ကိုဗစ်ကပ်ရောဂါ ပျံ့နှံ့မှုကြောင့် ထိုင်းနိုင်ငံတွင် မြန်မာလုပ်သားများ ခွဲခြားဆက်ဆံခံနေရပြီး အလုပ်မှ နှင်ထုတ်ခံရမှုများလည်းရှိနေ

ထိုင်းတွင် မြန်မာလုပ်သားများ ခွဲခြားဆက်ဆံခံနေရမှုများရှိပြီး အလုပ်မှ နှင်ထုတ်ခံနေ

ရမှုများရှိကြောင်း မြန်မာလုပ်သားများကို ကူညီဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်း

များက ပြောကြားသည်။

မြန်မာရွှေ့ပြောင်း အလုပ်သမားများ အများစုနေထိုင်သည့် ထိုင်းနိုင်ငံ စမွတ်ဆာခွန်

ခရိုင်တွင် တစ်ကျော့ပြန် ကိုဗစ်ကူးစက်မှုများ ရှိလာသောကြောင့် မြန်မာအများစု

ခွဲခြားဆက်ဆံခံနေရကြောင်း ထိုင်းအခြေစိုက် မြန်မာလုပ်သားများအရေး ကူညီ

ဆောင်ရွက်ပေးနေသည့် ဦးမိုးကြိုးက ဆိုသည်။


“အများပြည်သူသုံးတဲ့ ဘတ်စ်ကားလိုင်းတွေမှာ မြန်မာတွေ့ရင် ကားပေါ်က ဆွဲချပြီး

Quarantine ၁၄ ရက် ဝင်ခိုင်းတယ်။ Quarantine Center တွေမှာလည်း မြန်မာတွေ

ဆိုရင် စောင်၊ ခြင်ထောင်၊ ခေါင်းအုံး၊ အလုံအလောက် မပေးဘူး။ ဒီလောက်

ချမ်းအေးတဲ့ရာသီမှာ စောင်ပါးပါးလေး တစ်ထည်နဲ့ ဖျာတစ်ချပ်ပဲ ပေးတယ်” ဟု ဦး

မိုးကြိုးက ပြောကြားသည်။

ဒီဇင်ဘာ ၂၂ ရက်ကလည်း ထိုင်းစက်ရုံတစ်ခုက မြန်မာလုပ်သားများကို နှင်ထုတ်ပြီး

အခြားပြည်နယ်တစ်ခုမှာ စွန့်ပစ်ထားသည်ဟု ဘန်ကောက်ပိုစ့်သတင်းစာတွင် ဖော်ပြ

ထားသည်။

အဆိုပါ မြန်မာလုပ်သားများ လုပ်ကိုင်သည့် စမွတ်စခွန်ပြည်နယ်က စက်ရုံအား ရဲ

အရာရှိများ လာရောက် စစ်ဆေးမည် ဖြစ်သည့်အတွက် မြန်မာလုပ်သားများကို

စက်ရုံတွင် ဆက်နေခွင့်မပေးဘဲ အာဏာပိုင်များ မမြင်အောင် ရာယောင်းပြည်နယ်ရှိ

သစ်တောထဲတွင် သွားပုန်းနေရန် မြန်မာလုပ်သား ၂၃ ဦးကို စက်ရုံဝန်ထမ်းဦးဗန်ကား

ပေါ် တင်ပေးခဲ့ကြောင်း ဘန်ကောက်ပိုစ့်သတင်းအရ သိရသည်။


မြန်မာလုပ်သား ကိုးဦးသည် လမ်းမှာ ဆင်းနေခဲ့ကြပြီး ကျန်မြန်မာလုပ်သား ၁၄ ဦးမှာ

တောထဲ မသွားချင်ဘူးပြောပြီး ၎င်းတို့၏ ဆွေမျိုးသားချင်းများရှိသည့် ဆမွတ်ပရာ

ကန်ပြည်နယ် ဘန်ဖလီခရိုင်က စက်ရုံကို ပို့ခိုင်းပြီး အဆိုပါစက်ရုံပိုင်ရှင်က ပေးမဝင်

စေတာကြောင့် ည ၁၁ နာရီလောက်တွင် ရဲများ ရောက်ရှိလာကြောင်း သိရသည်။

အဆိုပါ မြန်မာလုပ်သား ၁၄ ဦးထဲတွင် ခြောက်ဦးသာ နိုင်ငံကူးလက်မှတ်ရှိကြောင်း ရဲ

