“မြန်မာနဲ့ ထိုင်း ဘာလို့ ဆင်းရဲချမ်းသာ ကွာခြားနေလဲ ? (သိသင့်လို့ ဖတ်ကြည့်ဗျာ)”

“မြန်မာနဲ့ ထိုင်း ဘာလို့ ဆင်းရဲချမ်းသာ ကွာခြားနေလဲ ? (သိသင့်လို့ ဖတ်ကြည့်ဗျာ)”

မဲဆောက်- မြဝတီ ထိုင်းမြန်မာ ကုန်သွယ်ရေး အခြေအနေသတင်း BBC ကနေ

နားထောင်ပြီး ပြည်မြန်မာ အရေးအတွက်ရင်လေးမိတယ်။တာဝန်ရှိတဲ့အမျိုးသမီး

တစ်ယောက်ကို မေးကြည့်တော့“ပဲသမားကလည်း စိုက်ရင် ရှုံးတယ်။ကြက်သွန်နီက

လည်း ရှုံးတယ်။ဒီတော့ ကျမတို့ရဲ့ လူ့စွမ်းအား အရင်းအမြစ်တွေက ထိုင်းဆီ ရောက်

သွားတယ်။ထိုင်းမှာ သူတို့ဘာသွားပြန်လုပ်သလဲ။


ပြောင်းစိုက်တယ်။ ပဲစိုက်တယ်။ ငြုပ်သီးစိုက်တယ်။ အခုက ဒူးရင်းသီးလည်း ယိုဒ

ယားပဲ။ သခွါးသီး ဂေါ်ဖီထုတ် ဂေါ်ဖီပန်း အကုန်ပဲ။ သံပုရာသီးကအစ။ကြက်လည်း

ဝင်တယ်။ဘဲဥလည်း ဝင်တယ်။ကြက်ဥလည်း ဝင်တယ်။ ငါး ပုဇွန်ကြော့လေးတွေက

အစ။ကျွန်မတို့ဘက်က ဘာမှ မထုတ်နိုင်ဘူး။ ကျွနိမတို့ ထုတ်တာနဲ့ ရှုံးတာ။အဲ့ဒီလို မ

ရှုံးအောင် နည်းပညာနဲ့ ပံ့ပိုးကူညီမှုတွေ ရှိတယ်ဆိုရင် ကျွနိမတို့ စိုက်ပျိုးရေး

အားကောင်းလာမယ်လို့ ထင်တယ်။


အဲ့ဒီအခါကျရင် သူများတွေဆီကလည်း ဝယ်စရာ မလိုတော့ဘူးလို့ ပြောပါတယ်။မဲ

စောက်ဘက်ကနေ မြဝတီ မြန်မာဘက်ကို သွားနေတဲ့ ကုန်ပစ္စည်း အခြေအနေတွေကို

သိရဖို့ ကျနော်သွားကြည့် ပါအုံးမယ်။အခုကျနော် မဲစောက်လက်ကား ဈေးကွက်ကို

ရောက်တော့ ဒူးရင်းသီးကား အစီး(၂၀)ကျော် သရက်သီးကား(၁၂)စီး နာနတ်သီး

ကား(၈)စီးအပြင် အသီးအနှံတင်ထားတဲ့ကား(၆)စီးလည်း မြဝတီဘက်ကို ထွက်ဖို့

ပြင်ဆင်နေတာ တွေ့ခဲ့ရပါတယ်။


ပြီးတော့ မွေးမြူရေးကြက်အရှင်ငါးပုစွန်တွေနဲ့ အေးခဲထားတဲ့ ကြက်သားတွေနဲ့

ကြက်ကလီဇာတွေအပြင် ကြက်ဥ ဘဲဥတွေ တင်ထားတဲ့ ကားတွေပါ စုစုပေါင်း အစီး

တစ်ရာကျော် နေ့စဉ်မြန်မာဘက်ကို သွားနေတယ်လို့ လက်ကား ကုန်သည်တွေက ကျ

