#တရွာလုံး_ပိုက်ဆံကိုင်ခွင့် မရသည့်တံငါရွာ ဒုံးဆွေသန်း

#တရွာလုံး_ပိုက်ဆံကိုင်ခွင့် မရသည့်တံငါရွာ ဒုံးဆွေသန်း

လူတစ်ဦး၊ မိသားစုတစ်စုတွင်မက

တစ်ရွာလုံး ပိုက်ဆံမရှိဘဲ ရပ်တည်နေထိုင်သည့် ရွာတစ်ရွာမှာ တနင်္သာရီတိုင်းအတွင်းရှိနေသည်။

တနင်္သာရီတိုင်း
မြိတ်ခရိုင်

ကျွန်းစုမြို့နယ်အတွင်းရှိ ရေမြစ်ကြီးကျေးရွာအုပ်စုတွင် ယင်းရွာရှိနေသည်။

အမည်က (ဒုံးဆွေသန်းကျေးရွာ)

ဒုံးကျွန်းအုပ်စုအတွင်း

ဒုံးပုလဲအော် ၊ ဒုံးညောင်မှိုင်း ၊ဒုံးဒဟွန်း စသည့်ကျေးရွာအမည်များရှိကြသည်ကို

လူအများကသိကြသည်။

သို့သော်( ဒုံးဆွေသန်းကျေးရွာ) ဟု ရွာလေဆိပ်တွင်ဆိုင်းဘုတ်ကြီးတင်ထားသော်လည်း သူ့ရွာအမည်ကို လူအများသိပ်မကြားဖူးကြ။

သည်ရွာကို ဦးဆွေသန်းဆိုသူကလွန်ခဲ့သည့်နှစ်ပေါင်းလေးဆယ်ကျော်ကတည်းက တည်ထောင်ခဲ့ပြီး လက်ရှိအချိန်တွင် အိမ်ခြေတစ်ရာနီးပါးပင်ရှိလာနေပြီဖြစ်သည်။
ယင်းရွာတွင် လက်ရှိနေထိုင်နေကြသူ တခြားဒေသများမှလာရောက်လုပ်ကိုင်ပြီး အခြားဒေသများမှလာရောက်လုပ်ကိုင်ပြီး အခြေချနေထိုင်သူများဖြစ်ကြသည်။
သို့သော် ဦးဆွေသန်းမှာ ဆုံးပါးသွားခဲ့ပြီ ဖြစ်သည်။

၄င်းအစား သမီးဖြစ်သူက အဖေ၏ လုပ်ငန်းများအား ဆက်လက်ဦးဆောင် လုပ်ကိုင်နေသည်။

ရွာရှိ ၁၂ နှစ်အရွယ် ယောက်ကျားကလေးမှအစ လုပ်နိုင်ကိုင်နိုင်သည့် အမျိုးသားအားလုံးမှာ ပင်လယ်ပြင်ထွက်၍ ငါးပုစွန်ဖမ်းကာနေ့တဓူဝ လုပ်ကိုင်နေကြရသည်။
သို့သော်လည်း ၄င်းတို့ နေပူ မိုးရွာမရှောင် လုပ်ခဲ့ကြသည့်လုပ်အားခ ငွေကြေးတစ်ပြား တစ်ချပ်မှ မြင်ဖူးခြင်းမရှိကြ။

ယင်းအစား လိုအပ်သည့် ရိက္ခာ များကိုသာ သူတို့ရရှိကြသည်။

ပိုက်ဆံကိုတော့ ဒီရွာမှာ ဘယ်သူမှ မကိုင်ကြရဘူး ဟု ယင်းရွာနေ အသက် ၄၅ နှစ်ခန့်ရှိသူ အမျိုးသားကပြောသည်။

ရွာရှိပုစွန်ငါးဖမ်းပိုက်လှေ ၉၀ ရာခိုင်နှုန်းကို ဦးဆွေသန်း ဆိုသူကပိုင်ဆိုင်ထားပြီး ရွာသား ၉၀ ရာခိုင်နှုန်းသည်လည်း ၄င်း ထံတွင်
အလုပ်လုပ်နေကြရသည်။