များ၏ စစ်ဆေးချက်အရ သိရသည်။

မြန်မာလုပ်သားများကို COVID-19 ရောဂါ စစ်ဆေးရန် နှာခေါင်းတို့ဖတ်၊ အာခေါင်

တို့ဖတ် နမူနာယူပြီး အသွားအလာ ကန့်သတ်ထားကြောင်း ဘန်ကောက်ပို့စ်က ဖော်ပြ

ထားသည်။

ထိုင်းနိုင်ငံတွင် တစ်ကျော့ပြန် ဖြစ်ပွားနေသည့် ကိုဗစ်ရောဂါ ပျံ့နှံ့မှုသည် မြန်မာ

ရွှေ့ပြောင်း အလုပ်သမားများ အများဆုံးနေထိုင်သည့် စမွတ်စခွန်ခရိုင် မဟာချိုင်

ဒေသတွင် စတင်ပျံ့နှံ့နေကြောင်း သိရသည်။

ဒီဇင်ဘာ ၁၃ ရက်တွင် စမွတ်ဆာခွန်ခရိုင်ရှိ ပုစွန်စျေးကြီးတွင် အသက် ၆၈ အရွယ်

ထိုင်းနိုင်ငံသူ တစ်ဦးသည် စတင်ဖျားနာပြီး စစ်ဆေးကြည့်ရာ ကိုဗစ်ပိုး တွေ့ရှိခဲ့ပြီး

နောက် ထိုင်းအာဏာပိုင်များက အဆိုပါဒေသတွင် ရောဂါစစ်ဆေးမှုများ ဆက်တိုက်

လုပ်ဆောင်နေကြောင်း သိရသည်။


ဒီဇင်ဘာ ၁၇ ရက်ကစတင်ပြီး အဆိုပါ စမွတ်ဆာခွန်ခရိုင်မှာ တစ်ကျော့ပြန် ကိုဗစ်ပျံ့နှံ့

မှုများ ဖြစ်ပွားနေပြီး လူ ၁၀၀၀ ကျော် ကူးစက်ခံနေရကြောင်း ထိုင်းသတင်းများတွင်

ဖော်ပြထားကြသည်။

လက်ရှိတွင် မဟာချိုင်ဒေသကို Lockdown ချထားပြီး ရွှေ့ပြောင်း အလုပ်သမားများ

နယ်မြေကျော် မသွားလာစေရန် ထိုင်းအာဏာပိုင်များက စစ်ဆေးမှုများ တင်းကြပ်

ထားကြောင်း သိရသည်။

zawgyi

====================

ထိုင္းတြင္ ျမန္မာလုပ္သားမ်ား ခြဲျခားဆက္ဆံခံေနရမႈမ်ားရွိၿပီး အလုပ္မွ ႏွင္ထုတ္ခံေန

ရမႈမ်ားရွိေၾကာင္း ျမန္မာလုပ္သားမ်ားကို ကူညီေဆာင္႐ြက္ေပးေနသည့္ အဖြဲ႕အစည္း

မ်ားက ေျပာၾကားသည္။

ျမန္မာေ႐ႊ႕ေျပာင္း အလုပ္သမားမ်ား အမ်ားစုေနထိုင္သည့္ ထိုင္းႏိုင္ငံ စမြတ္ဆာခြန္

ခ႐ိုင္တြင္ တစ္ေက်ာ့ျပန္ ကိုဗစ္ကူးစက္မႈမ်ား ရွိလာေသာေၾကာင့္ ျမန္မာအမ်ားစု

ခြဲျခားဆက္ဆံခံေနရေၾကာင္း ထိုင္းအေျခစိုက္ ျမန္မာလုပ္သားမ်ားအေရး ကူညီ

ေဆာင္႐ြက္ေပးေနသည့္ ဦးမိုးႀကိဳးက ဆိုသည္။

“အမ်ားျပည္သူသုံးတဲ့ ဘတ္စ္ကားလိုင္းေတြမွာ ျမန္မာေတြ႕ရင္ ကားေပၚက ဆြဲခ်ၿပီး

Quarantine ၁၄ ရက္ ဝင္ခိုင္းတယ္။ Quarantine Center ေတြမွာလည္း ျမန္မာေတြ

ဆိုရင္ ေစာင္၊ ျခင္ေထာင္၊ ေခါင္းအုံး၊ အလုံအေလာက္ မေပးဘူး။ ဒီေလာက္

ခ်မ္းေအးတဲ့ရာသီမွာ ေစာင္ပါးပါးေလး တစ္ထည္နဲ႔ ဖ်ာတစ္ခ်ပ္ပဲ ေပးတယ္” ဟု ဦး

မိုးႀကိဳးက ေျပာၾကားသည္။


ဒီဇင္ဘာ ၂၂ ရက္ကလည္း ထိုင္းစက္႐ုံတစ္ခုက ျမန္မာလုပ္သားမ်ားကို ႏွင္ထုတ္ၿပီး

