်မြေရဲစခန်းတွင် အမှုဖွင့်

အရေးယူထားရှိကြောင်း သိရသည်။


အလားတူ အကောက်ခွန်ဦးစီးဌာနဝန်ထမ်းများနှင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း

ရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာလ (၂၄) ရက်နေ့၊

ညနေ (၃) နာရီ (၁၅) အချိန် သိန္နီမြို့နယ်၊ ရေပူ ကျေးရွာအနီး၊ ရေပူအမြဲတမ်း

စစ်ဆေးရေးစခန်းတွင် မူဆယ်ဘက်မှ မန္တလေး ဘက်သို့ ဇော်ထက် မောင်းနှင်လာ

သည့် (၂၂) ဘီး မော်တော်ယာဉ်ကို ရပ်တန့် ရှာဖွေရာ ယာဉ်နောက်ခန်းအတွင်း

အိမ်ဆောက်ပစ္စည်းများဖြင့် ဖုံးအုပ် သယ်ဆောင်လာသည့် ပီပါပုံးများအတွင်းမှ ဆိုဒီ

ယမ်ဆိုင်ရာနိုက် (၁၉၂၅၀) ကီလို သိမ်းဆည်းရမိခဲ့သဖြင့် ဇော်ထက်( ၃၁) နှစ်အား

သက်ဆိုင်ရာ နယ်မြေ ရဲစခန်းတွင် အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ

ဖော်ထုတ် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
#CCDAC Myanmar

zawgyi

==============

ကြမ္းလုံ၌ သိန္း (၃၂၀၀)ခန႔္ တန္ဖိုးရွိ ဘိန္းညိဳမႈန႔္မ်ား၊ ခဲယမ္းမ်ားႏွင့္ သိႏၷီ၌ သိန္း (၁၁၀၀) ေက်ာ္ တန္ဖိုးရွိ ဆိုဒီယမ္ဆိုင္ရာႏိုက္မ်ား ဖမ္းဆီးရမိ
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗
ေနျပည္ေတာ္၊ ဒီဇင္ဘာ (၂၅)

မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွ တားဆီးႏွိမ္နင္းေရး လုပ္ငန္းမ်ား

ေဆာင္႐ြက္စဥ္ ကြမ္းလုံၿမိဳ႕နယ္တြင္ ေငြက်ပ္ သိန္း (၃၂၀၀) ခန႔္ တန္ဖိုးရွိ ဘိန္းညိဳမႈန႔္

မ်ား၊ ခဲယမ္းမ်ား ဖမ္းဆီးရမိခဲ့ေၾကာင္းႏွင့္ သိႏၷီၿမိဳ႕နယ္တြင္ ေငြက်ပ္ သိန္း (၁၁၀၀)

ေက်ာ္တန္ဖိုးရွိ ဆိုဒီယမ္ဆိုင္ရာႏိုက္မ်ား ဖမ္းဆီးရမိခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕၏

သတင္းထုတ္ျပန္ခ်က္အရ သိရသည္။


ျဖစ္စဥ္မွာ မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွ တပ္ဖြဲ႕ဝင္မ်ား ပါဝင္ေသာ

