အမျိုးသားညီညွတ်ရေး အစိုးရနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အတားအဆီးများ

NLD ပါတီသည် ၂၀၂၀ ရွေးကောက်ပွဲတွင် သမ္မတ ရွေးချယ်တင်မြှောက်ရန်နှင့်

အစိုးရဖွဲ့စည်းနိုင်ရန် လိုအပ်သော ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၃၂၂

နေရာကို များစွာကျော်လွန်ပြီး ၃၉၆ နေရာအထိ အနိုင်ရခဲ့သည်။

အဆိုပါအရေအတွက်သည် ၂၀၁၅ ရွေး ကောက်ပွဲထက် ခြောက်နေရာ ပိုမိုအနိုင်ရ

ခြင်းဖြစ်ပြီး ယခင် ရွေးကောက်ပွဲ ပြည်ထောင်စုလွှတ်တော် အနိုင်ရကိုယ်စားလှယ်

အရေအတွက်မှာ ၃၉၀ ဖြစ်သည်။

၂၀၂၀ ရွေးကောက်ပွဲအပြီး ယင်းသို့ ရလဒ်ထွက်ပေါ်မည်ကို နိုင်ငံရေးပါတီ တာဝန်ရှိ

သူများ၊ လေ့လာသုံးသပ်သူအများစုနှင့် ကဏ္ဍအသီးသီးက ထင်မှတ်မထားခဲ့ပေ။

တစ်ပါတီတည်း အပြတ်အသတ်အနိုင် ရနိုင်ခြင်း မရှိတော့ဆိုသည့် သုံးသပ်မှုများနှင့်

အညီ ညွန့်ပေါင်းအစိုးရသည်သာ ရွေးကောက်ပွဲမတိုင်မီ ပိုမိုရေပန်းစားခဲ့ခြင်း

ဖြစ်သည်။

သို့သော် လက်ရှိအာဏာရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဆက်လက်

အနိုင်ရခဲ့ပြီး ယခင်ရွေးကောက်ပွဲ ရလဒ်ထက်ပင် ပိုမိုပြတ်သားခဲ့သည်။

အတိုက်အခံပါတီကြီးတစ်ခုက ကန့်ကွက်မှုပေါင်း ရာချီပြုလုပ်ရန် ပြင်ဆင်နေ

လင့်ကစား လက်ရှိအနေအထားအရ ရလဒ်တစ်ခုလုံး အပြောင်းအလဲဖြစ်မည့်

အခြေအနေ နည်းပါးပြီး NLD ပါတီပင် အစိုးရဆက်လက် ဖွဲ့စည်းဆောင်ရွက်နိုင်မည့်

အနေအထားရှိ သည်။

ထို့ကြောင့် လာမည့်ငါးနှစ်တာအစိုးရကို စိတ်ကြိုက်ဖွဲ့စည်းခွင့် NLD ပါတီ ထပ်မံပိုင်

ဆိုင်မည် ဖြစ်သည်။

■ အမျိုးသားပြန်လည်သင့်မြတ်ရေးခြေလှမ်း သို့မဟုတ် သဘောထား ပြောင်းလဲခြင်း

ရွေးကောက်ပွဲအနိုင်ရရှိကာ အစိုးရ ဆက်လက်ဖွဲ့စည်းနိုင်မည့် အနေအထားရရှိ

သော်လည်း ယခင်ကဲ့သို့အစိုးရကို တစ်ပါတီ တည်း စိတ်ကြိုက်ဖွဲ့စည်းမည့်

သဘောထား ပြသခြင်းမရှိသည်ကို ထူးခြားစွာ တွေ့ရသည်။

နောင်အနာဂတ်တွင် တိုင်းရင်းသားလူမျိုးစုများ၏ ဆန္ဒများကို အလေးထား

ဆောင်ရွက် သွားမည့်ဖော်ပြချက်နှင့်အတူ NLD ပါတီ ဖော်ဆောင်မည့် ဒီမိုကရေစီဖက်

ဒရယ် ပြည် ထောင်စုအရေးတွင် တက်ကြွစွာ ပူးပေါင်းပါ ဝင်ရန် တိုင်းရင်းသားပါတီ

များကို ဖိတ်ခေါ် လိုက်ခြင်းဖြစ်သည်။

“တိုင်းရင်းသားအရေးကို မည်မည်ရရ ၂၀၁၅ ကနေ ၂၀၂၀ အတွင်းမှာ ပြောတာ မ

ကြားရတော့ဘူး။ အခုမှ ၂၀၂၀ မှာ တစ်ခါ ၂၀၁၅ တုန်းကလို အနိုင်ရလာတဲ့အခါကျ

တော့ ပြောလာတဲ့အပေါ် ကျွန်တော်တို့က နည်းနည်းလေးတော့ အံ့သြတယ်” ဟု

ကရင် အမျိုးသားဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက ပြောကြားသည်။

နောင်အနာဂတ် မြန်မာနိုင်ငံအတွက် ရှေးရှုရမည့် ပြည် ထောင်စုအရေးကိစ္စဆိုသည့်

ခေါင်းစဉ်ဖြင့် စာပိုဒ်သုံးပုဒ် ဖော်ပြပါရှိသော အိတ်ဖွင့်ပေးစာကို တိုင်းရင်းသားပါတ်ီ

၄၈ ပါတီထံ ပေးပို့သွားမည်ဟု NLD ပါတီက နို ဝင်ဘာ ၁၂ ရက်တွင် ထုတ်ပြန်သည်။

ဒီမိုကရေစီဖက်ဒရယ်ပြည် ထောင်စုသို့ သွားရာတွင် မဟာမိတ်အဖြစ် လက်တွဲမည် ဆို

သော ရှိနှင့်ပြီးသဘောထားကို ထပ်လောင်း အတည်ပြုခြင်းဖြစ်သည်ဟု

တိုင်းရင်းသား ပါတီများထံ ပေးပို့စာနှင့် ပတ်သက်၍ NLD ပါတီပြောရေးဆိုခွင့်ရှိသူ

ဒေါက်တာမျိုးညွန့် က ပြောကြားသည်။

“ကျွန်တော်တို့ ရွေးကောက်ပွဲ ကြေညာ စာတမ်းရဲ့ ရည်ရွယ်ချက်မှာကို (၁) က တိုင်း

ရင်းသားအရေးနဲ့ ပြည် တွင်းစစ် ချုပ်ငြိမ်းရေး ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

တစ်ပါတီတည်း လွတ်လွတ်ကျွတ်ကျွတ် အစိုးရဖွဲ့စည်းနိုင်သည့် အနိုင်ရလဒ်ရရှိသော်

လည်း NLD ပါတီ၏ နိုဝင်ဘာ ၁၂ ရက် ထုတ် ပြန်ချက်က အစိုးရဖွဲ့စည်းရေးနှင့်

စပ်လျဉ်း၍ တိုင်းရင်းသားပါတီများနှင့် ဆွေးနွေးမည့် သဘောမျိုး ယူဆဖွယ်

ဖြစ်သည်။

သို့သော် မည်သည့်ရည်ရွယ်ချက်နှင့် ပေးပို့ခြင်းဖြစ်သည်ကိုမူ ရှင်းလင်းမှုမရှိဟု

တိုင်းရင်းသားပါတီအချို့က မှတ်ချက်ပြု သည်။

“လောလောဆယ် သူကြုံတွေ့နေရတဲ့ နိုင်ငံရေးဖိအားတွေ ထွက်ပေါက်အနေနဲ့

ဖိတ်ကြားတာလား။ အခုကတော့ စာ ဒီအ တိုင်းထုတ်နေတဲ့သဘောပဲ ဖြစ်တဲ့အခါကျ

တော့ လက်တွေ့မှာ စိတ်ရင်းနဲ့ လက်တွဲချင် တဲ့ဟာမျိုးလားက နောက်မှသိရမှာပေါ့”

ဟု ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အထွေထွေအတွင်းရေးမှူး ဆလိုင်းကျဲအို

ဘိခ် ထောင်က ပြောကြားသည်။

သို့သော် NLD ပါတီ၏ ဖိတ်ခေါ်မှုက တွေ့ဆုံဆွေးနွေးရေး တံခါးဖွင့်ခြင်းဖြစ်၍ ကြိုဆို၊

လက်ခံကြောင်းပါတီအချို့က မှတ်ချက်ပြုသည်။

“လက်တွေ့မှာတော့ ဒါက စာရွက်ပေါ် မှာချည်းပဲ ဖြစ်လို့မရဘူးလေ။ လက်တွေ့ကျ

ကျ အနှစ်သာရ ရှိရှိလုပ်ဖို့တော့ လိုတာပေါ့”ဟု ကချင်ပြည်နယ်ပြည်သူ့ပါတီဥက္ကဋ္ဌ

ဒေါက်တာတူးဂျာက ပြောကြားသည်။

NLD ပါတီအနေဖြင့် အိတ်ဖွင့်ပေးစာ ကို မူလက တိုင်းရင်းသား ၃၉ ပါတီကိုသာ ပေးပို့

ခဲ့ပြီး တိုင်းရင်းသားပါတီ ကိုးပါတီကို ချန်လှပ်ထားသည်ကို တွေ့ရသည်။

ယင်းသို့ ချန်လှပ်သော ပါတီကိုးခုမှာ ရွေးကောက်ပွဲမတိုင်မီက တပ်မတော်ကာ ကွယ်

ရေးဦးစီးချုပ်နှင့် ပါတီ ၃၀ ကျော် တွေ့ ဆုံမှုတွင်ပါဝင်သည့် ပါတီများဖြစ်ကြောင်း

ထောက်ပြမှုအချို့ ရှိလာပြီးနောက် ချန်လှပ် ကိုးပါတီကို ပြန်လည်ဖြည့်စွက်၍ ထုတ်

ပြန်ခဲ့ သည်။

“နိုင်ငံရေးပါတီအချို့ ကျန်နေခြင်းဟာ သင့်လျော်ခြင်း မရှိဘူးလို့ ကျွန်တော်တို့

ပြန်လည်စဉ်းစားပြီးတဲ့အခါမှာ ကျန်နေတဲ့ ပါတီ တွေကိုလည်း အကုန်လုံး ထည့်သွင်း

သင့်တယ် ဆိုပြီး ထည့်သွင်းလိုက်ပါတယ်” ဟု NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ

ဒေါက်တာမျိုးညွန့် က ပြောကြားသည်။

တိုင်းရင်းသားလူမျိုးစုများ၏ ဆန္ဒကို အလေးထားဆောင်ရွက်မည်နှင့် ပူးပေါင်း

ဆောင်ရွက်ရန် ဖိတ်ခေါ်သည့်သဘောက NLD ပါတီအနေဖြင့် တိုင်းရင်းသားပါတီ

များ အပေါ် သဘောထား ပြောင်းလဲလာခြင်းဟု လေ့လာသူအချို့က သုံးသပ်သည်။

“လက်တွေ့မှာ တိုင်းရင်းသားပြဿနာသည် ထိပ်တက်နေတယ်။ ပြည်နယ်တွေအရေး၊

ဖက်ဒရယ်တွေ အရေးသည် ထိပ်တက်နေ တဲ့အချိန်မှာ ဒီပြဿနာကို ဖြေရှင်းဖို့

လိုအပ် တယ်။ ဆွေးနွေးပြီးဖြေရှင်းဖို့ လိုအပ်တယ်ဆို တဲ့ အခြေအနေအပေါ်မှာ

ပြောင်းလဲလာတာ ဖြစ်ပါလိမ့်မယ်”ဟု တိုင်းရင်းသားအရေး သုတေသီ ဦးမောင်မောင်

စိုးက ပြောကြား သည်။

■ လက်ရှိအစိုးရ၏ အောင်မှတ်မရသော တိုင်းရင်းသားအရေး ကိုင်တွယ်ပုံအချို့

၁၉၉၀ ရွေးကောက်ပွဲကတည်းက တိုင်းရင်းသားပါတီများနှင့် ထိတွေ့ဆက်ဆံမှုရှိ

သော NLD ပါတီ ၂၀၁၅ ရွေးကောက်ပွဲ အောင်နိုင်ခဲ့ပြီးနောက် တိုင်းရင်းသားပါတီ

များ မျှော်လင့်ချက်အချို့ ထားရှိခဲ့ကြသည်။

သို့သော် NLD ပါတီအနေဖြင့် တိုင်းရင်းသား ပါတီများနှင့် တန်းတူရည်တူ ထိတွေ့

ဆက်ဆံ မှု၊ တိုင်းရင်းသားဒေသများ၌ ဒေသခံလူထု လိုလားသည့်ဆောင်ရွက်ချက်

များ ရေရေရာ ရာမရှိခဲ့ဟု ဝေဖန်ကြသည်။

ပြည်နယ်လွှတ်တော်ကို လွှမ်းမိုးနိုင် သည့် တိုင်းရင်းသားပါတီကို ပြည်နယ်အစိုးရ

ဖွဲ့စည်းခွင့်မပြုမှုမှအစ ကန့်ကွက်မှုအများ အပြားကြားမှ အတင်းအကျပ် ဗိုလ်ချုပ်

ကြေး ရုပ်စိုက်ထူမှုများနှင့် တံတားအမည် အတင်း အကျပ်ပြောင်းလဲခဲ့သည့် ဖြစ်စဉ်

များက ထင် ရှားသည်။

တစ်ဖန် ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ ရွေးကောက်ပွဲအောင်နိုင်ရေး ပြင်ဆင်မှုများ

တွင်လည်း မိတ်ဖက်မလိုဆိုသည့် မူဝါဒကို ဆက်လက်ဆုပ်ကိုင်ကာ ပါတီကြီးအသွင်

သဏ္ဌာန်ပြသခဲ့၍ တိုင်းရင်းသားပါတီများ စိတ်ပျက်ခဲ့ကြသည်။

မဟာလူမျိုးကြီးဝါဒပါတီဟုပင် စွပ်စွဲ မှုများရှိလာပြီးနောက် လက်ရှိအစိုးရနှင့်လွှတ်

တော်လောက် တိုင်းရင်းသားအရောင်အသွေး စုံလင်သည့် အစိုးရနှင့် လွှတ်တော်မရှိ

ဟု အာ ဏာရ NLD ပါတီ ဒုတိယဥက္ကဋ္ဌ (၂) ဒေါက် တာဇော်မြင့်မောင်က တုံ့ပြန်ပြော

ကြားမှု ရှိခဲ့ သည်။

ဒုတိယ သမ္မတ (၂) အနေဖြင့် ချင်းလူမျိုး ကို တာဝန်ပေးထားပြီး ပြည်ထောင်စုအဆင့်

လွှတ်တော်နှစ်ရပ် ခေါင်းဆောင်များကို ကြည့် မည်ဆိုလျှင်လည်း ကချင်၊ ရခိုင်၊ ကရင်

တို့ ဖြစ်နေပြီး လက်ရှိ တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်များသည်လည်း ဒေသခံ

တိုင်းရင်းသားများဖြစ်နေသည်ဟု ဒေါက်တာဇော်မြင့်မောင် က ဆိုသည်။

“တိုင်းရင်းသားတွေနဲ့ပတ်သက်ရင် ကျွန် တော်တို့က အလွန်အလေးထားတာပါ”ဟု

၎င်းက ၂၀၁၉ ခုနှစ် စက်တင်ဘာတွင် ကျင်းပ သည့် NLD ပါတီ ဗဟိုကော်မတီ

အစည်း အဝေးအပြီးပြုလုပ်သည့် သတင်းစာရှင်းလင်း ပွဲတွင် ပြောကြားခဲ့သည်။

တိုင်းရင်းသားရေးရာဝန်ကြီးဌာန ဖွဲ့ စည်းထားသော်လည်း ထိရောက်သော

ဆောင်ရွက်ချက်မရှိဟု ဝေဖန်ကြပြီး ရွေးကောက်ပွဲ မတိုင်မီ ဖွဲ့စည်းခဲ့သည့် NLD

ပါတီ၏ တိုင်း ရင်းသားရေးရာကော်မတီသည်လည်း တိုင်း ရင်းသားပါတီများနှင့်

ပူးပေါင်းဆောင်ရွက်ရေးထက် ရွေးကောက်ပွဲအနိုင်ရရေး ဦးတည်သည်ဟု ရှုမြင်ခံရ

သည်။

NLD ပါတီနှင့် တိုင်းရင်းသားပါတီများ အကြား ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင် စု

နှင့် ဖက်ဒရယ်ဒီမိုကရေစီ အသုံးအနှုန်း အပေါ် နားလည်မှုကွဲပြားရာမှ ပါတီချင်း မိတ်

ဖက်ဆက်ဆံရေး ပျက်ပြားခဲ့သည်ဟု သုံး သပ်မှုများရှိသည်။

NLD ပါတီ နားလည်သည်က ခိုင်မာသည့် ဒီမိုကရေစီရှိမှ ဖက်ဒရယ်စနစ်တည် တံ့မည်

ဖြစ်ပြီး ပါတီအနေဖြင့် ယခုအစိုးရ သက်တမ်းတွင် ဒီမိုကရေစီဖက်ဒရယ်အတိုင်း သွား

ခဲ့သည်ဟု ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ​ရှင်းပြသည်။

သို့သော် နည်းဗျူဟာပိုင်းဆိုင်ရာ ချဉ်း ကပ်မှုကွဲလွဲခြင်းသာဖြစ်ပြီး ရည်မှန်းချက်ဖြစ်

သော မဟာဗျူဟာတွင် တိုင်းရင်းသားပါတီ များနှင့် တူညီကြောင်း ၎င်းက ဆိုသည်။

“နောက်ဆုံးရည်ရွယ်တဲ့ ပြည်ထောင်စုသစ်မှာတော့ ဒီမိုကရေစီ အခွင့်အရေးတွေ ရော၊

ဖက်ဒရယ်ရပိုင်ခွင့်တွေရော အပြည့်အဝ ရမှာဖြစ်တဲ့အတွက် ဘယ်လိုနည်းနဲ့ ချဉ်း

ကပ်တယ်ဆိုတာ အကြောင်းမဟုတ်တော့ ပါဘူး”ဟု ဒေါက်တာမျိုးညွန့်က ပြော

ကြားသည်။

ဒီမိုကရေစီနှင့် ဖက်ဒရယ်မှာ မြန်မာ့ နိုင်ငံရေး၏ အဓိကပြဿနာများဖြစ်၍ ယင်းနှစ်ခု

အနက်မှ တစ်ခုခုကို ဦးစွာဖြေရှင်းရမည် ဆိုသောအမြင်ကို လက်မခံဟု မွန်ညီညွတ်

ရေးပါတီ ပြောရေး ဆိုခွင့်ရှိသူ နိုင်လယိတမ က ပြောကြားသည်။

“ဒီနှစ်ခုက အပြန်အလှန်ဆက်စပ် ဒွန် တွဲနေတဲ့ ပြဿနာဖြစ်တဲ့အတွက် ဒီပြဿနာ နှစ်

ခုကို တစ်ချိန်တည်း တစ်ပြိုင်တည်းဖြေရှင်း ရမှာ ဖြစ်တယ်” ဟု ၎င်းက ပြော

ကြားသည်။

■ အငြင်းပွားဆဲ ဒီမိုကရေစီ၊ ဖက်ဒရယ် ရှေ့နောက် ပြဿနာ

နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲတွင် ပြည်နယ်အချို့ရှိ တိုင်းရင်းသားပါတီများသည်