အျခားျပည္နယ္တစ္ခုမွာ စြန႔္ပစ္ထားသည္ဟု ဘန္ေကာက္ပိုစ့္သတင္းစာတြင္ ေဖာ္ျပ

ထားသည္။

အဆိုပါ ျမန္မာလုပ္သားမ်ား လုပ္ကိုင္သည့္ စမြတ္စခြန္ျပည္နယ္က စက္႐ုံအား ရဲ

အရာရွိမ်ား လာေရာက္ စစ္ေဆးမည္ ျဖစ္သည့္အတြက္ ျမန္မာလုပ္သားမ်ားကို

စက္႐ုံတြင္ ဆက္ေနခြင့္မေပးဘဲ အာဏာပိုင္မ်ား မျမင္ေအာင္ ရာေယာင္းျပည္နယ္ရွိ

သစ္ေတာထဲတြင္ သြားပုန္းေနရန္ ျမန္မာလုပ္သား ၂၃ ဦးကို စက္႐ုံဝန္ထမ္းဦးဗန္ကား

ေပၚ တင္ေပးခဲ့ေၾကာင္း ဘန္ေကာက္ပိုစ့္သတင္းအရ သိရသည္။

ျမန္မာလုပ္သား ကိုးဦးသည္ လမ္းမွာ ဆင္းေနခဲ့ၾကၿပီး က်န္ျမန္မာလုပ္သား ၁၄ ဦးမွာ

ေတာထဲ မသြားခ်င္ဘူးေျပာၿပီး ၎တို႔၏ ေဆြမ်ိဳးသားခ်င္းမ်ားရွိသည့္ ဆမြတ္ပရာ

ကန္ျပည္နယ္ ဘန္ဖလီခ႐ိုင္က စက္႐ုံကို ပို႔ခိုင္းၿပီး အဆိုပါစက္႐ုံပိုင္ရွင္က ေပးမဝင္

ေစတာေၾကာင့္ ည ၁၁ နာရီေလာက္တြင္ ရဲမ်ား ေရာက္ရွိလာေၾကာင္း သိရသည္။

အဆိုပါ ျမန္မာလုပ္သား ၁၄ ဦးထဲတြင္ ေျခာက္ဦးသာ ႏိုင္ငံကူးလက္မွတ္ရွိေၾကာင္း ရဲ

မ်ား၏ စစ္ေဆးခ်က္အရ သိရသည္။


ျမန္မာလုပ္သားမ်ားကို COVID-19 ေရာဂါ စစ္ေဆးရန္ ႏွာေခါင္းတို႔ဖတ္၊ အာေခါင္

တို႔ဖတ္ နမူနာယူၿပီး အသြားအလာ ကန႔္သတ္ထားေၾကာင္း ဘန္ေကာက္ပို႔စ္က ေဖာ္ျပ

ထားသည္။

ထိုင္းႏိုင္ငံတြင္ တစ္ေက်ာ့ျပန္ ျဖစ္ပြားေနသည့္ ကိုဗစ္ေရာဂါ ပ်ံ႕ႏွံ႔မႈသည္ ျမန္မာ

ေ႐ႊ႕ေျပာင္း အလုပ္သမားမ်ား အမ်ားဆုံးေနထိုင္သည့္ စမြတ္စခြန္ခ႐ိုင္ မဟာခ်ိဳင္

ေဒသတြင္ စတင္ပ်ံ႕ႏွံ႔ေနေၾကာင္း သိရသည္။

ဒီဇင္ဘာ ၁၃ ရက္တြင္ စမြတ္ဆာခြန္ခ႐ိုင္ရွိ ပုစြန္ေစ်းႀကီးတြင္ အသက္ ၆၈ အ႐ြယ္

ထိုင္းႏိုင္ငံသူ တစ္ဦးသည္ စတင္ဖ်ားနာၿပီး စစ္ေဆးၾကည့္ရာ ကိုဗစ္ပိုး ေတြ႕ရွိခဲ့ၿပီး

ေနာက္ ထိုင္းအာဏာပိုင္မ်ားက အဆိုပါေဒသတြင္ ေရာဂါစစ္ေဆးမႈမ်ား ဆက္တိုက္

လုပ္ေဆာင္ေနေၾကာင္း သိရသည္။

ဒီဇင္ဘာ ၁၇ ရက္ကစတင္ၿပီး အဆိုပါ စမြတ္ဆာခြန္ခ႐ိုင္မွာ တစ္ေက်ာ့ျပန္ ကိုဗစ္ပ်ံ႕ႏွံ႔

မႈမ်ား ျဖစ္ပြားေနၿပီး လူ ၁၀၀၀ ေက်ာ္ ကူးစက္ခံေနရေၾကာင္း ထိုင္းသတင္းမ်ားတြင္

ေဖာ္ျပထားၾကသည္။

လက္ရွိတြင္ မဟာခ်ိဳင္ေဒသကို Lockdown ခ်ထားၿပီး ေ႐ႊ႕ေျပာင္း အလုပ္သမားမ်ား

နယ္ေျမေက်ာ္ မသြားလာေစရန္ ထိုင္းအာဏာပိုင္မ်ားက စစ္ေဆးမႈမ်ား တင္းၾကပ္

ထားေၾကာင္း သိရသည္။