အလုပ်သမားတစ်ဦး၏ တစ်လ လုပ်အားခမှာ ကခလးဆိုလျှင် ကျပ်သုံးသောင်းဝန်းကျင်နှင့် လူကြီးဆိုရင်ကျပ်တစ်သိန်းဝန်းကျင်ခန့် ရရှိကြသည်၊
သို့သော်ရရှိသည့် လုပ်အားခကိုမူငွေကြေးအဖြစ် သူဌေးက
မည့်သည့်အခါကမှ ထုပ်ပေးခြင်းမရှိ။

ငွေရှိပါကလည်း ဝယ်ခြမ်းစားသောက်စရာ စျေးဆိုင် လက်ဖက်ရည်ဆိုင် အရက်ဆိုင် ကွမ်းယာဆိုင် ဟူ၍လည်းရွာတွင် မရှိ ။ဆိုင်ဆိုသည်က နတ္ထိ ။ ရွာသားများလိုအပ်သည့် ပစ္စည်း များ အားလုံးကိုဦးဆွေသန်း ဆိုင်တစ်ခုတည်းတွင်သာ ရယူကြရသည်။

ဆိုင်ဆိုတာ သူတို့မထိုင်ဖူးကြသူကများတယ်။
တခြားရွာရောက်လို့လည်း ဆိုင်ထိုင်ဖို့ သူတို့မှာ ပိုက်ဆံမှမရှိတာ ဟု ၄၅ နှစ်ရှိ ယင်းရွာသားတစ်ဦးက ပြောသည်။

ရွာတွင် အလယ်တန်းအဆင့်ထိစာသင် ကျောင်းရှိသော်လည်း လူငယ်သုံးပုံတစ်ပုံမှာ ကျောင်းမနေကြရ။စောစောစီးစီးလုပ်ငန်းခွင်ထဲ ဝင်ရောက်လုပ်ကိုင်နေကြရသည်။

ဦးဆွေသန်းထံတွင် ရွာ၏လူဦးရေ ၉၀ ရာခိုင်နှုန်းခန့်အလုပ်လုပ်နေကြရာတွင်
အသက် ၁၈ နှစ်အောက် ရေလုပ်သား ငါးဆယ်ကျော်ခန့်လည်းဝင်ရောက်လုပ်ကိုင်
နေကြသည်ဟု ရွာသားကပြောပြကြသည်။

သူဌေးနားမှာ အလုပ်လုပ်နေသူတွေက တစ်ယောက်မှအကြွေးမကင်းကြဘူး ။ အနိမ့် ဆုံးဆယ်သိန်းလောက်တော့အကြွေးတင်နေကြတယ် ဟု ယင်းရွာနေထိုင်သူ အသက် ၃၅ နှစ်ရှိ အမည်မဖော်လို အမျိုးသမီး
တစ်ဦးကပြောသည်။

အကြွေးတင်နေသူများကို သူဌေးက ရသည့်လစာထဲမှ လစဉ်နုတ်ယူလျက်ရှိပြီး ယင်းလူများအား
ရိက္ခာ ပစ္စည်း ရောင်းချရာတွင်လည်းတစ်နေ့ နှစ်ထောင်ငါးရာ တန်ဖိုးထက် ပိုရောင်းပေးခြင်းမရှိဟု ၄င်းတို့ကဆိုသည်။


ယင်းအပြင်ကျန်းမာရေးမကောင်းသဖြင့် အလုပ်မဆင်းနိုင်လျှင်လည်း ယင်းမိသားစုအား အလားတူ
တစ်နေ့ နှစ်ထောင်ထက် ပိုရောင်းပေးလေ့မရှိ ဟုရွာသားများကပြောပြသည်။
လူများတဲ့ မိသားစုက ဘယ်လိုလုပ်ပြီး စားလောက်မလဲ။ ဆန်တစ်ပြည်ပဲ တစ်ထောင်ကျော်ကျနေပြီ
ဟု ရွာနေအမျိုးသမီးတစ်ဦးကပြောသည်။