ကျေနပ်ဖွယ်ရလဒ် ရရှိခဲ့သော်လည်း အချို့ ပါတီများသည် ရည်မှန်းသည့်အတိုင်း ဖြစ်

မလာသည်ကို သိရှိရသည်ဟု NLD ပါတီ ပေးပို့စာတွင် ဖော်ပြ သည်။

သို့ရာတွင် မည်သည့်အခြေအနေဖြစ် စေ အဖွဲ့ချုပ်အနေဖြင့် နောင်အနာဂတ်တွင် ဒီမို

ကရေစီဖက်ဒရယ် ပြည်ထောင်စု ပေါ် ထွန်းရေး ဆက်လက်ကြိုးပမ်းမည်ဟု ပေးစာ

တွင် ပါရှိသည်။

ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည် ဆောက်ရေးအတွက် တိုင်းရင်းသားများ

တန်းတူအခွင့်အရေးကို ကြိုး ပမ်းဖော်ဆောင် ရန် လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေး

ပါတီ (ဒူးလေးပါတီ) က တိုက်တွန်းသည်။

NLD ပါတီ ပေးစာအပေါ် နိုဝင်ဘာ ၁၉ ရက်က အကြောင်းပြန်မှုတွင် ထိုသို့ တောင်း

ဆို တိုက်တွန်းထားခြင်းဖြစ်သည်။

“အမိမြန်မာနိုင်ငံကြီးမှာရှိတဲ့ တိုင်းရင်း သားအားလုံးဟာ တန်းတူညီတူဖြစ်တယ် ဆိုတဲ့

အပေါ်မှာ အခြေခံပြီးတော့ ပြည် ထောင်စုမြန်မာနိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုး တက်ဖို့ အဲ

ဒါလေး ကြိုးပမ်းပေးဖို့ တိုက်တွန်း ချင်တယ်”ဟု လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက် ရေး

ပါတီ ဦးရွှေမင်း (ခ) ဆီဖာလာလူးက ပြော ကြားသည်။

တိုင်းရင်းသားပါတီများ၏ ရည်မှန်း ချက်များနှင့် အဖွဲ့ချုပ်၏ ရည်မှန်းချက်များ

တူညီကြသည့်အတွက် နောင်အနာဂတ်တွင် တိုင်းရင်းသားလူမျိုးများ၏ဆန္ဒကို

အလေး ထားဆောင်ရွက်မည်နှင့် အဖွဲ့ချုပ်က ဖော် ဆောင်မည့် ဒီမိုကရေစီဖက်ဒရယ်

ပြည် ထောင်စုအရေးကို တက်ကြွစွာ ပူးပေါင်းပါဝင် မည်ဟု မျှော်လင့်ကြောင်း NLD

ပါတီ ပေးစာတွင် ဖော်ပြသည်။

လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီက NLD ပါတီထံ အကြောင်းပြန်ကြားစာ

တွင် NLD ပါတီ သုံးစွဲသည့်အတိုင်း ဒီမိုက ရေစီဖက်ဒရယ်ပြည်ထောင်စုဟု သုံးနှုန်း

သော်လည်း ကချင်ပြည်နယ်ပြည်သူ့ပါတီ၏ အကြောင်းပြန်စာတွင် ဖက်ဒရယ်ဒီမိုက

ရေစီ ဟု သုံးနှုန်းထားသည်။

NLD ပေးပို့သော စာကို နိုဝင်ဘာ ၁၇ ရက်ခန့် လက်ခံရရှိကြောင်း တိုင်းရင်းသား ပါတီ

အချို့ထံမှသိရပြီး ပေးစာအပေါ် တရား ဝင် အကြောင်းပြန်မှုမှာ နိုဝင်ဘာ ၂၁ ရက်

အထိ ကချင်ပြည်နယ်ပြည်သူ့ပါတီနှင့် လီဆူ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့

သာ ရှိသည်။

NLD ပါတီ အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးကို ၁၉၄၇ ပင်

လုံစာချုပ် သဘောတူညီချက်နှင့်အညီ လက်တွေ့အကောင်အထည်ဖော်ရန် ကချင်

ပြည်နယ်ပြည်သူ့ပါတီအနေဖြင့် လိုလား ကြောင်း အကြောင်းပြန်စာတွင်

ဖော်ပြသည်။

ယင်းသည် အာဏာရပါတီနှင့် တိုင်းရင်းသား ပါတီများကြား အသုံးအနှုန်းဆိုင်ရာ

ပြဿနာမဟုတ်ဘဲ အနှစ်သာရအားဖြင့် အမြင်ကွဲပြား မှုဖြစ်သည်ဟု နိုင်ငံရေးနှင့်

တိုင်းရင်းသား အရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုး က မှတ် ချက်ပြုသည်။

“ရည်မှန်းချက် တူသည်ဆိုသော်လည်းပဲ မတူတာလေးတွေတော့ ရှိနေတယ်” ဟု ၎င်း

က ဆိုသည်။

■ အမျိုးသားညီညွတ်ရေးအစိုးရတွင် တိုင်းရင်းသားများ ပါဝင်နိုင်မည်လား

ရွေးကောက်ပွဲ မတိုင်မီကတည်းက အမျိုးသားညီညွတ်ရေးအစိုးရဆိုသည့် စကားရပ်

လူသိများခဲ့ပြီး ရွေးကောက်ပွဲ အပြီးတွင် ယင်းစကားရပ်နှင့် စပ်လျဉ်း၍ ပိုမို

အသံကျယ်လောင်လာသည်။

သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက နိုဝင်ဘာ ၄ ရက် သတင်းစာရှင်းလင်း ပွဲ

တွင် လာမည့်အစိုးရသည် အမျိုးသားညီ ညွတ်ရေးအစိုးရပုံစံ ဖြစ်ဖွယ်ရှိကြောင်း

ထည့် သွင်းပြောကြားခဲ့ပြီး အသေးစိတ်ကိုမူ ရှင်း လင်းခဲ့ခြင်း မရှိပေ။

ရွေးကောက်ပွဲအနိုင်ရ NLD ပါတီက လည်း အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်း

ရေးကို ပါတီတွင်းဆွေးနွေးမှု ရှိနေပြီး ဆုံးဖြတ် ချက်တော့မကျသေးဟု ပါတီပြောရေး

ဆိုခွင့် ရှိသူ ပြောကြားချက်အရ သိရသည်။

“တကယ်တမ်း လက်တွေ့ အကောင်အ ထည်ဖော်တဲ့အခါမှာ ဘယ်လိုပုံစံဖြစ်မယ်ဆို

တာတော့ ဆုံးဖြတ်ချက်တွေ မရှိသေးပါဘူး”ဟု NLD ပါတီ ပြောရေးဆိုခွင့့်ရှိသူ

ဒေါက်တာ မျိုးညွန့်က ပြောကြားသည်။

လက်ရှိ အနေအထားတွင် NLD ပါတီ ၏ အမျိုးသားညီညွတ်ရေးအစိုးရမှာ မည်သို့

ပုံစံဖြစ်ကြောင်းကို အကြမ်းအားဖြင့် မပြော နိုင်သေးသည့်တိုင် သဘောတရား ​ပြောပြ

ထားခြင်းအားဖြင့် ပြည်သူလူထု ပိုမိုအားတက် ပြီး စည်းရုံးလှုပ်ရှားမှု ပိုမိုလွယ်ကူနိုင်

ကြောင်း ပြည်သူ့ပါတီ အထွေထွေအတွင်းရေးမှူး ဦးရဲ နိုင်အောင်က ပြောကြားသည်။

“လက်ရှိမှာ အသေးစိတ်တော့ မဖြစ် နိုင်သေးဘူးပေါ့။ သို့သော် ဘယ်လိုပုံစံမျိုးနဲ့

အမျိုးသားညီညွတ်ရေးအစိုးရ တည်ဆောက် မယ်ဆိုတဲ့မူကို ချပြနိုင်ရင်တော့ ပိုပြီး

တော့ အကျိုးရှိလိမ့်မယ်။ ပိုပြီးတော့ အရှိန်အဟုန် ရလိမ့်မယ်။ သို့သော် အမျိုးသားဒီ

မိုကရေစီ အဖွဲ့ချုပ် ရည်မှန်းထားတဲ့ အမျိုးသားညီညွတ် ရေးအစိုးရဆိုတာ ဘယ်လို

မှန်းမသိဘဲနဲ့ ကျွန် တော်တို့က အကောင်း၊ အဆိုး ဝေဖန်ဖို့တော့ စောသေးတယ်”ဟု

၎င်းက ပြောကြားသည်။

ရွေးကောက်ပွဲမတိုင်မီ ပါတီအများစုက ညွန့်ပေါင်းဟုဆိုနေချိန် လာမည့်အစိုးရသည်

အမျိုးသားညီညွတ်ရေးအစိုးရ ဖြစ်သင့် ကြောင်း ဦးစွာ ထုတ်ဖော်ပြောကြားသည်က

ပြည်သူ့ပါတီဖြစ်သည်။

ညွန့်ပေါင်းအစိုးရနှင့် အမျိုးသားညီ ညွတ်ရေးအစိုးရမှာ အသွင်သဏ္ဌာန် ဆင်တူ သ

ယောင်ဖြစ်သော်လည်း အနှစ်သာရအား ဖြင့် ကွဲပြားမှု ရှိသည်။

ညွန့်ပေါင်းမှာ တစ်ပါတီတည်းအစိုးရဖွဲ့ စည်းရန် လုံလောက်သောအရေအတွက် မရ

၍ အခြားပါတီနှင့် ဆွေးနွေးညှိနှိုင်းရသည့် အခြေအနေဖြစ်ပြီး အမျိုးသားညီညွတ်ရေး

အစိုးရမှာ ရွေးကောက်ပွဲရလဒ်နှင့် သက်ဆိုင် ခြင်း မရှိပေ။

နိုင်ငံ့ဦးဆောင်မှုတွင် ပါဝင်သင့်၊ ပါဝင် ထိုက်သော နိုင်ငံရေးအင်အားစုများ၊ တတ်သိ

ပညာရှင်များပူးပေါင်း၍ နိုင်ငံ့အပြောင်းအလဲ များပြုလုပ်မည်ဆိုသော ရည်မှန်းချက်

များ ဖြင့်ဆောင်ရွက်သော အစိုးရကို အမျိုးသား ညီညွတ်ရေးအစိုးရဟု ယေဘုယျ

အားဖြင့် သတ်မှတ်ကြသည်။

“အမျိုးသားညီညွတ်ရေးအစိုးရဆိုတာ ရှိတဲ့အင်အားစုအားလုံး အပြေအလည် ညှိ

နှိုင်းမယ်။ အားလုံးပေါင်းလုပ်မယ်ဆိုတဲ့ သဘောတရားကို ထူထောင်ဖို့လိုတယ်။ အဲဒီ

လိုမှမဟုတ်ရင် ဦးထောင်ပဲ့နင်း အခြေအနေ က ရုန်းထွက်နိုင်အောင် လုပ်နိုင်ဖို့ မလွယ်

ဘူး” ဟု ဦးရဲနိုင်အောင်က ပြောကြားသည်။

အစိုးရသက်တမ်း နှစ်ဆက်တိုင် အာဏာရပါတီ စိတ်ကြိုက်ဖွဲ့စည်းသော ပြည် ထောင်

စုနှင့် ပြည်နယ်အစိုးရအဖွဲ့များသာ ဖြစ်ခဲ့သလို လက်ရှိ အစိုးရအဖွဲ့ခေါင်းဆောင် အချို့