နော့်ကို ပြောပြပါတယ်။ဘန်ကောက်ကနေ တိုက်ရိုက် မြန်မာဘက်ကို သွားနေတာတွေ

က သကြားကားတွေ အများဆုံးဖြစ်ပါတယ်။ပြီးတော့ ဓါတ်ဆီ ဒီဇယ်ဆီနဲ့ မီးဖိုချောင်

သုံး ဂတ်စ်ဓါတ်ငွေ့ကားတွေ ဖြစ်ပြီးတော့ နှစ်ထပ် ကုန်ကားတွေမှာတော့

မော်တော်ဆိုင်ကယ်တွေ ဖြစ်ပါတယ်။


လုပ်ငန်းသုံးပစ္စည်းတွေက သတင်းစာ စက္ကူလိပ်ကြီးတွေ အထည်လိပ်တွေ သားရေတု

လိပ်တွေ အပြင် သံပြား သံချောင်း သစ်သားတုတွေ ဆောက်လုပ်ရေးသုံး ပစ္စည်းတွေ

များပါတယ်။ဒါတွေအပြင် transit ဖြတ်ကျော်ခွင့်နဲ့လာတဲ့ အလှကုန် စားသောက်ကုန်

တွေ တင်ထားတဲ့ ကွန်တိန်နာ ကုန်သေတ္တာတွေလည်း အတော်များပါတယ်။

မြန်မာနိုင်ငံကနေ ထိုင်းဘက် ပြန်ဝင်တာက ငြုပ်သီးခြောက် ကြက်သွန်နီ ပဲမျိုးစုံ

အာလူးတွေနဲ့ ကျွန်းသစ်နဲ့ လုပ်ထားတဲ့ ပရိဘောက အကြမ်းထည်တွေ တွေ့ရပါတယ်။

နယ်စပ်လမ်းကြောင်းကနေ ထိုင်းဘက်ကို ဝင်လာတာက နွား သိုး ကျွဲ ဆိတ် နဲ့ ဓါတ်

သတ္တု ကုန်ကြမ်းတွေကို တွေ့ရပါတယ် ခင်ဗျာ။”ကဲ အထက်က ကုန်စည် စီးဆင်းမှုကို

ကြည့်ရင် မြန်မာတွေ ဘာ့ကြောင့် ဆင်းရဲနေသလဲ ထိုင်းတွေ ဘာ့ကြောင့် ချမ်းသာနေ

သလဲ ဆိုတဲ့ အဖြေကို တွေ့ရမှာ ဖြစ်ပါတယ်။ကိုယ့်ဆီက ဘာမှ မထုတ်လုပ်နိုင်ပါပဲ လို

သမျှ ဝယ်သုံးနေရတဲ့ အခြေအနေကနေ ပြောင်းနိုင်ပါမှ နိုင်ငံချမ်းသာမှာ ဖြစ်ပါတယ်။

ဝေးဝေး ကြည့်စရာ မလိုပါဘူး။

ရန်ကုန်မြို့ထဲက Super market တစ်ခုခု သွားကြည့်ရုံနဲ့ပြည်တွင်းထုတ်

ဘယ်လောက်ရောင်းပြီး ပြည်ပကုန် ဘယ်လောက်ရောင်းတယ်ဆိုတာ သိသာပါတယ်။

နိုင်ငံ တိုးတက်လာဖို့ နည်းပညာနဲ့ လုံလောက်တဲ့ ပံ့ပိုးမှုတွေ အမြန်ဆုံး လိုနေပါပြီ။

ရင်နာစွာဖြင့် ဇော်လွင်ဝင်း

#Credit :Kanaung News

zawgyi

================

“ျမန္မာနဲ႔ ထိုင္း ဘာလို႔ ဆင္းရဲခ်မ္းသာ ကြာျခားေနလဲ ? (သိသင့္လို႔ ဖတ္ၾကည့္ဗ်ာ)”

