
ကိုဗစ်ကပ်ရောဂါ ကူးစက်ခံရသူတွေထဲ ပြည်နယ်နဲ့တိုင်း အသီးသီးက ရွေးကောက်ပွဲ
လုပ်ငန်းတွေမှာ တာဝန်ထမ်းဆောင်ခဲ့သူ ၁၀၀ ထက်မနည်း ပါဝင်နေတဲ့အကြောင်း ဗွီ
အိုအေမြန်မာပိုင်း သတင်းထောက်မစုစုက သတင်းပေးပို့ထားပါတယ်။
ကပ်ရောဂါကာလ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအပြီး သီတင်း ၂ ပတ်ကြာ အချိန်မှာပဲ
ရောဂါကူးစက်ခံရသူတွေထဲ ရွေးကောက်ပွဲ တာဝန်ထမ်းဆောင်ခဲ့သူတွေလည်း
အများအပြား ပါဝင်လာပါတယ်။ ရွေးကောက်ပွဲအကြိုကာလတုန်းက မဲဆွယ်စည်းရုံး
မှုတွေနဲ့ လူစုလူဝေးတွေ လုပ်ခဲ့တဲ့ ပဲခူးတိုင်းမှာတော့ ကိုဗစ်ရောဂါပိုးကူးစက်သူ လူနာ
သစ်တွေထဲမှာ မဲရုံတာဝန်ကျ ပညာရေးဝန်ထမ်း ၅ ဦးလည်း ပါဝင်လာတဲ့အကြောင်း
မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဝင်းနိုင်က VOA ကိုပြောပါ
တယ်။
“မဲရုံမှူးတာဝန်ထမ်းဆောင်ရင်းတော့ ဖြစ်သွားတာပေါ့။ ဒါပေမဲ့ သူတို့ကို ကျနော်တို့က
ကျန်းမာရေးပစ္စည်းတွေကို ၁၀ ဘီးကားနဲ့ဆို ၆ စီးတောင်မှ ပဲခူးမြို့မှာဝေထားတာ
လေ။ PPE တွေကို အကုန်ဝေပေးထားတာပဲလေ။ အဲဒီတုန်းကတော့ မဖြစ်ဘူးပေါ့
ဗျာ။ နောက်တော့မှ Positive တဖြည်းဖြည်းပေါ်လာတာတော့ ကျနော်တို့လည်းပဲ
လူအများကြီးနဲ့ဆက်ဆံရတာဆိုတော့ သိပ်မတတ်နိုင်တော့ဘူး။ ကျနော်ကိုယ်တိုင်
တောင်မှ ရွေးကောက်ပွဲပြီးတော့ ဖျားတာ ဒီနေ့မှရုံးပြန်တက်နိုင်တယ်။ ကိုဗစ်စင်တာ
ကနေပြီး Home Stay နေပြီး ကျန်းမာရေးကုပါဆိုပြီး ကုလိုက်တော့ ရိုးရိုးအဖျား
မဟုတ်ဘူး။ ကျနော်လည်းပဲ အခုမှရုံးပြန်တက်နိုင်တာဆိုတော့ အဲဒီလိုတော့ရှိတာပေါ့
နော်။”
မြန်မာနိုင်ငံမှာ ကပ်ရောဂါ တကျော့ပြန် စတင်ခဲ့ရာ နေရာလည်းဖြစ်၊ အတည်ပြုလူနာ
ဒုတိယအများဆုံးလည်း ရှိနေတဲ့ ရခိုင်ပြည်နယ်မှာတော့ ရွေးကောက်ပွဲခရိုင်ဥက္ကဋ္ဌတွေ
အပါအဝင်၊ စုစုပေါင်း တာဝန်ထမ်းဆောင်ခဲ့သူတွေထဲက ၅ ဦးမှာ ရောဂါကူးစက်ခံခဲ့ရ
တယ်လို့ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးသူရိန်ထွဋ်က
ပြောပါတယ်။
“မောင်တောခရိုင်ကော်မရှင် ဥက္ကဋ္ဌ တယောက်၊ ဘူးသီးတောင်ကော်မရှင် ဥက္ကဋ္ဌတ