အိမ်ထောင်ဦးစီးတစ်ဦးသေလျှင် ကျန်ရစ်မိသားစုက အကြွေးကျေအောင်
လုပ်ဆပ်နေရပြီး သူဌေးအကြွေးသံသရာဝဲသြဃအတွင်း သူတို့ဘဝများ ရုန်းထွက်လွတ်မြောက်နိုင်စွမ်း
မရှိကြပေ။အထက်ပါအကြောင်းရာများကို The Tanintharyi Weekly တနင်သာရီ နိုဝင်ဘာ၁၆ နိုဝင်ဘာ ၂၂ ၊ ၂၀၂၀၊ တနင်လာနေ့ထုပ် ဂျာနယ်မှာ အကျင်းချုပ်ဖော်ပြခဲ့ပါသည်။

ထိုနည်းအတူ မြိတ်ခရိုင် ကျွန်းစုမြို့နယ်အတွင်း ကျားပါးစပ် တံငါလုပ်သား များဟာလည်း မိသားစုလိုက် အကြွေး

နွံနှက်၍ ကျားပါးစပ်လုပ်သားတိုင်းလိုလို သားသမီးများကိုပင်ကျောင်မထားနိုင် တစ်ချို့ကျွန်း များမှာလည်း

ကျောင်းများမရှိကြ၍တစ်ချို့သောကျားပါးစပ်ရှိရာကျွန်းများဟာလည်း ကျားပါးစပ် သူဌေးစက်လှေကလွဲ၍

မည်သည့်လှေတစ်စီးမှာလာရောက်ခြင်းမရှိကြပါကြောင်းထပ်လောင်း၍ပြောပြလိုက်ပါရစေ။

#အေးမင်းထိုက်
တနင်သာရီ
#crd

zawgyi

=================

#တ႐ြာလုံး_ပိုက္ဆံကိုင္ခြင့္ မရသည့္တံငါ႐ြာ ဒုံးေဆြသန္း

လူတစ္ဦး၊ မိသားစုတစ္စုတြင္မက

တစ္႐ြာလုံး ပိုက္ဆံမရွိဘဲ ရပ္တည္ေနထိုင္သည့္ ႐ြာတစ္႐ြာမွာ တနသၤာရီတိုင္းအတြင္းရွိေနသည္။

တနသၤာရီတိုင္း
ၿမိတ္ခ႐ိုင္

ကြၽန္းစုၿမိဳ႕နယ္အတြင္းရွိ ေရျမစ္ႀကီးေက်း႐ြာအုပ္စုတြင္ ယင္း႐ြာရွိေနသည္။

အမည္က (ဒုံးေဆြသန္းေက်း႐ြာ)

ဒုံးကြၽန္းအုပ္စုအတြင္း

ဒုံးပုလဲေအာ္ ၊ ဒုံးေညာင္မႈိင္း ၊ဒုံးဒဟြန္း စသည့္ေက်း႐ြာအမည္မ်ားရွိၾကသည္ကိုလူအမ်ားကသိၾကသည္။

သို႔ေသာ္( ဒုံးေဆြသန္းေက်း႐ြာ) ဟု ႐ြာေလဆိပ္တြင္ဆိုင္းဘုတ္ႀကီးတင္ထားေသာ္လည္း သူ႔႐ြာအမည္ကို လူအ

မ်ားသိပ္မၾကားဖူးၾက။

သည္႐ြာကို ဦးေဆြသန္းဆိုသူကလြန္ခဲ့သည့္ႏွစ္ေပါင္းေလးဆယ္ေက်ာ္ကတည္းက တည္ေထာင္ခဲ့ၿပီး လက္ရွိအ

ခ်ိန္တြင္ အိမ္ေျခတစ္ရာနီးပါးပင္ရွိလာေနၿပီျဖစ္သည္။

ယင္း႐ြာတြင္ လက္ရွိေနထိုင္ေနၾကသူ တျခားေဒသမ်ားမွလာေရာက္လုပ္ကိုင္ၿပီး အျခားေဒသမ်ားမွလာေရာက္လုပ္ကိုင္ၿပီး အေျခခ်ေနထိုင္သူမ်ားျဖစ္ၾကသည္။သို႔ေသာ္ ဦးေဆြသန္းမွာ ဆုံးပါးသြားခဲ့ၿပီ ျဖစ္သည္။