နှင့် လွှတ်တော် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌများတွင် တိုင်းရင်းသားများပါဝင်သော်လည်း အများ

စုမှာ NLD ပါတီမှ ပုဂ္ဂိုလ်များဖြစ်၍ အမျိုး သားညီညွတ်ရေးအစိုးရဟု ခေါ်ဆိုရန်မှာ

အငြင်းပွားစရာဖြစ်သည်။

၂၀၁၅ ရွေးကောက်ပွဲအပြီး ပြည်နယ်၊ တိုင်းဒေသကြီးအစိုးရများ ဖွဲ့စည်းရာတွင် NLD

ပါတီက ကိုယ်စားလှယ်အများစု ရရှိ သော တိုင်းရင်းသားပါတီကို ၂၀၀၈ အခြေခံ

ဥပဒေ အကြောင်းပြချက်ဖြင့် ပြည်နယ်အစိုး ရ ဦးဆောင်ဖွဲ့စည်းခွင့် မပြုခဲ့ပေ။

သို့ရာတွင် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ၏ အမျိုးသားညီညွတ်ရေး အစိုးရ ဖြစ်ဖွယ်

ရှိကြောင်းနှင့် ရွေးကောက်ပွဲအနိုင်ရ NLD ပါတီ၏ နောင်အနာဂတ်တွင် တိုင်းရင်းသား

များ၏ဆန္ဒကို အလေးထားမည်ဆိုသော သဘောထားက ပြည်နယ်လွှတ်တော်တွင်

နေရာအများစု အနိုင်မရသည့်တိုင် ပါဝင်သင့်၊ ပါဝင်ထိုက်သူများ ပြည်ထောင်စု

အစိုးရ၊ ပြည်နယ်အစိုးရတွင် ပါဝင်နိုင်မည်လားဆို သည့် တွေးဆချက်ထွက်ပေါ်

စေသည်။

လက်ရှိ နိုင်ငံရေးအခင်းအကျင်းများအရ လာမည့် အစိုးရသက်တမ်းတွင် တိုင်းရင်း

သားပါတီများ ပါ ဝင်ခွင့်ရှိလာနိုင်ပြီး မည်မျှ ပါဝင်ဆောင်ခွင့်ရှိမည်က NLD ပါတီ

အပေါ် သာ အဓိကမူတည်ကြောင်း ကချင်ပြည်နယ် ပြည်သူ့ပါတီဥက္ကဋ္ဌ ဒေါက်တာတူး

ဂျာက ပြော ကြားသည်။

“ပြည်ထောင်စုအစိုးရဖြစ်ဖြစ်၊ ပြည်နယ် အစိုးရဖြစ်ဖြစ် တိုင်းရင်းသားတွေနဲ့ လက်တွဲ

ပြီးမှဖွဲ့ စည်းတဲ့ အစိုးရမျိုး ဖြစ်သင့်တယ်ဆိုတဲ့ သဘောထားရှိတယ်။ အဲဒါကြောင့်မို့

အခု ကျွန်တော်တို့နဲ့ သူတို့ တွေ့ဆုံဆွေးနွေးဖို့ဆို တာက အစိုးရသစ်မဖွဲ့စည်းမီ ဖြစ်သင့်

တာ ပေ့ါနော်”ဟု ၎င်းက ဆိုသည်။

တိုင်းရင်းသားပါတီ ၄၀ ကျော် ရှိသော် လည်း ရွေးကောက်ပွဲအနိုင်ရပါတီ ၁၇ ပါတီ

သာရှိပြီး ယင်းပါတီများနှင့် အစိုးရသစ် မခေါ် ယူမီ၊ လွှတ်တော်သစ် မခေါ်ယူမီ ဦးစွာ

တွေ့ ဆုံဆွေးနွေးသင့်ကြောင်း နိုင်ငံရေး လေ့လာ သုံးသပ်သူ ဦးမောင်မောင်စိုးက

အကြံပြု သည်။

“တိုင်းရင်းသားပါတီတွေကို ဆွေးနွေး ဖက်အဖြစ်၊ မိတ်ဖက်အဖြစ် သဘောထား

တာသည် တိုင်းရင်းသားပြည် နယ် အရေးနဲ့ပဲ ပတ်သက်ပြီးတော့ အစိုးရဘက်က ဖြေ

ရှင်းရုံ သာမက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ပါ အရေးပါတယ်လို့ မြင်ပါ

တယ်”ဟု ၎င်းင်းက ပြောကြားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်း ရန် တိုင်းရင်းသားပါတီများနှင့် ဆွေးနွေးညှိ

နှိုင်းမည်ဖြစ်သော်လည်း အစိုးရဖွဲ့စည်းရေး ကို NLD ပါတီဒုဥက္ကဋ္ဌက မယုတ်မလွန်

သာ ဖြေဆိုသည်။

“တိုင်းရင်းသားတွေနဲ့ ဆွေးနွေးတာက ဆွေးကို ဆွေးနွေးမှာပါ။ အဲဒါကတော့ သေချာ

ပါတယ်။ အစိုးရဖွဲ့သွားမယ်ဆိုတဲ့ စကား ကတော့ ပြောလို့ မရသေးပါဘူး”ဟု ၎င်းက

နိုဝင်ဘာ ၁၇ ရက်တွင် မီဒီယာများအား Zoom Application မှ ပြောကြားသည်။

ပြည်နယ်လွှတ်တော်က ယင်းပြည်နယ်၏ ဝန်ကြီးချုပ် တင်မြှောက်နိုင်ရေးသည်

တိုင်းရင်းသားပါတီများ အဓိကလိုလားသော အချက်များအနက် တစ်ချက်ဖြစ်ပြီး

ယင်းအ တွက် အဓိက အတားအဆီးသည် အခြေခံဥပ ဒေပုဒ်မ ၂၆၁ ဖြစ်သည်။

ယင်းပုဒ်မကိုပြင်ဆင်ရန် ပြီးခဲ့သည့် လွှတ်တော်တွင်း အခြေခံဥပဒေပြင်ဆင်ရေးတွင်

တိုင်းရင်းသားပါတီများ အဆိုပြုသော်လည်း အောင်မြင်မှု မရခဲ့ပေ။

သို့သော် ပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ ဝန်ကြီးချုပ်ခန့်အပ်ခြင်းကို နိုင်ငံတော်

သမ္မတက ၎င်း၏ အခွင့်အာဏာဖြင့် ဆောင်ရွက်နိုင်ရာ အမျိုးသားပြန်လည်သင့်မြတ်

ရေး ရှေးရှု၍ ပြည်နယ်အခြေစိုက် တိုင်းရင်းသား ပါတီများမှ ကိုယ်စားလှယ်ကို

ဝန်ကြီးချုပ် ခန့် အပ်ရန် တိုင်းရင်းသားပါတီများ ဆန္ဒရှိနေ ကြသည်။

“ဝန်ကြီးချုပ်လို နေရာမျိုးမှာ တိုင်းရင်း သားတွေအလိုကျ တိုင်းရင်းသားပါတီတွေက

ရွေးချယ်တာဝန်ပေးမယ်။ ဝန်ကြီးဌာနတွေ ကိုလည်း ဗဟိုချုပ်ကိုင်မှုတွေ လျှော့ချပေး

မယ် ဆိုရင် NLD အပေါ်မှာ အယုံတရားတွေ ပိုပြီးများလာလိမ့်မယ်”ဟု ရှမ်း

တိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ် ​အထွေထွေအတွင်း ရေးမှူး ဦးစိုင်းလိတ်က ​

ဧရာဝတီသတင်း ဌာနသို့ ပြောကြားသည်။
crd/

zawgyi

======================

NLD ပါတီသည္ ၂၀၂၀ ေ႐ြးေကာက္ပြဲတြင္ သမၼတ ေ႐ြးခ်ယ္တင္ေျမႇာက္ရန္ႏွင့္

အစိုးရဖြဲ႕စည္းႏိုင္ရန္ လိုအပ္ေသာ ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားလွယ္ ၃၂၂