ယောက်၊ ဥက္ကဋ္ဌ နှစ် ယောက်ကူးတယ်။ နောက် အဖွဲ့ဝင်ထဲက ၃ ယောက်လောက်ကူး
တယ်။ ရုံးအဖွဲ့ထဲကတော့ ကူးစက်ခံရသူ မရှိဘူးပေါ့နော်။”
ကရင်ပြည်နယ်မှာတော့ ရွေးကောက်ပွဲနောက်ဆက်တွဲ မဲရုံတာဝန်ထမ်းဆာင်ခဲ့သူတွေ
ထဲမှာ ကိုဗစ်ပိုးရှိသူတွေ စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ကရင်ပြည်နယ် ရွေးကောက်ပွဲ
ကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး ဦးမောင်မောင်နိုင်က ပြောပါတယ်။
“ကော့ကရိတ်ဘက်မှာတော့ ၂ ယောက်၊ ၃ ယောက်တော့ရှိတယ် Positive ကလေ။
ကော့ကရိတ်ဘက်မှာက ရပ်ကျေးကော်မရှင်ပေါ့နော်။ မဲရုံတွေမှာ ကြိုတင်မဲပေးခြင်း
လုပ်ငန်းတွေ စနေတဲ့အချိန်မှာ ဖြစ်တာပေါ့နော်။ ဘားအံမှာတော့ မဲရုံက ဆရာမတ
ယောက်က ရွေးကောက်ပွဲပြီးတော့မှ Positive တယောက်ရှိမှန်းသိတာပေါ့။
ရွေးကောက်ပွဲ မဲပေးတဲ့နေ့တုန်းကတော့ မသိဘူးပေါ့နော်။ ရွေးကောက်ပွဲပြီးတော့ ၃
ရက်လောက်နေတော့မှ သူက Positive ဆိုပြီး ဆရာမတယောက်ပဲတွေ့တယ်။ ကျန်
တာတော့ မရှိပါဘူး။”
ရန်ကုန်၊ မန္တလေးနဲ့ ဧရာဝတီတိုင်းမှာလည်း ရွေးကောက်ပွဲ တာဝန်ထမ်းဆောင်ခဲ့သူ
တွေထဲက ကပ်ရောဂါကူးစက်ခံရသူပေါင်း ၉၀ ကျော်ရှိနေတာပါ။ ရွေးကောက်ပွဲ
ကာလနဲ့ နောက်ဆက်တွဲ ရက်တွေမှာ လူစုလူဝေးနဲ့ ထိတွေ့ဆက်ဆံမှုတွေ ရှိခဲ့တာ
ကြောင့် ရောဂါကူးစက်မှုတွေ တိုးလာနိုင်ကြောင်း အစိုးရနဲ့ ကျန်းမာရေး တာဝန်ရှိသူ
တွေ သတိပေးနေချိန်မှာပဲ ရွေးကောက်ပွဲလုပ်ငန်းမှာ ပါဝင်သူတွေ ကူးစက်ခံနေရတဲ့
သတင်းတွေလည်း ထွက်ပေါ်နေတာပါ။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြော
ခွင့်ရ၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီး
ကလည်း အခုရက်သတ္တပတ်မှာ ရောဂါကူးစက်သူဦးရေနဲ့ အထူးကြပ်မတ်ကုသပေးရ
တဲ့လူနာ တိုးလာနေလို့ ပြည်သူတွေမပေါ့ဆဖို့ကို သတိပေးထားပါတယ်။
“လက်ရှိအနေအထားအရ ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် ဒီအပတ်ထဲမှာရောဂါဖြစ်ပွားမှု
တွေကလည်း တိုးလာတယ်။ ၁၇ ရက်နေ့ကစပြီး ရောဂါဖြစ်ပွားမှုက ၁,၆၀၀ နီးနီးတိုး
လာတာ ၄ ရက်ဆက်တိုက်ဖြစ်ပါတယ်။ ပြီးရင် ၁၅၀၀ – ၁၄၀၀ လောက်ဖြစ်လာ