၄င္းအစား သမီးျဖစ္သူက အေဖ၏ လုပ္ငန္းမ်ားအား ဆက္လက္ဦးေဆာင္ လုပ္ကိုင္ေနသည္။

႐ြာရွိ ၁၂ ႏွစ္အ႐ြယ္ ေယာက္က်ားကေလးမွအစ လုပ္ႏိုင္ကိုင္ႏိုင္သည့္ အမ်ိဳးသားအားလုံးမွာ ပင္လယ္ျပင္ထြက္၍ ငါးပုစြန္ဖမ္းကာေန႔တဓူဝ လုပ္ကိုင္ေနၾကရသည္။
သို႔ေသာ္လည္း ၄င္းတို႔ ေနပူ မိုး႐ြာမေရွာင္ လုပ္ခဲ့ၾကသည့္လုပ္အားခ ေငြေၾကးတစ္ျပား တစ္ခ်ပ္မွ ျမင္ဖူးျခင္းမရွိၾက။

ယင္းအစား လိုအပ္သည့္ ရိကၡာ မ်ားကိုသာ သူတို႔ရရွိၾကသည္။

ပိုက္ဆံကိုေတာ့ ဒီ႐ြာမွာ ဘယ္သူမွ မကိုင္ၾကရဘူး ဟု ယင္း႐ြာေန အသက္ ၄၅ ႏွစ္ခန္႔ရွိသူ အမ်ိဳးသားကေျပာသည္။

႐ြာရွိပုစြန္ငါးဖမ္းပိုက္ေလွ ၉၀ ရာခိုင္ႏႈန္းကို ဦးေဆြသန္း ဆိုသူကပိုင္ဆိုင္ထားၿပီး ႐ြာသား ၉၀ ရာခိုင္ႏႈန္းသည္လည္း ၄င္း ထံတြင္ အလုပ္လုပ္ေနၾကရသည္။

အလုပ္သမားတစ္ဦး၏ တစ္လ လုပ္အားခမွာ ကခလးဆိုလွ်င္ က်ပ္သုံးေသာင္းဝန္းက်င္ႏွင့္ လူႀကီးဆိုရင္က်ပ္တစ္သိန္းဝန္းက်င္ခန္႔ ရရွိၾကသည္၊သို႔ေသာ္ရရွိသည့္ လုပ္အားခကိုမူေငြေၾကးအျဖစ္ သူေဌးကမည့္သည့္အခါကမွ ထုပ္ေပးျခင္းမရွိ။

ေငြရွိပါကလည္း ဝယ္ျခမ္းစားေသာက္စရာ ေစ်းဆိုင္ လက္ဖက္ရည္ဆိုင္ အရက္ဆိုင္ ကြမ္းယာဆိုင္ ဟူ၍လည္း႐ြာတြင္ မရွိ ။ဆိုင္ဆိုသည္က နတၳိ ။ ႐ြာသားမ်ားလိုအပ္သည့္ ပစၥည္း မ်ား အားလုံးကိုဦးေဆြသန္း ဆိုင္တစ္ခုတည္းတြင္သာ ရယူၾကရသည္။

ဆိုင္ဆိုတာ သူတို႔မထိုင္ဖူးၾကသူကမ်ားတယ္။
တျခား႐ြာေရာက္လို႔လည္း ဆိုင္ထိုင္ဖို႔ သူတို႔မွာ ပိုက္ဆံမွမရွိတာ ဟု ၄၅ ႏွစ္ရွိ ယင္း႐ြာသားတစ္ဦးက ေျပာသည္။

႐ြာတြင္ အလယ္တန္းအဆင့္ထိစာသင္ ေက်ာင္းရွိေသာ္လည္း လူငယ္သုံးပုံတစ္ပုံမွာ ေက်ာင္းမေနၾကရ။ေစာေစာစီးစီးလုပ္ငန္းခြင္ထဲ ဝင္ေရာက္လုပ္ကိုင္ေနၾကရသည္။