ေနရာကို မ်ားစြာေက်ာ္လြန္ၿပီး ၃၉၆ ေနရာအထိ အႏိုင္ရခဲ့သည္။

အဆိုပါအေရအတြက္သည္ ၂၀၁၅ ေ႐ြး ေကာက္ပြဲထက္ ေျခာက္ေနရာ ပိုမိုအႏိုင္ရ

ျခင္းျဖစ္ၿပီး ယခင္ ေ႐ြးေကာက္ပြဲ ျပည္ေထာင္စုလႊတ္ေတာ္ အႏိုင္ရကိုယ္စားလွယ္

အေရအတြက္မွာ ၃၉၀ ျဖစ္သည္။

၂၀၂၀ ေ႐ြးေကာက္ပြဲအၿပီး ယင္းသို႔ ရလဒ္ထြက္ေပၚမည္ကို ႏိုင္ငံေရးပါတီ တာဝန္ရွိ

သူမ်ား၊ ေလ့လာသုံးသပ္သူအမ်ားစုႏွင့္ က႑အသီးသီးက ထင္မွတ္မထားခဲ့ေပ။

တစ္ပါတီတည္း အျပတ္အသတ္အႏိုင္ ရႏိုင္ျခင္း မရွိေတာ့ဆိုသည့္ သုံးသပ္မႈမ်ားႏွင့္

အညီ ၫြန႔္ေပါင္းအစိုးရသည္သာ ေ႐ြးေကာက္ပြဲမတိုင္မီ ပိုမိုေရပန္းစားခဲ့ျခင္း

ျဖစ္သည္။

သို႔ေသာ္ လက္ရွိအာဏာရ အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) ပါတီ ဆက္လက္

အႏိုင္ရခဲ့ၿပီး ယခင္ေ႐ြးေကာက္ပြဲ ရလဒ္ထက္ပင္ ပိုမိုျပတ္သားခဲ့သည္။

အတိုက္အခံပါတီႀကီးတစ္ခုက ကန႔္ကြက္မႈေပါင္း ရာခ်ီျပဳလုပ္ရန္ ျပင္ဆင္ေန

လင့္ကစား လက္ရွိအေနအထားအရ ရလဒ္တစ္ခုလုံး အေျပာင္းအလဲျဖစ္မည့္

အေျခအေန နည္းပါးၿပီး NLD ပါတီပင္ အစိုးရဆက္လက္ ဖြဲ႕စည္းေဆာင္႐ြက္ႏိုင္မည့္

အေနအထားရွိ သည္။

ထို႔ေၾကာင့္ လာမည့္ငါးႏွစ္တာအစိုးရကို စိတ္ႀကိဳက္ဖြဲ႕စည္းခြင့္ NLD ပါတီ ထပ္မံပိုင္

ဆိုင္မည္ ျဖစ္သည္။

■ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးေျခလွမ္း သို႔မဟုတ္ သေဘာထား ေျပာင္းလဲျခင္း

ေ႐ြးေကာက္ပြဲအႏိုင္ရရွိကာ အစိုးရ ဆက္လက္ဖြဲ႕စည္းႏိုင္မည့္ အေနအထားရရွိ

ေသာ္လည္း ယခင္ကဲ့သို႔အစိုးရကို တစ္ပါတီ တည္း စိတ္ႀကိဳက္ဖြဲ႕စည္းမည့္

သေဘာထား ျပသျခင္းမရွိသည္ကို ထူးျခားစြာ ေတြ႕ရသည္။

ေနာင္အနာဂတ္တြင္ တိုင္းရင္းသားလူမ်ိဳးစုမ်ား၏ ဆႏၵမ်ားကို အေလးထား

ေဆာင္႐ြက္ သြားမည့္ေဖာ္ျပခ်က္ႏွင့္အတူ NLD ပါတီ ေဖာ္ေဆာင္မည့္ ဒီမိုကေရစီဖက္

ဒရယ္ ျပည္ ေထာင္စုအေရးတြင္ တက္ႂကြစြာ ပူးေပါင္းပါ ဝင္ရန္ တိုင္းရင္းသားပါတီ

မ်ားကို ဖိတ္ေခၚ လိုက္ျခင္းျဖစ္သည္။

“တိုင္းရင္းသားအေရးကို မည္မည္ရရ ၂၀၁၅ ကေန ၂၀၂၀ အတြင္းမွာ ေျပာတာ မ

ၾကားရေတာ့ဘူး။ အခုမွ ၂၀၂၀ မွာ တစ္ခါ ၂၀၁၅ တုန္းကလို အႏိုင္ရလာတဲ့အခါက်

ေတာ့ ေျပာလာတဲ့အေပၚ ကြၽန္ေတာ္တို႔က နည္းနည္းေလးေတာ့ အံ့ၾသတယ္” ဟု

ကရင္ အမ်ိဳးသားဒီမိုကရက္တစ္ပါတီဥကၠ႒ မန္းေအာင္ျပည္စိုးက ေျပာၾကားသည္။

ေနာင္အနာဂတ္ ျမန္မာႏိုင္ငံအတြက္ ေရွးရႈရမည့္ ျပည္ ေထာင္စုအေရးကိစၥဆိုသည့္

ေခါင္းစဥ္ျဖင့္ စာပိုဒ္သုံးပုဒ္ ေဖာ္ျပပါရွိေသာ အိတ္ဖြင့္ေပးစာကို တိုင္းရင္းသားပါတ္ီ

၄၈ ပါတီထံ ေပးပို႔သြားမည္ဟု NLD ပါတီက ႏို ဝင္ဘာ ၁၂ ရက္တြင္ ထုတ္ျပန္သည္။

ဒီမိုကေရစီဖက္ဒရယ္ျပည္ ေထာင္စုသို႔ သြားရာတြင္ မဟာမိတ္အျဖစ္ လက္တြဲမည္ ဆို

ေသာ ရွိႏွင့္ၿပီးသေဘာထားကို ထပ္ေလာင္း အတည္ျပဳျခင္းျဖစ္သည္ဟု

တိုင္းရင္းသား ပါတီမ်ားထံ ေပးပို႔စာႏွင့္ ပတ္သက္၍ NLD ပါတီေျပာေရးဆိုခြင့္ရွိသူ

ေဒါက္တာမ်ိဳးၫြန႔္ က ေျပာၾကားသည္။

“ကြၽန္ေတာ္တို႔ ေ႐ြးေကာက္ပြဲ ေၾကညာ စာတမ္းရဲ႕ ရည္႐ြယ္ခ်က္မွာကို (၁) က တိုင္း

ရင္းသားအေရးနဲ႔ ျပည္ တြင္းစစ္ ခ်ဳပ္ၿငိမ္းေရး ျဖစ္ပါတယ္” ဟု ၎က ဆိုသည္။

တစ္ပါတီတည္း လြတ္လြတ္ကြၽတ္ကြၽတ္ အစိုးရဖြဲ႕စည္းႏိုင္သည့္ အႏိုင္ရလဒ္ရရွိေသာ္

လည္း NLD ပါတီ၏ ႏိုဝင္ဘာ ၁၂ ရက္ ထုတ္ ျပန္ခ်က္က အစိုးရဖြဲ႕စည္းေရးႏွင့္

စပ္လ်ဥ္း၍ တိုင္းရင္းသားပါတီမ်ားႏွင့္ ေဆြးေႏြးမည့္ သေဘာမ်ိဳး ယူဆဖြယ္

ျဖစ္သည္။

သို႔ေသာ္ မည္သည့္ရည္႐ြယ္ခ်က္ႏွင့္ ေပးပို႔ျခင္းျဖစ္သည္ကိုမူ ရွင္းလင္းမႈမရွိဟု

တိုင္းရင္းသားပါတီအခ်ိဳ႕က မွတ္ခ်က္ျပဳ သည္။

“ေလာေလာဆယ္ သူႀကဳံေတြ႕ေနရတဲ့ ႏိုင္ငံေရးဖိအားေတြ ထြက္ေပါက္အေနနဲ႔

ဖိတ္ၾကားတာလား။ အခုကေတာ့ စာ ဒီအ တိုင္းထုတ္ေနတဲ့သေဘာပဲ ျဖစ္တဲ့အခါက်

ေတာ့ လက္ေတြ႕မွာ စိတ္ရင္းနဲ႔ လက္တြဲခ်င္ တဲ့ဟာမ်ိဳးလားက ေနာက္မွသိရမွာေပါ့”

ဟု ခ်င္းအမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ အေထြေထြအတြင္းေရးမႉး ဆလိုင္းက်ဲအို