တယ်။ ဒါဟာ ပြီးခဲ့တဲ့တပတ်နဲ့နှိုင်းယှဉ်ရင် ရောဂါဖြစ်ပွားမှုက တော်တော်ကြီးကို တိုး
လာတယ်ဆိုတာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့အပတ်က ရောဂါဖြစ်ပွားမှုက ၁,၀၀၀
ဝန်းကျင်၊ တထောင်အောက်ဖြစ်တာနဲ့ ၁,၅၀၀ ဝန်းကျင်ဖြစ်တော့ ၃ ပုံ ၁ ပုံတိုးလာ
တယ်ဆိုတာ မြင်သာတဲ့ကိစ္စဖြစ်ပါတယ်။ အခုလက်ရှိမှာလည်း ICU မှာ ကုသမှုခံယူ
နေတဲ့ လူနာဦးရေလည်း တက်လာပါတယ် ၁၃၇ ယောက်ရှိပါတယ်။ ဒါဆို အရင်က
ထက်စာရင် ၃ ပုံ ၁ ပုံလောက်တက်လာတဲ့ အနေအထားကိုတွေ့ရတာဖြစ်ပါတယ်။ ဒါ
ကြောင့် ပြည်သူတွေအနေနဲ့ ဘယ်လိုနည်းနဲ့မှ မပေါ့ဆစေချင်ပါဘူး။”
ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနရဲ့ ဒီကနေ့မွန်းလွဲပိုင်း ထုတ်ပြန်ပြီးချိန်အထိ
မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ ၁,၇၃၉ ဦးနဲ့ကူးစက်သူ
အတည်ပြုလူနာ ၇၉,၂၄၆ ဦးရှိပါတယ်။ ရောဂါအတည်ပြုလူနာတွေထဲက ၆၅
ရာခိုင်နှုန်းလောက်ဟာ ရောဂါလက္ခဏာမရှိဘဲ ပိုးကူးစက်ခံရသူတွေဖြစ်လို့ ဘယ်သူမ
ဆို ကပ်ရောဂါနဲ့ပတ်သက်တဲ့ စည်းမျဉ်းတိုင်းကိုလိုက်နာဖို့ ကျန်းမာရေးနဲ့အားကစား
ဝန်ကြီးဌာနက သတိပေးထားပါတယ်။
zawgyi
==============
ကိုဗစ္ကပ္ေရာဂါ ကူးစက္ခံရသူေတြထဲ ျပည္နယ္နဲ႔တိုင္း အသီးသီးက ေ႐ြးေကာက္ပြဲ
လုပ္ငန္းေတြမွာ တာဝန္ထမ္းေဆာင္ခဲ့သူ ၁၀၀ ထက္မနည္း ပါဝင္ေနတဲ့အေၾကာင္း ဗြီ
အိုေအျမန္မာပိုင္း သတင္းေထာက္မစုစုက သတင္းေပးပို႔ထားပါတယ္။
ကပ္ေရာဂါကာလ က်င္းပခဲ့တဲ့ ေ႐ြးေကာက္ပြဲအၿပီး သီတင္း ၂ ပတ္ၾကာ အခ်ိန္မွာပဲ
ေရာဂါကူးစက္ခံရသူေတြထဲ ေ႐ြးေကာက္ပြဲ တာဝန္ထမ္းေဆာင္ခဲ့သူေတြလည္း
အမ်ားအျပား ပါဝင္လာပါတယ္။ ေ႐ြးေကာက္ပြဲအႀကိဳကာလတုန္းက မဲဆြယ္စည္း႐ုံး
မႈေတြနဲ႔ လူစုလူေဝးေတြ လုပ္ခဲ့တဲ့ ပဲခူးတိုင္းမွာေတာ့ ကိုဗစ္ေရာဂါပိုးကူးစက္သူ လူနာ
သစ္ေတြထဲမွာ မဲ႐ုံတာဝန္က် ပညာေရးဝန္ထမ္း ၅ ဦးလည္း ပါဝင္လာတဲ့အေၾကာင္း
ၿမိဳ႕နယ္ ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲ အတြင္းေရးမႉး ဦးဝင္းႏိုင္က VOA ကိုေျပာပါ
တယ္။
“မဲ႐ုံမႉးတာဝန္ထမ္းေဆာင္ရင္းေတာ့ ျဖစ္သြားတာေပါ့။ ဒါေပမဲ့ သူတို႔ကို က်ေနာ္တို႔က