ဦးေဆြသန္းထံတြင္ ႐ြာ၏လူဦးေရ ၉၀ ရာခိုင္ႏႈန္းခန္႔အလုပ္လုပ္ေနၾကရာတြင္
အသက္ ၁၈ ႏွစ္ေအာက္ ေရလုပ္သား ငါးဆယ္ေက်ာ္ခန္႔လည္းဝင္ေရာက္လုပ္ကိုင္
ေနၾကသည္ဟု ႐ြာသားကေျပာျပၾကသည္။

သူေဌးနားမွာ အလုပ္လုပ္ေနသူေတြက တစ္ေယာက္မွအေႂကြးမကင္းၾကဘူး ။ အနိမ့္ ဆုံးဆယ္သိန္းေလာက္ေတာ့အေႂကြးတင္ေနၾကတယ္ ဟု ယင္း႐ြာေနထိုင္သူ အသက္ ၃၅ ႏွစ္ရွိ အမည္မေဖာ္လို အမ်ိဳးသမီး
တစ္ဦးကေျပာသည္။

အေႂကြးတင္ေနသူမ်ားကို သူေဌးက ရသည့္လစာထဲမွ လစဥ္ႏုတ္ယူလ်က္ရွိၿပီး ယင္းလူမ်ားအား
ရိကၡာ ပစၥည္း ေရာင္းခ်ရာတြင္လည္းတစ္ေန႔ ႏွစ္ေထာင္ငါးရာ တန္ဖိုးထက္ ပိုေရာင္းေပးျခင္းမရွိဟု ၄င္းတို႔ကဆိုသည္။

ယင္းအျပင္က်န္းမာေရးမေကာင္းသျဖင့္ အလုပ္မဆင္းႏိုင္လွ်င္လည္း ယင္းမိသားစုအား အလားတူ
တစ္ေန႔ ႏွစ္ေထာင္ထက္ ပိုေရာင္းေပးေလ့မရွိ ဟု႐ြာသားမ်ားကေျပာျပသည္။
လူမ်ားတဲ့ မိသားစုက ဘယ္လိုလုပ္ၿပီး စားေလာက္မလဲ။ ဆန္တစ္ျပည္ပဲ တစ္ေထာင္ေက်ာ္က်ေနၿပီ
ဟု ႐ြာေနအမ်ိဳးသမီးတစ္ဦးကေျပာသည္။


အိမ္ေထာင္ဦးစီးတစ္ဦးေသလွ်င္ က်န္ရစ္မိသားစုက အေႂကြးေက်ေအာင္
လုပ္ဆပ္ေနရၿပီး သူေဌးအေႂကြးသံသရာဝဲၾသဃအတြင္း သူတို႔ဘဝမ်ား ႐ုန္းထြက္လြတ္ေျမာက္ႏိုင္စြမ္း
မရွိၾကေပ။အထက္ပါအေၾကာင္းရာမ်ားကို The Tanintharyi Weekly တနင္သာရီ ႏိုဝင္ဘာ၁၆ ႏိုဝင္ဘာ ၂၂ ၊ ၂၀၂၀၊ တနင္လာေန႔ထုပ္ ဂ်ာနယ္မွာ အက်င္းခ်ဳပ္ေဖာ္ျပခဲ့ပါသည္။

ထိုနည္းအတူ ၿမိတ္ခ႐ိုင္ ကြၽန္းစုၿမိဳ႕နယ္အတြင္း က်ားပါးစပ္ တံငါလုပ္သား မ်ားဟာလည္း မိသားစုလိုက္ အေႂကြးႏြံႏွက္၍ က်ားပါးစပ္လုပ္သားတိုင္းလိုလို သားသမီးမ်ားကိုပင္ေက်ာင္မထားႏိုင္ တစ္ခ်ိဳ႕ကြၽန္း မ်ားမွာလည္းေက်ာင္းမ်ားမရွိၾက၍တစ္ခ်ိဳ႕ေသာက်ားပါးစပ္ရွိရာကြၽန္းမ်ားဟာလည္း က်ားပါးစပ္ သူေဌးစက္ေလွကလြဲ၍မည္သည့္ေလွတစ္စီးမွာလာေရာက္ျခင္းမရွိၾကပါေၾကာင္းထပ္ေလာင္း၍ေျပာျပလိုက္ပါရေစ။

#ေအးမင္းထိုက္
တနင္သာရီ
#crd