သတ်မှတ်ထားတာနဲ့ မညီလို့ ခင်းထားတဲ့ ကွန်ကရစ်လမ်းကို ဘက်ဟိုးနဲ့ တူးပစ်တဲ့ မြိတ်စည်ပင်

သတ်မှတ်ထားတာနဲ့ မညီလို့ ခင်းထားတဲ့ ကွန်ကရစ်လမ်းကို ဘက်ဟိုးနဲ့ တူးပစ်တဲ့ မြိတ်စည်ပင်

မြိတ်မြို့၊ ရွှေပြည်တန် လမ်းမကြီးအား ကန်ထရိုက်က သတ်မှတ်စံနှုန်း အတိုင်း

လမ်းမခင်းလို့ စည်ပင် သာယာရေးကော်မတီ က ပြန်လည်ဖြိုဖျက် ခဲ့ပါတယ်။


မြိတ်မြို့နယ်၊ မြိတ်တောင်ကျေးရွာ အုပ်စု၊ အင်းလေးမြိုင် ရပ်ကွက်ရှိ ရွှေပြည်တန်

လမ်းမကြီး ကို ကွန်ကရစ်လမ်း ခင်းရာ မှာ တာဝန်ယူထား တဲ့ ကန်ထရိုက်က

သတ်မှတ်ထားတဲ့ ပေအတိုင်း မခင်းပဲ ပေလျော့ခင်းထား လို့ မြိတ်မြို့နယ်

စည်ပင်သာယာရေးကော်မတီ က စက်တင်ဘာ ၂၈ ရက်နေ့မှာ စတင်ဖြိုဖျက်ခဲ့တယ်

လို့ သိရပါတယ်။


ကန်ထရိုက် က ကျနော်တို့ အမြဲတာဝန်ပေးနေတဲ့ အဖွဲ့ပါ ။ လမ်းကော်မတီတွေ၊

အရပ်သားတွေ ကလည်း ဒီရက်ပိုင်းမှာ ရာသီဥတုဆိုးရွားနေ လို့ ကြီးကြပ်မှုအပိုင်းမှာ

အားနည်း မှုဖြစ်သွားတယ်။ ဒါကိုအခွင့်ကောင်းယူပြီး သတ်မှတ်ထားတဲ့ ၆ လက်မခင်း

ရမယ့် ကွန် ကရစ်ထုကို ၅ လက်မ၊ ၄ လက်မ စသဖြင့်ခင်းသွားတယ် ၊ ကျနော်

ကိုယ်တိုင်သွားရောက်စစ်ဆေးတော့ တကယ်ပဲ ပေတွေလျော့ပြီး ခင်းထားတာတွေ့ရ

တယ်။ ဒါကြောင့် ဘက်ဟိုး နဲ့ ချက်ချင်းပြန်တူးပစ်လိုက်တယ်။ ကန်ထရိုက်ကိုလည်း

သတ်မှတ်ထားတဲ့ ထုထည်အတိုင်း ပြန်ခင်းဖို့ ညွှန်ကြားခဲ့ပါတယ် လို့ မြိတ်မြို့နယ်

စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးမြတ်ကိုကိုက ပြောကြားခဲ့ပါတယ်။


ရွှေပြည်တန် လမ်းမကြီးကို အရှည်ပေ ၂၇၀၀ ၊ အနံ ၂၄ (စည်ပင် ၁၂ ပေ + ပြည်သူ

၁၂ ပေ) ထုထည် ၆ လက်မခင်းဖို့ စီစဉ်ထားသလို အစိုးရ နဲ့ ပြည်သူပူးပေါင်း

ဆောင်ရွက်နေတဲ့ လမ်းမကြီးတခုဖြစ်ကြောင်း သိရ ပါတယ်။ လက်ရှိ အနေထားအရ

ပေ ၁၀၀၀ အထိ ခင်းထားပြီးဖြစ်ကာ စံနှုန်းမညီတဲ့ ကွန်ကရစ်လမ်းမှာ ပေ ၁၈၀ အထိ

တွေ့ရှိရလို့ စံနှုန်းမမီတဲ့ နေရာများကို ပြန်လည်းတူးဖော်နေကြာင်း သိရ ပါ တယ်။


စည်ပင်သာယာရေးကော်မတီ ရဲ့ ဆောင်ရွက်ချက် ကို လေးစား ပါတယ် ။ ဒီလို

ပြတ်ပြတ် သားသားလုပ် မှ နောက်ပိုင်း ကန်ထရိုက်တွေလည်း နိုင်ငံတော်ရဲ့ဘတ်ဂျက်

ကို အလွဲသုံးစား မလုပ်ရဲတော့မှာ၊ အခုရပ်ကွက်သားတွေကတော့ ဒီလိုဆောင်ရွက်

ပေးတဲ့ အတွက် ကျေနပ် အားရသွားကြတယ်၊ လမ်းကော်မတီတွေအနေ နဲ့လည်း

သေချာစောင့်ကြည့်သွားမယ်လို့ ပြောနေပါတယ်လို့ ရွှေပြည်တန်လမ်း တွင်နေထိုင်သူ

တဦးက ပြောပါတယ်။

အစိုးရသစ် တက်လာပြီး နောက်ပိုင်းမှာ ပြည်သူ နဲ့ အစိုးရပူးပေါင်းပြီး လမ်းအများ

အပြား ကို ကွန်ကရစ်ခင်းတာတွေ ဆောင်ရွက်နေကြောင်းသိရပါတယ်။

zawgyi

===============

သတ္မွတ္ထားတာနဲ႔ မညီလို႔ ခင္းထားတဲ့ ကြန္ကရစ္လမ္းကို ဘက္ဟိုးနဲ႔ တူးပစ္တဲ့ ၿမိတ္စည္ပင္

