ကူးစက်မြန် ဗီဇကွဲကိုဗစ်ပိုးအသစ်နဲ့ မြန်မာပြည် ကျန်းမာရေးဝန်ကြီး ဖြေရမယ့် မေးခွန်းများ

ကူးစက်မြန် ဗီဇကွဲကိုဗစ်ပိုးအသစ်နဲ့ မြန်မာပြည် ကျန်းမာရေးဝန်ကြီး ဖြေရမယ့် မေးခွန်းများ

ကူးစက်လွယ်တဲ့ ယူကေနိုင်ငံက ကိုဗစ်ဗီဇကွဲအသစ်ဟာ ဂျပန်နိုင်ငံကို ရောက်ရှိသွားပြီ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၁၈ နဲ့ ၂၁ ကြားထဲမှာ ယူကေနိုင်ငံကနေ လူငါးယောက်ဟာ အလုပ်/ကျောင်း

ကိစ္စအတွက် ဂျပန်ကို လေကြောင်းခရီးနဲ့ ဝင်လာခဲ့ပါတယ်။ အဲ့ဒီထဲက အသက် ၆၀

အရွယ်လူကြီးတစ်ယောက်ဟာ ရောဂါလက္ခဏာစပြပြီး ကျန်လေးယောက်က ရောဂါ

လက္ခဏာမပြသေးပါ။


သူတို့ကိုလေဆိပ်ကနေ Q center ကိုတန်းပို့ခဲ့ပါတယ်တဲ့။ သူတို့တွေကို test စစ်ကြည့်

လို့ ကိုဗစ် positive ဖြစ်နေမှန်း သိတဲ့အခါမှာ ထပ်ပြီးတော့ လေ့လာမှုလုပ်ခဲ့ရာမှာ ယူ

ကေနိုင်ငံမှာတွေ့ရှိတဲ့ ကူးစက်ပိုလွယ်သော ကိုဗစ်ဗိုင်းရပ်စ်ဗီဇကွဲအသစ်ဖြစ်နေတာကို

တွေ့ရပါသတဲ့။ ဂျပန်ကပိုမိုတင်းကျပ်သော နယ်စပ်လုံခြုံရေးမူဝါဒကို ချမှတ်မယ်လို့

ဆိုပါတယ်။


ကျနော်တို့ နည်းနည်းဆွေးနွေးကြည့်ရအောင် ဒီအကူးစက်မြန်ဗိုင်းရပ်စ်ဟာ

ဒီဇင်ဘာလလယ်နဲ့ လဆန်းကတည်းက ယူကေနိုင်ငံကလာတဲ့ ခရီးသွားတွေနဲ့ အတူ

ပါလာနိုင်နေပါပြီ။

ကျနော်တို့နိုင်ငံကို ဒီဇင်ဘာလထဲမှာ ယူကေနိုင်ငံက ခရီသွားဘယ်နှစ်ယောက် ဝင်ခဲ့ပါ

သလဲ? အဲ့ဒီ ယူကေနိုင်ငံက ဝင်လာသူတွေနဲ့အတူ လေယာဉ်တစ်စီးတည်း ဘယ်သူတွေ

စီးခဲ့သလဲ?

သူတို့တွေအားလုံး Q ဘယ်နှစ်ရက်ဝင်ခဲ့သလဲ? Q ဝင်ရက်က အရေးကြီးလာပါပြီ။ ဒီ

ကိစ္စနဲ့ ပတ်သက်ပြီး စင်ကာပူသတင်းတစ်ခုကို ရေးစရာရှိပါတယ်။ သူတို့တွေအခု

ဘယ်ရောက်နေသလဲ? ပိုအရေးကြီးတဲ့ မေးခွန်းကို မေးပါမယ်။


Fast Track clearance အမြန်ဦးစားပေးဝင်စနစ်နဲ့ ဝင်ခဲ့သူ ဘယ်နှစ်ယောက်ပါသလဲ?

အခုဂျပန်ကိုရောက်လာတဲ့ (၅) ယောက်မှာ (၁) ယောက်ပဲ ရောဂါလက္ခဏာပြပြီး ကျန်

(၄) ယောက်က လုံးဝရောဂါလက္ခဏာမပြပါ။

ကျနော်တို့ရဲ့ နယ်စပ်ထိန်းချုပ်မှု အခြေအနေကဘယ်လိုလဲ? ကျနော်တို့နိုင်ငံမှာ အခု

ဗီဇကွဲအသစ်ကို ခြေရာခံ လိုက်နိုင်တဲ့အခြေအနေရှိပါသလား? သိတဲ့သူများဝိုင်းဝန်း

ဆွေးနွေးအဖြေရှာပေးကြပါ။

ကျေးဇူးတင်ပါတယ်။
Richard Myo Thant

zawgyi

================

ကူးစက္ျမန္ ဗီဇကြဲကိုဗစ္ပိုးအသစ္နဲ႔ ျမန္မာျပည္ က်န္းမာေရးဝန္ႀကီး ေျဖရမယ့္ ေမးခြန္းမ်ား