ဘိခ္ ေထာင္က ေျပာၾကားသည္။

သို႔ေသာ္ NLD ပါတီ၏ ဖိတ္ေခၚမႈက ေတြ႕ဆုံေဆြးေႏြးေရး တံခါးဖြင့္ျခင္းျဖစ္၍ ႀကိဳဆို၊

လက္ခံေၾကာင္းပါတီအခ်ိဳ႕က မွတ္ခ်က္ျပဳသည္။

“လက္ေတြ႕မွာေတာ့ ဒါက စာ႐ြက္ေပၚ မွာခ်ည္းပဲ ျဖစ္လို႔မရဘူးေလ။ လက္ေတြ႕က်

က် အႏွစ္သာရ ရွိရွိလုပ္ဖို႔ေတာ့ လိုတာေပါ့”ဟု ကခ်င္ျပည္နယ္ျပည္သူ႔ပါတီဥကၠ႒

ေဒါက္တာတူးဂ်ာက ေျပာၾကားသည္။

NLD ပါတီအေနျဖင့္ အိတ္ဖြင့္ေပးစာ ကို မူလက တိုင္းရင္းသား ၃၉ ပါတီကိုသာ ေပးပို႔

ခဲ့ၿပီး တိုင္းရင္းသားပါတီ ကိုးပါတီကို ခ်န္လွပ္ထားသည္ကို ေတြ႕ရသည္။

ယင္းသို႔ ခ်န္လွပ္ေသာ ပါတီကိုးခုမွာ ေ႐ြးေကာက္ပြဲမတိုင္မီက တပ္မေတာ္ကာ ကြယ္

ေရးဦးစီးခ်ဳပ္ႏွင့္ ပါတီ ၃၀ ေက်ာ္ ေတြ႕ ဆုံမႈတြင္ပါဝင္သည့္ ပါတီမ်ားျဖစ္ေၾကာင္း

ေထာက္ျပမႈအခ်ိဳ႕ ရွိလာၿပီးေနာက္ ခ်န္လွပ္ ကိုးပါတီကို ျပန္လည္ျဖည့္စြက္၍ ထုတ္

ျပန္ခဲ့ သည္။

“ႏိုင္ငံေရးပါတီအခ်ိဳ႕ က်န္ေနျခင္းဟာ သင့္ေလ်ာ္ျခင္း မရွိဘူးလို႔ ကြၽန္ေတာ္တို႔

ျပန္လည္စဥ္းစားၿပီးတဲ့အခါမွာ က်န္ေနတဲ့ ပါတီ ေတြကိုလည္း အကုန္လုံး ထည့္သြင္း

သင့္တယ္ ဆိုၿပီး ထည့္သြင္းလိုက္ပါတယ္” ဟု NLD ပါတီ ေျပာေရးဆိုခြင့္ရွိသူ

ေဒါက္တာမ်ိဳးၫြန႔္ က ေျပာၾကားသည္။

တိုင္းရင္းသားလူမ်ိဳးစုမ်ား၏ ဆႏၵကို အေလးထားေဆာင္႐ြက္မည္ႏွင့္ ပူးေပါင္း

ေဆာင္႐ြက္ရန္ ဖိတ္ေခၚသည့္သေဘာက NLD ပါတီအေနျဖင့္ တိုင္းရင္းသားပါတီ

မ်ား အေပၚ သေဘာထား ေျပာင္းလဲလာျခင္းဟု ေလ့လာသူအခ်ိဳ႕က သုံးသပ္သည္။

“လက္ေတြ႕မွာ တိုင္းရင္းသားျပႆနာသည္ ထိပ္တက္ေနတယ္။ ျပည္နယ္ေတြအေရး၊

ဖက္ဒရယ္ေတြ အေရးသည္ ထိပ္တက္ေန တဲ့အခ်ိန္မွာ ဒီျပႆနာကို ေျဖရွင္းဖို႔

လိုအပ္ တယ္။ ေဆြးေႏြးၿပီးေျဖရွင္းဖို႔ လိုအပ္တယ္ဆို တဲ့ အေျခအေနအေပၚမွာ

ေျပာင္းလဲလာတာ ျဖစ္ပါလိမ့္မယ္”ဟု တိုင္းရင္းသားအေရး သုေတသီ ဦးေမာင္ေမာင္

စိုးက ေျပာၾကား သည္။

■ လက္ရွိအစိုးရ၏ ေအာင္မွတ္မရေသာ တိုင္းရင္းသားအေရး ကိုင္တြယ္ပုံအခ်ိဳ႕

၁၉၉၀ ေ႐ြးေကာက္ပြဲကတည္းက တိုင္းရင္းသားပါတီမ်ားႏွင့္ ထိေတြ႕ဆက္ဆံမႈရွိ

ေသာ NLD ပါတီ ၂၀၁၅ ေ႐ြးေကာက္ပြဲ ေအာင္ႏိုင္ခဲ့ၿပီးေနာက္ တိုင္းရင္းသားပါတီ

မ်ား ေမွ်ာ္လင့္ခ်က္အခ်ိဳ႕ ထားရွိခဲ့ၾကသည္။

သို႔ေသာ္ NLD ပါတီအေနျဖင့္ တိုင္းရင္းသား ပါတီမ်ားႏွင့္ တန္းတူရည္တူ ထိေတြ႕

ဆက္ဆံ မႈ၊ တိုင္းရင္းသားေဒသမ်ား၌ ေဒသခံလူထု လိုလားသည့္ေဆာင္႐ြက္ခ်က္

မ်ား ေရေရရာ ရာမရွိခဲ့ဟု ေဝဖန္ၾကသည္။

ျပည္နယ္လႊတ္ေတာ္ကို လႊမ္းမိုးႏိုင္ သည့္ တိုင္းရင္းသားပါတီကို ျပည္နယ္အစိုးရ

ဖြဲ႕စည္းခြင့္မျပဳမႈမွအစ ကန႔္ကြက္မႈအမ်ား အျပားၾကားမွ အတင္းအက်ပ္ ဗိုလ္ခ်ဳပ္

ေၾကး ႐ုပ္စိုက္ထူမႈမ်ားႏွင့္ တံတားအမည္ အတင္း အက်ပ္ေျပာင္းလဲခဲ့သည့္ ျဖစ္စဥ္

မ်ားက ထင္ ရွားသည္။

တစ္ဖန္ ၂၀၂၀ ေ႐ြးေကာက္ပြဲမတိုင္မီ ေ႐ြးေကာက္ပြဲေအာင္ႏိုင္ေရး ျပင္ဆင္မႈမ်ား

တြင္လည္း မိတ္ဖက္မလိုဆိုသည့္ မူဝါဒကို ဆက္လက္ဆုပ္ကိုင္ကာ ပါတီႀကီးအသြင္

သဏၭာန္ျပသခဲ့၍ တိုင္းရင္းသားပါတီမ်ား စိတ္ပ်က္ခဲ့ၾကသည္။

မဟာလူမ်ိဳးႀကီးဝါဒပါတီဟုပင္ စြပ္စြဲ မႈမ်ားရွိလာၿပီးေနာက္ လက္ရွိအစိုးရႏွင့္လႊတ္

ေတာ္ေလာက္ တိုင္းရင္းသားအေရာင္အေသြး စုံလင္သည့္ အစိုးရႏွင့္ လႊတ္ေတာ္မရွိ

ဟု အာ ဏာရ NLD ပါတီ ဒုတိယဥကၠ႒ (၂) ေဒါက္ တာေဇာ္ျမင့္ေမာင္က တုံ႔ျပန္ေျပာ

ၾကားမႈ ရွိခဲ့ သည္။

ဒုတိယ သမၼတ (၂) အေနျဖင့္ ခ်င္းလူမ်ိဳး ကို တာဝန္ေပးထားၿပီး ျပည္ေထာင္စုအဆင့္

လႊတ္ေတာ္ႏွစ္ရပ္ ေခါင္းေဆာင္မ်ားကို ၾကည့္ မည္ဆိုလွ်င္လည္း ကခ်င္၊ ရခိုင္၊ ကရင္

တို႔ ျဖစ္ေနၿပီး လက္ရွိ တိုင္းႏွင့္ျပည္နယ္ဝန္ႀကီးခ်ဳပ္မ်ားသည္လည္း ေဒသခံ

တိုင္းရင္းသားမ်ားျဖစ္ေနသည္ဟု ေဒါက္တာေဇာ္ျမင့္ေမာင္ က ဆိုသည္။

“တိုင္းရင္းသားေတြနဲ႔ပတ္သက္ရင္ ကြၽန္ ေတာ္တို႔က အလြန္အေလးထားတာပါ”ဟု

၎က ၂၀၁၉ ခုႏွစ္ စက္တင္ဘာတြင္ က်င္းပ သည့္ NLD ပါတီ ဗဟိုေကာ္မတီ

အစည္း အေဝးအၿပီးျပဳလုပ္သည့္ သတင္းစာရွင္းလင္း ပြဲတြင္ ေျပာၾကားခဲ့သည္။

တိုင္းရင္းသားေရးရာဝန္ႀကီးဌာန ဖြဲ႕ စည္းထားေသာ္လည္း ထိေရာက္ေသာ

ေဆာင္႐ြက္ခ်က္မရွိဟု ေဝဖန္ၾကၿပီး ေ႐ြးေကာက္ပြဲ မတိုင္မီ ဖြဲ႕စည္းခဲ့သည့္ NLD

ပါတီ၏ တိုင္း ရင္းသားေရးရာေကာ္မတီသည္လည္း တိုင္း ရင္းသားပါတီမ်ားႏွင့္

ပူးေပါင္းေဆာင္႐ြက္ေရးထက္ ေ႐ြးေကာက္ပြဲအႏိုင္ရေရး ဦးတည္သည္ဟု ရႈျမင္ခံရ

သည္။

NLD ပါတီႏွင့္ တိုင္းရင္းသားပါတီမ်ား အၾကား ဒီမိုကေရစီ ဖက္ဒရယ္ျပည္ေထာင္ စု

ႏွင့္ ဖက္ဒရယ္ဒီမိုကေရစီ အသုံးအႏႈန္း အေပၚ နားလည္မႈကြဲျပားရာမွ ပါတီခ်င္း မိတ္

ဖက္ဆက္ဆံေရး ပ်က္ျပားခဲ့သည္ဟု သုံး သပ္မႈမ်ားရွိသည္။

NLD ပါတီ နားလည္သည္က ခိုင္မာသည့္ ဒီမိုကေရစီရွိမွ ဖက္ဒရယ္စနစ္တည္ တံ့မည္

ျဖစ္ၿပီး ပါတီအေနျဖင့္ ယခုအစိုးရ သက္တမ္းတြင္ ဒီမိုကေရစီဖက္ဒရယ္အတိုင္း သြား

ခဲ့သည္ဟု ပါတီေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာမ်ိဳးၫြန႔္က ​ရွင္းျပသည္။

သို႔ေသာ္ နည္းဗ်ဴဟာပိုင္းဆိုင္ရာ ခ်ဥ္း ကပ္မႈကြဲလြဲျခင္းသာျဖစ္ၿပီး ရည္မွန္းခ်က္ျဖစ္