ပူးေပါင္းအဖြဲ႕သည္ ဒီဇင္ဘာလ (၂၄) ရက္ေန႔၊ ညေန (၃) နာရီအခ်ိန္ ကြမ္းလုံၿမိဳ႕နယ္၊

ကြမ္းလုံ-သိႏၷီသြားကားလမ္း၊ ကန္မိန္းလမ္းဆုံအနီးတြင္ ႀကိဳတင္သတင္းရရွိထား

ေသာ TOYOTA Vigo အမ်ိဳးအစားေမာ္ေတာ္ယာဥ္ကို စစ္ေဆးရန္ရပ္တန႔္ခိုင္းစဥ္

ရပ္တန႔္ျခင္းမရွိဘဲ ေနာက္ျပန္လွည့္ေမာင္းႏွင္ ထြက္ေျပးသျဖင့္ လိုက္လံဖမ္းဆီးရာ

(၃) နာရီခြဲအခ်ိန္ ကြမ္းလုံၿမိဳ႕နယ္၊ ကန္မိန္းေက်း႐ြာ အနီးတြင္ ၎ေမာ္ေတာ္ယာဥ္

အား ဂ်ဳံးမီ(ခ)ဆန္းသီ၊ ေလာက္ဝူ(ခ)လီမင္ခ်န္(ခ)ေက်ာ္ေထြး၊ ရန္ဖာဝမ္(ခ)ဝူသီး(ခ)

ေက်ာ္ခိုင္ တို႔ႏွင့္အတူ ဖမ္းဆီးရမိခဲ့ၿပီး ေမာ္ေတာ္ယာဥ္အားရွာေဖြရာ ယာဥ္၏ေရွ႕

တံခါး ဝဲ/ယာအတြင္းႏွင့္ ေနာက္ၾကမ္းခင္းအံဝွက္အတြင္းတို႔မွ ဘိန္းညိဳမႈန႔္ (၆၄) ကီလို၊

၉ မမ က်ည္ (၁၀၀) ေတာင့္ႏွင့္ ပြိဳင့္ ၂၂ က်ည္ (၈၀၀ )ေတာင့္တို႔ကို သိမ္းဆည္းရမိခဲ့

သျဖင့္ ဂ်ဳံးမီ(ခ)ဆန္းသီ(၂၅)ႏွစ္၊ ေလာက္ဝူ(ခ) လီမင္ခ်န္(ခ) ေက်ာ္ေထြး(၃၂)ႏွစ္၊ ရန္

ဖာဝမ္(ခ)ဝူသီး(ခ)ေက်ာ္ခိုင္(၃၂)ႏွစ္ တို႔အား သက္ဆိုင္ရာနယ္ေျမရဲစခန္းတြင္ အမႈဖြင့္

အေရးယူထားရွိေၾကာင္း သိရသည္။


အလားတူ အေကာက္ခြန္ဦးစီးဌာနဝန္ထမ္းမ်ားႏွင့္ မူးယစ္ေဆးဝါး တားဆီးႏွိမ္နင္း

ေရးရဲတပ္ဖြဲ႕မွ တပ္ဖြဲ႕ဝင္မ်ား ပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ ဒီဇင္ဘာလ (၂၄) ရက္ေန႔၊

ညေန (၃) နာရီ (၁၅) အခ်ိန္ သိႏၷီၿမိဳ႕နယ္၊ ေရပူ ေက်း႐ြာအနီး၊ ေရပူအၿမဲတမ္း

စစ္ေဆးေရးစခန္းတြင္ မူဆယ္ဘက္မွ မႏၲေလး ဘက္သို႔ ေဇာ္ထက္ ေမာင္းႏွင္လာ

သည့္ (၂၂) ဘီး ေမာ္ေတာ္ယာဥ္ကို ရပ္တန႔္ ရွာေဖြရာ ယာဥ္ေနာက္ခန္းအတြင္း

အိမ္ေဆာက္ပစၥည္းမ်ားျဖင့္ ဖုံးအုပ္ သယ္ေဆာင္လာသည့္ ပီပါပုံးမ်ားအတြင္းမွ ဆိုဒီ

ယမ္ဆိုင္ရာႏိုက္ (၁၉၂၅၀) ကီလို သိမ္းဆည္းရမိခဲ့သျဖင့္ ေဇာ္ထက္( ၃၁) ႏွစ္အား

သက္ဆိုင္ရာ နယ္ေျမ ရဲစခန္းတြင္ အမႈဖြင့္အေရးယူထားရွိၿပီး ကြင္းဆက္မ်ား

ေဖာ္ထုတ္ စစ္ေဆးလ်က္ရွိေၾကာင္း သတင္းရရွိသည္။
#CCDAC Myanmar