က်န္းမာေရးပစၥည္းေတြကို ၁၀ ဘီးကားနဲ႔ဆို ၆ စီးေတာင္မွ ပဲခူးၿမိဳ႕မွာေဝထားတာ
ေလ။ PPE ေတြကို အကုန္ေဝေပးထားတာပဲေလ။ အဲဒီတုန္းကေတာ့ မျဖစ္ဘူးေပါ့
ဗ်ာ။ ေနာက္ေတာ့မွ Positive တျဖည္းျဖည္းေပၚလာတာေတာ့ က်ေနာ္တို႔လည္းပဲ
လူအမ်ားႀကီးနဲ႔ဆက္ဆံရတာဆိုေတာ့ သိပ္မတတ္ႏိုင္ေတာ့ဘူး။ က်ေနာ္ကိုယ္တိုင္
ေတာင္မွ ေ႐ြးေကာက္ပြဲၿပီးေတာ့ ဖ်ားတာ ဒီေန႔မွ႐ုံးျပန္တက္ႏိုင္တယ္။ ကိုဗစ္စင္တာ
ကေနၿပီး Home Stay ေနၿပီး က်န္းမာေရးကုပါဆိုၿပီး ကုလိုက္ေတာ့ ႐ိုး႐ိုးအဖ်ား
မဟုတ္ဘူး။ က်ေနာ္လည္းပဲ အခုမွ႐ုံးျပန္တက္ႏိုင္တာဆိုေတာ့ အဲဒီလိုေတာ့ရွိတာေပါ့
ေနာ္။”
ျမန္မာႏိုင္ငံမွာ ကပ္ေရာဂါ တေက်ာ့ျပန္ စတင္ခဲ့ရာ ေနရာလည္းျဖစ္၊ အတည္ျပဳလူနာ
ဒုတိယအမ်ားဆုံးလည္း ရွိေနတဲ့ ရခိုင္ျပည္နယ္မွာေတာ့ ေ႐ြးေကာက္ပြဲခ႐ိုင္ဥကၠ႒ေတြ
အပါအဝင္၊ စုစုေပါင္း တာဝန္ထမ္းေဆာင္ခဲ့သူေတြထဲက ၅ ဦးမွာ ေရာဂါကူးစက္ခံခဲ့ရ
တယ္လို႔ ျပည္နယ္ေ႐ြးေကာက္ပြဲ ေကာ္မရွင္အဖြဲ႕ခြဲ အတြင္းေရးမႉး ဦးသူရိန္ထြဋ္က
ေျပာပါတယ္။
“ေမာင္ေတာခ႐ိုင္ေကာ္မရွင္ ဥကၠ႒ တေယာက္၊ ဘူးသီးေတာင္ေကာ္မရွင္ ဥကၠ႒တ
ေယာက္၊ ဥကၠ႒ ႏွစ္ ေယာက္ကူးတယ္။ ေနာက္ အဖြဲ႕ဝင္ထဲက ၃ ေယာက္ေလာက္ကူး
တယ္။ ႐ုံးအဖြဲ႕ထဲကေတာ့ ကူးစက္ခံရသူ မရွိဘူးေပါ့ေနာ္။”
ကရင္ျပည္နယ္မွာေတာ့ ေ႐ြးေကာက္ပြဲေနာက္ဆက္တြဲ မဲ႐ုံတာဝန္ထမ္းဆာင္ခဲ့သူေတြ
ထဲမွာ ကိုဗစ္ပိုးရွိသူေတြ စစ္ေဆးေတြ႕ရွိခဲ့တယ္လို႔ ကရင္ျပည္နယ္ ေ႐ြးေကာက္ပြဲ
ေကာ္မရွင္ အဖြဲ႕ခြဲ အတြင္းေရးမႉး ဦးေမာင္ေမာင္ႏိုင္က ေျပာပါတယ္။
“ေကာ့ကရိတ္ဘက္မွာေတာ့ ၂ ေယာက္၊ ၃ ေယာက္ေတာ့ရွိတယ္ Positive ကေလ။
ေကာ့ကရိတ္ဘက္မွာက ရပ္ေက်းေကာ္မရွင္ေပါ့ေနာ္။ မဲ႐ုံေတြမွာ ႀကိဳတင္မဲေပးျခင္း
လုပ္ငန္းေတြ စေနတဲ့အခ်ိန္မွာ ျဖစ္တာေပါ့ေနာ္။ ဘားအံမွာေတာ့ မဲ႐ုံက ဆရာမတ
ေယာက္က ေ႐ြးေကာက္ပြဲၿပီးေတာ့မွ Positive တေယာက္ရွိမွန္းသိတာေပါ့။
ေ႐ြးေကာက္ပြဲ မဲေပးတဲ့ေန႔တုန္းကေတာ့ မသိဘူးေပါ့ေနာ္။ ေ႐ြးေကာက္ပြဲၿပီးေတာ့ ၃
ရက္ေလာက္ေနေတာ့မွ သူက Positive ဆိုၿပီး ဆရာမတေယာက္ပဲေတြ႕တယ္။ က်န္
တာေတာ့ မရွိပါဘူး။”