မဲေဆာက္- ျမဝတီ ထိုင္းျမန္မာ ကုန္သြယ္ေရး အေျခအေနသတင္း BBC ကေန

နားေထာင္ၿပီး ျပည္ျမန္မာ အေရးအတြက္ရင္ေလးမိတယ္။တာဝန္ရွိတဲ့အမ်ိဳးသမီး

တစ္ေယာက္ကို ေမးၾကည့္ေတာ့“ပဲသမားကလည္း စိုက္ရင္ ရႈံးတယ္။ၾကက္သြန္နီက

လည္း ရႈံးတယ္။ဒီေတာ့ က်မတို႔ရဲ႕ လူ႔စြမ္းအား အရင္းအျမစ္ေတြက ထိုင္းဆီ ေရာက္

သြားတယ္။ထိုင္းမွာ သူတို႔ဘာသြားျပန္လုပ္သလဲ။


ေျပာင္းစိုက္တယ္။ ပဲစိုက္တယ္။ ျငဳပ္သီးစိုက္တယ္။ အခုက ဒူးရင္းသီးလည္း ယိုဒ

ယားပဲ။ သခြါးသီး ေဂၚဖီထုတ္ ေဂၚဖီပန္း အကုန္ပဲ။ သံပုရာသီးကအစ။ၾကက္လည္း

ဝင္တယ္။ဘဲဥလည္း ဝင္တယ္။ၾကက္ဥလည္း ဝင္တယ္။ ငါး ပုဇြန္ေၾကာ့ေလးေတြက

အစ။ကြၽန္မတို႔ဘက္က ဘာမွ မထုတ္ႏိုင္ဘူး။ ကြၽနိမတို႔ ထုတ္တာနဲ႔ ရႈံးတာ။အဲ့ဒီလို မ

ရႈံးေအာင္ နည္းပညာနဲ႔ ပံ့ပိုးကူညီမႈေတြ ရွိတယ္ဆိုရင္ ကြၽနိမတို႔ စိုက္ပ်ိဳးေရး

အားေကာင္းလာမယ္လို႔ ထင္တယ္။


အဲ့ဒီအခါက်ရင္ သူမ်ားေတြဆီကလည္း ဝယ္စရာ မလိုေတာ့ဘူးလို႔ ေျပာပါတယ္။မဲ

ေစာက္ဘက္ကေန ျမဝတီ ျမန္မာဘက္ကို သြားေနတဲ့ ကုန္ပစၥည္း အေျခအေနေတြကို

သိရဖို႔ က်ေနာ္သြားၾကည့္ ပါအုံးမယ္။အခုက်ေနာ္ မဲေစာက္လက္ကား ေဈးကြက္ကို

ေရာက္ေတာ့ ဒူးရင္းသီးကား အစီး(၂၀)ေက်ာ္ သရက္သီးကား(၁၂)စီး နာနတ္သီး

ကား(၈)စီးအျပင္ အသီးအႏွံတင္ထားတဲ့ကား(၆)စီးလည္း ျမဝတီဘက္ကို ထြက္ဖို႔

ျပင္ဆင္ေနတာ ေတြ႕ခဲ့ရပါတယ္။


ၿပီးေတာ့ ေမြးျမဴေရးၾကက္အရွင္ငါးပုစြန္ေတြနဲ႔ ေအးခဲထားတဲ့ ၾကက္သားေတြနဲ႔

ၾကက္ကလီဇာေတြအျပင္ ၾကက္ဥ ဘဲဥေတြ တင္ထားတဲ့ ကားေတြပါ စုစုေပါင္း အစီး

တစ္ရာေက်ာ္ ေန႔စဥ္ျမန္မာဘက္ကို သြားေနတယ္လို႔ လက္ကား ကုန္သည္ေတြက က်

