“ ကိုဗစ်ကာကွယ်ဆေးထိုးနိုင်ခဲ့တဲ့ မြန်မာနိုင်ငံသား အမေရိကန်ရောက် ဆရာဝန်Dr. ကျော်ဇောဟိန်း ”
“ ကိုဗစ်ကာကွယ်ဆေးထိုးနိုင်ခဲ့ပြီဖြစ်တဲ့အပြင် ဆေးအာနိသင်အကြောင်းမျှဝေလာတဲ့ မြန်မာနိုင်ငံသား အမေရိကန်ရောက် ဆရာဝန်Dr. ကျော်ဇောဟိန်း ”
ကာကွယ်ဆေး ဘယ်လောက်ကောင်းလဲ ဘယ်သူတွေ ထိုးနိုင်လဲဘာတွေ ပြင်ဆင်ထား
သင့်လဲဆိုတာကို မြန်မာလို အတိုချုပ် ဘာသာပြန်ရေးသားလိုက်ပါတယ် ခင်ဗျာ။
(၁) ဆေးအာနိသင် ဘယ်လောက်ကောင်းလဲ ?
Pfizer ကာကွယ်ဆေးက ကိုဗစ်−၁၉ ကို တားဆီးနိုင်စွမ်းရှိပါတယ်။လူ ၄၀,၀၀၀
(လေးသောင်း) ကျော်ပါဝင်တဲ့ ဆေးသိပ္ပံ စမ်းသပ်ချက်အရ ဆေးထိုးထားလျှင် ကိုဗစ်
ရောဂါကို ၉၅ % တားဆီးနိုင်စွမ်း ရှိပါတယ်(ကမ္ဘာ့ကျန်းမာရေးအဖွဲ့က . သတ်မှတ်
ထားတဲ့၇၀% ထက် များစွာပိုကောင်းပါတယ်.)
(၂) ဆေးထိုးသင့်သူများ
ကာကွယ်ဆေးကို ၁၆ နှစ်ပြည့်ပြီးသူများတွင် ၂၁ ရက်ခြားပြီး ၂ ကြိမ်ထိုးနိုင်ပါတယ် ။
(၃) ဆေး ‘မ’ ထိုးသင့်သူများ
Pfizer ကုမ္ပဏီထုတ် ကာကွယ်ဆေးများနဲ့ ဓါတ်မတည့်သူများ၊ရက် ၉၀ အတွင်း ကိုဗ
စ် ဖြစ်ဖူးသူများ၊ကိုဗစ် သံသယ လူနာများ၊ကိုယ်ခံအားနည်း ရောဂါရှင်များ၊သွေးကျဲ
ဆေး သောက်နေသူများ၊နို့တိုက်မိခင်များ ၊ ကိုယ်ဝန်ဆောင်များ
မှတ်ချက်။ အထက်ပါအုပ်စုများမှာ ဆရာဝန်ထောက်ခံလျှင် ဆေးထိုးနိုင်ပါတယ်။
(၄)ဖြစ်နိုင်ခြေရှိသည့် ဘေးထွက်ဆိုးကျိုးများ
ဆေးထိုးသည့်နေရာတွင် နာကျင် (သို့) အောင့် နေခြင်း၊ဆေးထိုးသည့်နေရာတွင်
ရောင်ရမ်းခြင်း၊အဖျားငွေ့ငွေ့တက်ခြင်း၊နွမ်းလျခြင်း၊ချမ်းတုန်ခြင်း၊ခေါင်းကိုက်ခြင်း။
ကျနော်ကိုယ်တိုင် ဆေးထိုးပြီးနောက် လက်မောင်းအောင့်သလို ခံစားရပြီး၊ နောက်
ရက် ပြန်ကောင်းသွားပါတယ်။
(၅)ဆေးဓါတ်မတည့်ခြင်း (allergic reaction) ဖြစ်ရင်တော့ နီးစပ်ရာ ဆေးရုံကို အ
မြန်သွားသင့်ပါတယ်
ကပ်ရောဂါကြီး နိဂုံးချုပ်ပြီး ပုံမှန် အနေအထားပြန်ရောက်ဖို့ မြန်မာနိုင်ငံကို ‘ဆေး’ အ
မြန်ဆုံးရောက်ရှိအောင်ဆုတောင်းနေပါတယ် ခင်ဗျာ
Dr. ကျော်ဇောဟိန်း, MD, PhD
zawgyi
===================
(၂) ဆေးထိုးသင့်သူများ
(၃) ဆေး ‘မ’ ထိုးသင့်သူများ
မြန်သွားသင့်ပါတယ်