ေသာ မဟာဗ်ဴဟာတြင္ တိုင္းရင္းသားပါတီ မ်ားႏွင့္ တူညီေၾကာင္း ၎က ဆိုသည္။

“ေနာက္ဆုံးရည္႐ြယ္တဲ့ ျပည္ေထာင္စုသစ္မွာေတာ့ ဒီမိုကေရစီ အခြင့္အေရးေတြ ေရာ၊

ဖက္ဒရယ္ရပိုင္ခြင့္ေတြေရာ အျပည့္အဝ ရမွာျဖစ္တဲ့အတြက္ ဘယ္လိုနည္းနဲ႔ ခ်ဥ္း

ကပ္တယ္ဆိုတာ အေၾကာင္းမဟုတ္ေတာ့ ပါဘူး”ဟု ေဒါက္တာမ်ိဳးၫြန႔္က ေျပာ

ၾကားသည္။

ဒီမိုကေရစီႏွင့္ ဖက္ဒရယ္မွာ ျမန္မာ့ ႏိုင္ငံေရး၏ အဓိကျပႆနာမ်ားျဖစ္၍ ယင္းႏွစ္ခု

အနက္မွ တစ္ခုခုကို ဦးစြာေျဖရွင္းရမည္ ဆိုေသာအျမင္ကို လက္မခံဟု မြန္ညီၫြတ္

ေရးပါတီ ေျပာေရး ဆိုခြင့္ရွိသူ ႏိုင္လယိတမ က ေျပာၾကားသည္။

“ဒီႏွစ္ခုက အျပန္အလွန္ဆက္စပ္ ဒြန္ တြဲေနတဲ့ ျပႆနာျဖစ္တဲ့အတြက္ ဒီျပႆနာ ႏွစ္

ခုကို တစ္ခ်ိန္တည္း တစ္ၿပိဳင္တည္းေျဖရွင္း ရမွာ ျဖစ္တယ္” ဟု ၎က ေျပာ

ၾကားသည္။

■ အျငင္းပြားဆဲ ဒီမိုကေရစီ၊ ဖက္ဒရယ္ ေရွ႕ေနာက္ ျပႆနာ

ႏိုဝင္ဘာ ၈ ရက္ ေ႐ြးေကာက္ပြဲတြင္ ျပည္နယ္အခ်ိဳ႕ရွိ တိုင္းရင္းသားပါတီမ်ားသည္

ေက်နပ္ဖြယ္ရလဒ္ ရရွိခဲ့ေသာ္လည္း အခ်ိဳ႕ ပါတီမ်ားသည္ ရည္မွန္းသည့္အတိုင္း ျဖစ္

မလာသည္ကို သိရွိရသည္ဟု NLD ပါတီ ေပးပို႔စာတြင္ ေဖာ္ျပ သည္။

သို႔ရာတြင္ မည္သည့္အေျခအေနျဖစ္ ေစ အဖြဲ႕ခ်ဳပ္အေနျဖင့္ ေနာင္အနာဂတ္တြင္ ဒီမို

ကေရစီဖက္ဒရယ္ ျပည္ေထာင္စု ေပၚ ထြန္းေရး ဆက္လက္ႀကိဳးပမ္းမည္ဟု ေပးစာ

တြင္ ပါရွိသည္။

ဒီမိုကေရစီ ဖက္ဒရယ္ျပည္ေထာင္စု တည္ ေဆာက္ေရးအတြက္ တိုင္းရင္းသားမ်ား

တန္းတူအခြင့္အေရးကို ႀကိဳး ပမ္းေဖာ္ေဆာင္ ရန္ လီဆူအမ်ိဳးသားဖြံ႕ၿဖိဳးတိုးတက္ေရး

ပါတီ (ဒူးေလးပါတီ) က တိုက္တြန္းသည္။

NLD ပါတီ ေပးစာအေပၚ ႏိုဝင္ဘာ ၁၉ ရက္က အေၾကာင္းျပန္မႈတြင္ ထိုသို႔ ေတာင္း

ဆို တိုက္တြန္းထားျခင္းျဖစ္သည္။

“အမိျမန္မာႏိုင္ငံႀကီးမွာရွိတဲ့ တိုင္းရင္း သားအားလုံးဟာ တန္းတူညီတူျဖစ္တယ္ ဆိုတဲ့

အေပၚမွာ အေျခခံၿပီးေတာ့ ျပည္ ေထာင္စုျမန္မာႏိုင္ငံေတာ္ႀကီး ဖြံ႕ၿဖိဳးတိုး တက္ဖို႔ အဲ

ဒါေလး ႀကိဳးပမ္းေပးဖို႔ တိုက္တြန္း ခ်င္တယ္”ဟု လီဆူအမ်ိဳးသားဖြံ႕ၿဖိဳးတိုးတက္ ေရး

ပါတီ ဦးေ႐ႊမင္း (ခ) ဆီဖာလာလူးက ေျပာ ၾကားသည္။

တိုင္းရင္းသားပါတီမ်ား၏ ရည္မွန္း ခ်က္မ်ားႏွင့္ အဖြဲ႕ခ်ဳပ္၏ ရည္မွန္းခ်က္မ်ား

တူညီၾကသည့္အတြက္ ေနာင္အနာဂတ္တြင္ တိုင္းရင္းသားလူမ်ိဳးမ်ား၏ဆႏၵကို

အေလး ထားေဆာင္႐ြက္မည္ႏွင့္ အဖြဲ႕ခ်ဳပ္က ေဖာ္ ေဆာင္မည့္ ဒီမိုကေရစီဖက္ဒရယ္

ျပည္ ေထာင္စုအေရးကို တက္ႂကြစြာ ပူးေပါင္းပါဝင္ မည္ဟု ေမွ်ာ္လင့္ေၾကာင္း NLD

ပါတီ ေပးစာတြင္ ေဖာ္ျပသည္။

လီဆူအမ်ိဳးသားဖြံ႕ၿဖိဳးတိုးတက္ေရးပါတီက NLD ပါတီထံ အေၾကာင္းျပန္ၾကားစာ

တြင္ NLD ပါတီ သုံးစြဲသည့္အတိုင္း ဒီမိုက ေရစီဖက္ဒရယ္ျပည္ေထာင္စုဟု သုံးႏႈန္း

ေသာ္လည္း ကခ်င္ျပည္နယ္ျပည္သူ႔ပါတီ၏ အေၾကာင္းျပန္စာတြင္ ဖက္ဒရယ္ဒီမိုက

ေရစီ ဟု သုံးႏႈန္းထားသည္။

NLD ေပးပို႔ေသာ စာကို ႏိုဝင္ဘာ ၁၇ ရက္ခန႔္ လက္ခံရရွိေၾကာင္း တိုင္းရင္းသား ပါတီ

အခ်ိဳ႕ထံမွသိရၿပီး ေပးစာအေပၚ တရား ဝင္ အေၾကာင္းျပန္မႈမွာ ႏိုဝင္ဘာ ၂၁ ရက္

အထိ ကခ်င္ျပည္နယ္ျပည္သူ႔ပါတီႏွင့္ လီဆူ အမ်ိဳးသားဖြံ႕ၿဖိဳးတိုးတက္ေရးပါတီတို႔

သာ ရွိသည္။

NLD ပါတီ အေနျဖင့္ ဖက္ဒရယ္ဒီမိုကေရစီျပည္ေထာင္စုေပၚထြန္းေရးကို ၁၉၄၇ ပင္

လုံစာခ်ဳပ္ သေဘာတူညီခ်က္ႏွင့္အညီ လက္ေတြ႕အေကာင္အထည္ေဖာ္ရန္ ကခ်င္

ျပည္နယ္ျပည္သူ႔ပါတီအေနျဖင့္ လိုလား ေၾကာင္း အေၾကာင္းျပန္စာတြင္

ေဖာ္ျပသည္။

ယင္းသည္ အာဏာရပါတီႏွင့္ တိုင္းရင္းသား ပါတီမ်ားၾကား အသုံးအႏႈန္းဆိုင္ရာ

ျပႆနာမဟုတ္ဘဲ အႏွစ္သာရအားျဖင့္ အျမင္ကြဲျပား မႈျဖစ္သည္ဟု ႏိုင္ငံေရးႏွင့္

တိုင္းရင္းသား အေရး ေလ့လာသုံးသပ္သူ ဦးေမာင္ေမာင္စိုး က မွတ္ ခ်က္ျပဳသည္။

“ရည္မွန္းခ်က္ တူသည္ဆိုေသာ္လည္းပဲ မတူတာေလးေတြေတာ့ ရွိေနတယ္” ဟု ၎

က ဆိုသည္။

■ အမ်ိဳးသားညီၫြတ္ေရးအစိုးရတြင္ တိုင္းရင္းသားမ်ား ပါဝင္ႏိုင္မည္လား

ေ႐ြးေကာက္ပြဲ မတိုင္မီကတည္းက အမ်ိဳးသားညီၫြတ္ေရးအစိုးရဆိုသည့္ စကားရပ္

လူသိမ်ားခဲ့ၿပီး ေ႐ြးေကာက္ပြဲ အၿပီးတြင္ ယင္းစကားရပ္ႏွင့္ စပ္လ်ဥ္း၍ ပိုမို

အသံက်ယ္ေလာင္လာသည္။

သမၼတ႐ုံးေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌးက ႏိုဝင္ဘာ ၄ ရက္ သတင္းစာရွင္းလင္း ပြဲ

တြင္ လာမည့္အစိုးရသည္ အမ်ိဳးသားညီ ၫြတ္ေရးအစိုးရပုံစံ ျဖစ္ဖြယ္ရွိေၾကာင္း

ထည့္ သြင္းေျပာၾကားခဲ့ၿပီး အေသးစိတ္ကိုမူ ရွင္း လင္းခဲ့ျခင္း မရွိေပ။

ေ႐ြးေကာက္ပြဲအႏိုင္ရ NLD ပါတီက လည္း အမ်ိဳးသားညီၫြတ္ေရးအစိုးရ ဖြဲ႕စည္း

ေရးကို ပါတီတြင္းေဆြးေႏြးမႈ ရွိေနၿပီး ဆုံးျဖတ္ ခ်က္ေတာ့မက်ေသးဟု ပါတီေျပာေရး

ဆိုခြင့္ ရွိသူ ေျပာၾကားခ်က္အရ သိရသည္။

“တကယ္တမ္း လက္ေတြ႕ အေကာင္အ ထည္ေဖာ္တဲ့အခါမွာ ဘယ္လိုပုံစံျဖစ္မယ္ဆို

တာေတာ့ ဆုံးျဖတ္ခ်က္ေတြ မရွိေသးပါဘူး”ဟု NLD ပါတီ ေျပာေရးဆိုခြင့့္ရွိသူ

ေဒါက္တာ မ်ိဳးၫြန႔္က ေျပာၾကားသည္။

လက္ရွိ အေနအထားတြင္ NLD ပါတီ ၏ အမ်ိဳးသားညီၫြတ္ေရးအစိုးရမွာ မည္သို႔

ပုံစံျဖစ္ေၾကာင္းကို အၾကမ္းအားျဖင့္ မေျပာ ႏိုင္ေသးသည့္တိုင္ သေဘာတရား ​ေျပာျပ

ထားျခင္းအားျဖင့္ ျပည္သူလူထု ပိုမိုအားတက္ ၿပီး စည္း႐ုံးလႈပ္ရွားမႈ ပိုမိုလြယ္ကူႏိုင္