ေနာ့္ကို ေျပာျပပါတယ္။ဘန္ေကာက္ကေန တိုက္႐ိုက္ ျမန္မာဘက္ကို သြားေနတာေတြ

က သၾကားကားေတြ အမ်ားဆုံးျဖစ္ပါတယ္။ၿပီးေတာ့ ဓါတ္ဆီ ဒီဇယ္ဆီနဲ႔ မီးဖိုေခ်ာင္

သုံး ဂတ္စ္ဓါတ္ေငြ႕ကားေတြ ျဖစ္ၿပီးေတာ့ ႏွစ္ထပ္ ကုန္ကားေတြမွာေတာ့

ေမာ္ေတာ္ဆိုင္ကယ္ေတြ ျဖစ္ပါတယ္။


လုပ္ငန္းသုံးပစၥည္းေတြက သတင္းစာ စကၠဴလိပ္ႀကီးေတြ အထည္လိပ္ေတြ သားေရတု

လိပ္ေတြ အျပင္ သံျပား သံေခ်ာင္း သစ္သားတုေတြ ေဆာက္လုပ္ေရးသုံး ပစၥည္းေတြ

မ်ားပါတယ္။ဒါေတြအျပင္ transit ျဖတ္ေက်ာ္ခြင့္နဲ႔လာတဲ့ အလွကုန္ စားေသာက္ကုန္

ေတြ တင္ထားတဲ့ ကြန္တိန္နာ ကုန္ေသတၱာေတြလည္း အေတာ္မ်ားပါတယ္။

ျမန္မာႏိုင္ငံကေန ထိုင္းဘက္ ျပန္ဝင္တာက ျငဳပ္သီးေျခာက္ ၾကက္သြန္နီ ပဲမ်ိဳးစုံ

အာလူးေတြနဲ႔ ကြၽန္းသစ္နဲ႔ လုပ္ထားတဲ့ ပရိေဘာက အၾကမ္းထည္ေတြ ေတြ႕ရပါတယ္။

နယ္စပ္လမ္းေၾကာင္းကေန ထိုင္းဘက္ကို ဝင္လာတာက ႏြား သိုး ကြၽဲ ဆိတ္ နဲ႔ ဓါတ္

သတၱဳ ကုန္ၾကမ္းေတြကို ေတြ႕ရပါတယ္ ခင္ဗ်ာ။”ကဲ အထက္က ကုန္စည္ စီးဆင္းမႈကို

ၾကည့္ရင္ ျမန္မာေတြ ဘာ့ေၾကာင့္ ဆင္းရဲေနသလဲ ထိုင္းေတြ ဘာ့ေၾကာင့္ ခ်မ္းသာေန

သလဲ ဆိုတဲ့ အေျဖကို ေတြ႕ရမွာ ျဖစ္ပါတယ္။ကိုယ့္ဆီက ဘာမွ မထုတ္လုပ္ႏိုင္ပါပဲ လို

သမွ် ဝယ္သုံးေနရတဲ့ အေျခအေနကေန ေျပာင္းႏိုင္ပါမွ ႏိုင္ငံခ်မ္းသာမွာ ျဖစ္ပါတယ္။

ေဝးေဝး ၾကည့္စရာ မလိုပါဘူး။

ရန္ကုန္ၿမိဳ႕ထဲက Super market တစ္ခုခု သြားၾကည့္႐ုံနဲ႔ျပည္တြင္းထုတ္

ဘယ္ေလာက္ေရာင္းၿပီး ျပည္ပကုန္ ဘယ္ေလာက္ေရာင္းတယ္ဆိုတာ သိသာပါတယ္။

ႏိုင္ငံ တိုးတက္လာဖို႔ နည္းပညာနဲ႔ လုံေလာက္တဲ့ ပံ့ပိုးမႈေတြ အျမန္ဆုံး လိုေနပါၿပီ။

ရင္နာစြာျဖင့္ ေဇာ္လြင္ဝင္း

#Credit :Kanaung News