ရန္ကုန္၊ မႏၲေလးနဲ႔ ဧရာဝတီတိုင္းမွာလည္း ေ႐ြးေကာက္ပြဲ တာဝန္ထမ္းေဆာင္ခဲ့သူ
ေတြထဲက ကပ္ေရာဂါကူးစက္ခံရသူေပါင္း ၉၀ ေက်ာ္ရွိေနတာပါ။ ေ႐ြးေကာက္ပြဲ
ကာလနဲ႔ ေနာက္ဆက္တြဲ ရက္ေတြမွာ လူစုလူေဝးနဲ႔ ထိေတြ႕ဆက္ဆံမႈေတြ ရွိခဲ့တာ
ေၾကာင့္ ေရာဂါကူးစက္မႈေတြ တိုးလာႏိုင္ေၾကာင္း အစိုးရနဲ႔ က်န္းမာေရး တာဝန္ရွိသူ
ေတြ သတိေပးေနခ်ိန္မွာပဲ ေ႐ြးေကာက္ပြဲလုပ္ငန္းမွာ ပါဝင္သူေတြ ကူးစက္ခံေနရတဲ့
သတင္းေတြလည္း ထြက္ေပၚေနတာပါ။ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန ေျပာ
ခြင့္ရ၊ ဗဟိုကူးစက္ေရာဂါ တိုက္ဖ်က္ေရးဌာနခြဲ ၫႊန္ၾကားေရးမႉး ေဒါက္တာခင္ခင္ႀကီး
ကလည္း အခုရက္သတၱပတ္မွာ ေရာဂါကူးစက္သူဦးေရနဲ႔ အထူးၾကပ္မတ္ကုသေပးရ
တဲ့လူနာ တိုးလာေနလို႔ ျပည္သူေတြမေပါ့ဆဖို႔ကို သတိေပးထားပါတယ္။
“လက္ရွိအေနအထားအရ ၿပီးခဲ့တဲ့အပတ္နဲ႔ယွဥ္ရင္ ဒီအပတ္ထဲမွာေရာဂါျဖစ္ပြားမႈ
ေတြကလည္း တိုးလာတယ္။ ၁၇ ရက္ေန႔ကစၿပီး ေရာဂါျဖစ္ပြားမႈက ၁,၆၀၀ နီးနီးတိုး
လာတာ ၄ ရက္ဆက္တိုက္ျဖစ္ပါတယ္။ ၿပီးရင္ ၁၅၀၀ – ၁၄၀၀ ေလာက္ျဖစ္လာ
တယ္။ ဒါဟာ ၿပီးခဲ့တဲ့တပတ္နဲ႔ႏႈိင္းယွဥ္ရင္ ေရာဂါျဖစ္ပြားမႈက ေတာ္ေတာ္ႀကီးကို တိုး
လာတယ္ဆိုတာ ေတြ႕ရပါတယ္။ ၿပီးခဲ့တဲ့အပတ္က ေရာဂါျဖစ္ပြားမႈက ၁,၀၀၀
ဝန္းက်င္၊ တေထာင္ေအာက္ျဖစ္တာနဲ႔ ၁,၅၀၀ ဝန္းက်င္ျဖစ္ေတာ့ ၃ ပုံ ၁ ပုံတိုးလာ
တယ္ဆိုတာ ျမင္သာတဲ့ကိစၥျဖစ္ပါတယ္။ အခုလက္ရွိမွာလည္း ICU မွာ ကုသမႈခံယူ
ေနတဲ့ လူနာဦးေရလည္း တက္လာပါတယ္ ၁၃၇ ေယာက္ရွိပါတယ္။ ဒါဆို အရင္က
ထက္စာရင္ ၃ ပုံ ၁ ပုံေလာက္တက္လာတဲ့ အေနအထားကိုေတြ႕ရတာျဖစ္ပါတယ္။ ဒါ
ေၾကာင့္ ျပည္သူေတြအေနနဲ႔ ဘယ္လိုနည္းနဲ႔မွ မေပါ့ဆေစခ်င္ပါဘူး။”
က်န္းမာေရးနဲ႔ အားကစား ဝန္ႀကီးဌာနရဲ႕ ဒီကေန႔မြန္းလြဲပိုင္း ထုတ္ျပန္ၿပီးခ်ိန္အထိ
ျမန္မာႏိုင္ငံမွာ ကိုဗစ္ကပ္ေရာဂါေၾကာင့္ ေသဆုံးသူ ၁,၇၃၉ ဦးနဲ႔ကူးစက္သူ
အတည္ျပဳလူနာ ၇၉,၂၄၆ ဦးရွိပါတယ္။ ေရာဂါအတည္ျပဳလူနာေတြထဲက ၆၅
ရာခိုင္ႏႈန္းေလာက္ဟာ ေရာဂါလကၡဏာမရွိဘဲ ပိုးကူးစက္ခံရသူေတြျဖစ္လို႔ ဘယ္သူမ
ဆို ကပ္ေရာဂါနဲ႔ပတ္သက္တဲ့ စည္းမ်ဥ္းတိုင္းကိုလိုက္နာဖို႔ က်န္းမာေရးနဲ႔အားကစား
ဝန္ႀကီးဌာနက သတိေပးထားပါတယ္။