တန်ဖိုး မသိသဖြင့် ဒေါ်လာသန်းချီတန် ဥက္ကာခဲကို ဒေါ်လာ နှစ်သောင်းဖြင့် ရောင်းချခဲ့သူ

အင်ဒိုနီးရှားလက်သမားတစ်ဦးသည် တန်ဖိုးကြီးဥက္ကာခဲရရှိခဲ့သော်လည်း တန်ဖိုးအမှန်

မသိရ သဖြင့် သန်းကြွယ်သူဌေး ဖြစ်ရမည့်အခြေအနေနှင့် ဝေးကွာခဲ့ရသည်။ အင်ဒိုနီး

ရှား မြောက်ပိုင်း ဆူမတ်ထရာပြည်နယ်ရှိ အသက် ၃၃ နှစ်အရွယ် လက်သမားတစ်

ဦး၏ နေအိမ်သို့ သြဂုတ်လ ၁ ရက်နေ့က ဥက္ကာခဲတစ်ခု ပြုတ်ကျခဲ့သည်။


အဆိုပါ ဥက္ကာခဲသည် အပူရှိန်ပြင်းသဖြင့် အိမ်ခေါင်းမိုးပင် ပေါက်သွားခဲ့ရသည်။

ဥက္ကာပျံကျရောက်သောအချိန်တွင် အိမ်ခေါင်မိုးပေါက်သွားခဲ့ပြီး မြေကြီးထဲသို့ ၁၅

စင်တီမီတာ နစ်ဝင်သွားခဲ့သည်။ “ကျွန်တော်တွေ့တဲ့အချိန်တုန်းက ဥက္ကာပျံက ပူနေ

တယ်”ဟု တွေ့ရှိခဲ့သူ ဟက်တာဂူလန်ကပြောသည်။


၄င်းတွေ့ရှိခဲ့သော ဥက္ကာပျံ သည် သက်တမ်းအားဖြင့် နှစ်ပေါင်း ၄.၅ ဘီလျံသက်တမ်း

ရှိသည်။ အဆိုပါ ဥက္ကာပျံ၏ အလေးချိန်သည် ၂.၁ ကီလိုဂရမ်ရှိပြီး အမေရိကန်

ဒေါ်လာ ၁.၈ သန်းတန်ကြေးကြောင်း Dailymail သတင်းစာတွင် ဖော်ပြထားသည်။အ

မေရိကန်၊ တက်ဆက်စ် အာကာသသိပ္ပံက အဆိုပါဥက္ကာပျံကို CM1/2 carbonac

eous Chondrite ဟုသတ်မှတ်ထားသည်။ တန်ကြေးအားဖြင့် ၁ ဂရမ်ကို အမေရိကန်

ဒေါ် ၁၁၄၉ ဂရမ်ရှိပြီး စုစုပေါင်း အမေရိကန် ဒေါ်လာ ၁.၈၅ မီလျံတန်ကြေးရှိသည်။


အစောပိုင်းတွင် ရွာသားများနှင့် မိသားစုများက ကံကောင်းစေသော အဆောင်ဟု

ယူဆသောကြောင့် ၉၄.၂ ဂရမ်သာ ခွဲစိတ်ပြီး ရောင်းချခဲ့သည်။ သို့သော်

စက်တင်ဘာလလယ်ခန့်တွင် ကျန်သည့်အပိုင်းများကို စုဆောင်းသူများသို့ အကုန်

ရောင်းချခဲ့သည်။ ဥက္ကာပျံရောင်းချစဥ်က တန်ဖိုးအမှန်မသိသဖြင့် ဒေါ်လာ ၂သောင်း

သာ ရရှိခဲ့ကြောင်း ကာယကံရှင်အမျိုးသားကဆိုသည်။ မည်သို့ပင်ဆိုစေ ဒေါ်လာ

၂သောင်း ဖြင့် အိမ်ကိုပြုပြင်ခဲ့ပြီး အလှူအတန်းလုပ်ပေးခဲ့ကြောင်း သိရှိရပါသည်။