ကူးစက္လြယ္တဲ့ ယူေကႏိုင္ငံက ကိုဗစ္ဗီဇကြဲအသစ္ဟာ ဂ်ပန္ႏိုင္ငံကို ေရာက္ရွိသြားၿပီ ျဖစ္ပါတယ္။

ဒီဇင္ဘာ ၁၈ နဲ႔ ၂၁ ၾကားထဲမွာ ယူေကႏိုင္ငံကေန လူငါးေယာက္ဟာ အလုပ္/ေက်ာင္း

ကိစၥအတြက္ ဂ်ပန္ကို ေလေၾကာင္းခရီးနဲ႔ ဝင္လာခဲ့ပါတယ္။ အဲ့ဒီထဲက အသက္ ၆၀

အ႐ြယ္လူႀကီးတစ္ေယာက္ဟာ ေရာဂါလကၡဏာစျပၿပီး က်န္ေလးေယာက္က ေရာဂါ

လကၡဏာမျပေသးပါ။


သူတို႔ကိုေလဆိပ္ကေန Q center ကိုတန္းပို႔ခဲ့ပါတယ္တဲ့။ သူတို႔ေတြကို test စစ္ၾကည့္

လို႔ ကိုဗစ္ positive ျဖစ္ေနမွန္း သိတဲ့အခါမွာ ထပ္ၿပီးေတာ့ ေလ့လာမႈလုပ္ခဲ့ရာမွာ ယူ

ေကႏိုင္ငံမွာေတြ႕ရွိတဲ့ ကူးစက္ပိုလြယ္ေသာ ကိုဗစ္ဗိုင္းရပ္စ္ဗီဇကြဲအသစ္ျဖစ္ေနတာကို

ေတြ႕ရပါသတဲ့။ ဂ်ပန္ကပိုမိုတင္းက်ပ္ေသာ နယ္စပ္လုံၿခဳံေရးမူဝါဒကို ခ်မွတ္မယ္လို႔

ဆိုပါတယ္။

က်ေနာ္တို႔ နည္းနည္းေဆြးေႏြးၾကည့္ရေအာင္ ဒီအကူးစက္ျမန္ဗိုင္းရပ္စ္ဟာ

ဒီဇင္ဘာလလယ္နဲ႔ လဆန္းကတည္းက ယူေကႏိုင္ငံကလာတဲ့ ခရီးသြားေတြနဲ႔ အတူ

ပါလာႏိုင္ေနပါၿပီ။


က်ေနာ္တို႔ႏိုင္ငံကို ဒီဇင္ဘာလထဲမွာ ယူေကႏိုင္ငံက ခရီသြားဘယ္ႏွစ္ေယာက္ ဝင္ခဲ့ပါ

သလဲ? အဲ့ဒီ ယူေကႏိုင္ငံက ဝင္လာသူေတြနဲ႔အတူ ေလယာဥ္တစ္စီးတည္း ဘယ္သူေတြ

စီးခဲ့သလဲ?

သူတို႔ေတြအားလုံး Q ဘယ္ႏွစ္ရက္ဝင္ခဲ့သလဲ? Q ဝင္ရက္က အေရးႀကီးလာပါၿပီ။ ဒီ

ကိစၥနဲ႔ ပတ္သက္ၿပီး စင္ကာပူသတင္းတစ္ခုကို ေရးစရာရွိပါတယ္။ သူတို႔ေတြအခု

ဘယ္ေရာက္ေနသလဲ? ပိုအေရးႀကီးတဲ့ ေမးခြန္းကို ေမးပါမယ္။

Fast Track clearance အျမန္ဦးစားေပးဝင္စနစ္နဲ႔ ဝင္ခဲ့သူ ဘယ္ႏွစ္ေယာက္ပါသလဲ?

အခုဂ်ပန္ကိုေရာက္လာတဲ့ (၅) ေယာက္မွာ (၁) ေယာက္ပဲ ေရာဂါလကၡဏာျပၿပီး က်န္

(၄) ေယာက္က လုံးဝေရာဂါလကၡဏာမျပပါ။


က်ေနာ္တို႔ရဲ႕ နယ္စပ္ထိန္းခ်ဳပ္မႈ အေျခအေနကဘယ္လိုလဲ? က်ေနာ္တို႔ႏိုင္ငံမွာ အခု

ဗီဇကြဲအသစ္ကို ေျခရာခံ လိုက္ႏိုင္တဲ့အေျခအေနရွိပါသလား? သိတဲ့သူမ်ားဝိုင္းဝန္း

ေဆြးေႏြးအေျဖရွာေပးၾကပါ။

ေက်းဇူးတင္ပါတယ္။
Richard Myo Thant