ၿမိတ္ၿမိဳ႕၊ ေ႐ႊျပည္တန္ လမ္းမႀကီးအား ကန္ထ႐ိုက္က သတ္မွတ္စံႏႈန္း အတိုင္း

လမ္းမခင္းလို႔ စည္ပင္ သာယာေရးေကာ္မတီ က ျပန္လည္ၿဖိဳဖ်က္ ခဲ့ပါတယ္။


ၿမိတ္ၿမိဳ႕နယ္၊ ၿမိတ္ေတာင္ေက်း႐ြာ အုပ္စု၊ အင္းေလးၿမိဳင္ ရပ္ကြက္ရွိ ေ႐ႊျပည္တန္

လမ္းမႀကီး ကို ကြန္ကရစ္လမ္း ခင္းရာ မွာ တာဝန္ယူထား တဲ့ ကန္ထ႐ိုက္က

သတ္မွတ္ထားတဲ့ ေပအတိုင္း မခင္းပဲ ေပေလ်ာ့ခင္းထား လို႔ ၿမိတ္ၿမိဳ႕နယ္

စည္ပင္သာယာေရးေကာ္မတီ က စက္တင္ဘာ ၂၈ ရက္ေန႔မွာ စတင္ၿဖိဳဖ်က္ခဲ့တယ္

လို႔ သိရပါတယ္။


ကန္ထ႐ိုက္ က က်ေနာ္တို႔ အၿမဲတာဝန္ေပးေနတဲ့ အဖြဲ႕ပါ ။ လမ္းေကာ္မတီေတြ၊

အရပ္သားေတြ ကလည္း ဒီရက္ပိုင္းမွာ ရာသီဥတုဆိုး႐ြားေန လို႔ ႀကီးၾကပ္မႈအပိုင္းမွာ

အားနည္း မႈျဖစ္သြားတယ္။ ဒါကိုအခြင့္ေကာင္းယူၿပီး သတ္မွတ္ထားတဲ့ ၆ လက္မခင္း

ရမယ့္ ကြန္ ကရစ္ထုကို ၅ လက္မ၊ ၄ လက္မ စသျဖင့္ခင္းသြားတယ္ ၊ က်ေနာ္

ကိုယ္တိုင္သြားေရာက္စစ္ေဆးေတာ့ တကယ္ပဲ ေပေတြေလ်ာ့ၿပီး ခင္းထားတာေတြ႕ရ

တယ္။ ဒါေၾကာင့္ ဘက္ဟိုး နဲ႔ ခ်က္ခ်င္းျပန္တူးပစ္လိုက္တယ္။ ကန္ထ႐ိုက္ကိုလည္း

သတ္မွတ္ထားတဲ့ ထုထည္အတိုင္း ျပန္ခင္းဖို႔ ၫႊန္ၾကားခဲ့ပါတယ္ လို႔ ၿမိတ္ၿမိဳ႕နယ္

စည္ပင္သာယာေရးေကာ္မတီ ဥကၠ႒ ဦးျမတ္ကိုကိုက ေျပာၾကားခဲ့ပါတယ္။


ေ႐ႊျပည္တန္ လမ္းမႀကီးကို အရွည္ေပ ၂၇၀၀ ၊ အနံ ၂၄ (စည္ပင္ ၁၂ ေပ + ျပည္သူ

၁၂ ေပ) ထုထည္ ၆ လက္မခင္းဖို႔ စီစဥ္ထားသလို အစိုးရ နဲ႔ ျပည္သူပူးေပါင္း

ေဆာင္႐ြက္ေနတဲ့ လမ္းမႀကီးတခုျဖစ္ေၾကာင္း သိရ ပါတယ္။ လက္ရွိ အေနထားအရ

ေပ ၁၀၀၀ အထိ ခင္းထားၿပီးျဖစ္ကာ စံႏႈန္းမညီတဲ့ ကြန္ကရစ္လမ္းမွာ ေပ ၁၈၀ အထိ

ေတြ႕ရွိရလို႔ စံႏႈန္းမမီတဲ့ ေနရာမ်ားကို ျပန္လည္းတူးေဖာ္ေနၾကာင္း သိရ ပါ တယ္။


စည္ပင္သာယာေရးေကာ္မတီ ရဲ႕ ေဆာင္႐ြက္ခ်က္ ကို ေလးစား ပါတယ္ ။ ဒီလို

ျပတ္ျပတ္ သားသားလုပ္ မွ ေနာက္ပိုင္း ကန္ထ႐ိုက္ေတြလည္း ႏိုင္ငံေတာ္ရဲ႕ဘတ္ဂ်က္

ကို အလြဲသုံးစား မလုပ္ရဲေတာ့မွာ၊ အခုရပ္ကြက္သားေတြကေတာ့ ဒီလိုေဆာင္႐ြက္

ေပးတဲ့ အတြက္ ေက်နပ္ အားရသြားၾကတယ္၊ လမ္းေကာ္မတီေတြအေန နဲ႔လည္း

ေသခ်ာေစာင့္ၾကည့္သြားမယ္လို႔ ေျပာေနပါတယ္လို႔ ေ႐ႊျပည္တန္လမ္း တြင္ေနထိုင္သူ

တဦးက ေျပာပါတယ္။

အစိုးရသစ္ တက္လာၿပီး ေနာက္ပိုင္းမွာ ျပည္သူ နဲ႔ အစိုးရပူးေပါင္းၿပီး လမ္းအမ်ား

အျပား ကို ကြန္ကရစ္ခင္းတာေတြ ေဆာင္႐ြက္ေနေၾကာင္းသိရပါတယ္။