Ref – Dailymail

zawgyi

=================

အင္ဒိုနီးရွားလက္သမားတစ္ဦးသည္ တန္ဖိုးႀကီးဥကၠာခဲရရွိခဲ့ေသာ္လည္း တန္ဖိုးအမွန္

မသိရ သျဖင့္ သန္းႂကြယ္သူေဌး ျဖစ္ရမည့္အေျခအေနႏွင့္ ေဝးကြာခဲ့ရသည္။ အင္ဒိုနီး

ရွား ေျမာက္ပိုင္း ဆူမတ္ထရာျပည္နယ္ရွိ အသက္ ၃၃ ႏွစ္အ႐ြယ္ လက္သမားတစ္

ဦး၏ ေနအိမ္သို႔ ၾသဂုတ္လ ၁ ရက္ေန႔က ဥကၠာခဲတစ္ခု ျပဳတ္က်ခဲ့သည္။


အဆိုပါ ဥကၠာခဲသည္ အပူရွိန္ျပင္းသျဖင့္ အိမ္ေခါင္းမိုးပင္ ေပါက္သြားခဲ့ရသည္။

ဥကၠာပ်ံက်ေရာက္ေသာအခ်ိန္တြင္ အိမ္ေခါင္မိုးေပါက္သြားခဲ့ၿပီး ေျမႀကီးထဲသို႔ ၁၅

စင္တီမီတာ နစ္ဝင္သြားခဲ့သည္။ “ကြၽန္ေတာ္ေတြ႕တဲ့အခ်ိန္တုန္းက ဥကၠာပ်ံက ပူေန

တယ္”ဟု ေတြ႕ရွိခဲ့သူ ဟက္တာဂူလန္ကေျပာသည္။


၄င္းေတြ႕ရွိခဲ့ေသာ ဥကၠာပ်ံ သည္ သက္တမ္းအားျဖင့္ ႏွစ္ေပါင္း ၄.၅ ဘီလ်ံသက္တမ္း

ရွိသည္။ အဆိုပါ ဥကၠာပ်ံ၏ အေလးခ်ိန္သည္ ၂.၁ ကီလိုဂရမ္ရွိၿပီး အေမရိကန္

ေဒၚလာ ၁.၈ သန္းတန္ေၾကးေၾကာင္း Dailymail သတင္းစာတြင္ ေဖာ္ျပထားသည္။အ

ေမရိကန္၊ တက္ဆက္စ္ အာကာသသိပၸံက အဆိုပါဥကၠာပ်ံကို CM1/2 carbonac

eous Chondrite ဟုသတ္မွတ္ထားသည္။ တန္ေၾကးအားျဖင့္ ၁ ဂရမ္ကို အေမရိကန္

ေဒၚ ၁၁၄၉ ဂရမ္ရွိၿပီး စုစုေပါင္း အေမရိကန္ ေဒၚလာ ၁.၈၅ မီလ်ံတန္ေၾကးရွိသည္။


အေစာပိုင္းတြင္ ႐ြာသားမ်ားႏွင့္ မိသားစုမ်ားက ကံေကာင္းေစေသာ အေဆာင္ဟု

ယူဆေသာေၾကာင့္ ၉၄.၂ ဂရမ္သာ ခြဲစိတ္ၿပီး ေရာင္းခ်ခဲ့သည္။ သို႔ေသာ္

စက္တင္ဘာလလယ္ခန္႔တြင္ က်န္သည့္အပိုင္းမ်ားကို စုေဆာင္းသူမ်ားသို႔ အကုန္

ေရာင္းခ်ခဲ့သည္။ ဥကၠာပ်ံေရာင္းခ်စဥ္က တန္ဖိုးအမွန္မသိသျဖင့္ ေဒၚလာ ၂ေသာင္း

သာ ရရွိခဲ့ေၾကာင္း ကာယကံရွင္အမ်ိဳးသားကဆိုသည္။ မည္သို႔ပင္ဆိုေစ ေဒၚလာ

၂ေသာင္း ျဖင့္ အိမ္ကိုျပဳျပင္ခဲ့ၿပီး အလႉအတန္းလုပ္ေပးခဲ့ေၾကာင္း သိရွိရပါသည္။

Ref – Dailymail