ေၾကာင္း ျပည္သူ႔ပါတီ အေထြေထြအတြင္းေရးမႉး ဦးရဲ ႏိုင္ေအာင္က ေျပာၾကားသည္။

“လက္ရွိမွာ အေသးစိတ္ေတာ့ မျဖစ္ ႏိုင္ေသးဘူးေပါ့။ သို႔ေသာ္ ဘယ္လိုပုံစံမ်ိဳးနဲ႔

အမ်ိဳးသားညီၫြတ္ေရးအစိုးရ တည္ေဆာက္ မယ္ဆိုတဲ့မူကို ခ်ျပႏိုင္ရင္ေတာ့ ပိုၿပီး

ေတာ့ အက်ိဳးရွိလိမ့္မယ္။ ပိုၿပီးေတာ့ အရွိန္အဟုန္ ရလိမ့္မယ္။ သို႔ေသာ္ အမ်ိဳးသားဒီ

မိုကေရစီ အဖြဲ႕ခ်ဳပ္ ရည္မွန္းထားတဲ့ အမ်ိဳးသားညီၫြတ္ ေရးအစိုးရဆိုတာ ဘယ္လို

မွန္းမသိဘဲနဲ႔ ကြၽန္ ေတာ္တို႔က အေကာင္း၊ အဆိုး ေဝဖန္ဖို႔ေတာ့ ေစာေသးတယ္”ဟု

၎က ေျပာၾကားသည္။

ေ႐ြးေကာက္ပြဲမတိုင္မီ ပါတီအမ်ားစုက ၫြန႔္ေပါင္းဟုဆိုေနခ်ိန္ လာမည့္အစိုးရသည္

အမ်ိဳးသားညီၫြတ္ေရးအစိုးရ ျဖစ္သင့္ ေၾကာင္း ဦးစြာ ထုတ္ေဖာ္ေျပာၾကားသည္က

ျပည္သူ႔ပါတီျဖစ္သည္။

ၫြန႔္ေပါင္းအစိုးရႏွင့္ အမ်ိဳးသားညီ ၫြတ္ေရးအစိုးရမွာ အသြင္သဏၭာန္ ဆင္တူ သ

ေယာင္ျဖစ္ေသာ္လည္း အႏွစ္သာရအား ျဖင့္ ကြဲျပားမႈ ရွိသည္။

ၫြန႔္ေပါင္းမွာ တစ္ပါတီတည္းအစိုးရဖြဲ႕ စည္းရန္ လုံေလာက္ေသာအေရအတြက္ မရ

၍ အျခားပါတီႏွင့္ ေဆြးေႏြးညႇိႏႈိင္းရသည့္ အေျခအေနျဖစ္ၿပီး အမ်ိဳးသားညီၫြတ္ေရး

အစိုးရမွာ ေ႐ြးေကာက္ပြဲရလဒ္ႏွင့္ သက္ဆိုင္ ျခင္း မရွိေပ။

ႏိုင္ငံ့ဦးေဆာင္မႈတြင္ ပါဝင္သင့္၊ ပါဝင္ ထိုက္ေသာ ႏိုင္ငံေရးအင္အားစုမ်ား၊ တတ္သိ

ပညာရွင္မ်ားပူးေပါင္း၍ ႏိုင္ငံ့အေျပာင္းအလဲ မ်ားျပဳလုပ္မည္ဆိုေသာ ရည္မွန္းခ်က္

မ်ား ျဖင့္ေဆာင္႐ြက္ေသာ အစိုးရကို အမ်ိဳးသား ညီၫြတ္ေရးအစိုးရဟု ေယဘုယ်

အားျဖင့္ သတ္မွတ္ၾကသည္။

“အမ်ိဳးသားညီၫြတ္ေရးအစိုးရဆိုတာ ရွိတဲ့အင္အားစုအားလုံး အေျပအလည္ ညႇိ

ႏႈိင္းမယ္။ အားလုံးေပါင္းလုပ္မယ္ဆိုတဲ့ သေဘာတရားကို ထူေထာင္ဖို႔လိုတယ္။ အဲဒီ

လိုမွမဟုတ္ရင္ ဦးေထာင္ပဲ့နင္း အေျခအေန က ႐ုန္းထြက္ႏိုင္ေအာင္ လုပ္ႏိုင္ဖို႔ မလြယ္

ဘူး” ဟု ဦးရဲႏိုင္ေအာင္က ေျပာၾကားသည္။

အစိုးရသက္တမ္း ႏွစ္ဆက္တိုင္ အာဏာရပါတီ စိတ္ႀကိဳက္ဖြဲ႕စည္းေသာ ျပည္ ေထာင္

စုႏွင့္ ျပည္နယ္အစိုးရအဖြဲ႕မ်ားသာ ျဖစ္ခဲ့သလို လက္ရွိ အစိုးရအဖြဲ႕ေခါင္းေဆာင္ အခ်ိဳ႕

ႏွင့္ လႊတ္ေတာ္ ဥကၠ႒၊ ဒုဥကၠ႒မ်ားတြင္ တိုင္းရင္းသားမ်ားပါဝင္ေသာ္လည္း အမ်ား

စုမွာ NLD ပါတီမွ ပုဂၢိဳလ္မ်ားျဖစ္၍ အမ်ိဳး သားညီၫြတ္ေရးအစိုးရဟု ေခၚဆိုရန္မွာ

အျငင္းပြားစရာျဖစ္သည္။

၂၀၁၅ ေ႐ြးေကာက္ပြဲအၿပီး ျပည္နယ္၊ တိုင္းေဒသႀကီးအစိုးရမ်ား ဖြဲ႕စည္းရာတြင္ NLD

ပါတီက ကိုယ္စားလွယ္အမ်ားစု ရရွိ ေသာ တိုင္းရင္းသားပါတီကို ၂၀၀၈ အေျခခံ

ဥပေဒ အေၾကာင္းျပခ်က္ျဖင့္ ျပည္နယ္အစိုး ရ ဦးေဆာင္ဖြဲ႕စည္းခြင့္ မျပဳခဲ့ေပ။

သို႔ရာတြင္ သမၼတ႐ုံး ေျပာေရးဆိုခြင့္ရွိသူ၏ အမ်ိဳးသားညီၫြတ္ေရး အစိုးရ ျဖစ္ဖြယ္

ရွိေၾကာင္းႏွင့္ ေ႐ြးေကာက္ပြဲအႏိုင္ရ NLD ပါတီ၏ ေနာင္အနာဂတ္တြင္ တိုင္းရင္းသား

မ်ား၏ဆႏၵကို အေလးထားမည္ဆိုေသာ သေဘာထားက ျပည္နယ္လႊတ္ေတာ္တြင္

ေနရာအမ်ားစု အႏိုင္မရသည့္တိုင္ ပါဝင္သင့္၊ ပါဝင္ထိုက္သူမ်ား ျပည္ေထာင္စု

အစိုးရ၊ ျပည္နယ္အစိုးရတြင္ ပါဝင္ႏိုင္မည္လားဆို သည့္ ေတြးဆခ်က္ထြက္ေပၚ

ေစသည္။

လက္ရွိ ႏိုင္ငံေရးအခင္းအက်င္းမ်ားအရ လာမည့္ အစိုးရသက္တမ္းတြင္ တိုင္းရင္း

သားပါတီမ်ား ပါ ဝင္ခြင့္ရွိလာႏိုင္ၿပီး မည္မွ် ပါဝင္ေဆာင္ခြင့္ရွိမည္က NLD ပါတီ

အေပၚ သာ အဓိကမူတည္ေၾကာင္း ကခ်င္ျပည္နယ္ ျပည္သူ႔ပါတီဥကၠ႒ ေဒါက္တာတူး

ဂ်ာက ေျပာ ၾကားသည္။

“ျပည္ေထာင္စုအစိုးရျဖစ္ျဖစ္၊ ျပည္နယ္ အစိုးရျဖစ္ျဖစ္ တိုင္းရင္းသားေတြနဲ႔ လက္တြဲ

ၿပီးမွဖြဲ႕ စည္းတဲ့ အစိုးရမ်ိဳး ျဖစ္သင့္တယ္ဆိုတဲ့ သေဘာထားရွိတယ္။ အဲဒါေၾကာင့္မို႔

အခု ကြၽန္ေတာ္တို႔နဲ႔ သူတို႔ ေတြ႕ဆုံေဆြးေႏြးဖို႔ဆို တာက အစိုးရသစ္မဖြဲ႕စည္းမီ ျဖစ္သင့္

တာ ေပ့ါေနာ္”ဟု ၎က ဆိုသည္။

တိုင္းရင္းသားပါတီ ၄၀ ေက်ာ္ ရွိေသာ္ လည္း ေ႐ြးေကာက္ပြဲအႏိုင္ရပါတီ ၁၇ ပါတီ

သာရွိၿပီး ယင္းပါတီမ်ားႏွင့္ အစိုးရသစ္ မေခၚ ယူမီ၊ လႊတ္ေတာ္သစ္ မေခၚယူမီ ဦးစြာ

ေတြ႕ ဆုံေဆြးေႏြးသင့္ေၾကာင္း ႏိုင္ငံေရး ေလ့လာ သုံးသပ္သူ ဦးေမာင္ေမာင္စိုးက

အႀကံျပဳ သည္။

“တိုင္းရင္းသားပါတီေတြကို ေဆြးေႏြး ဖက္အျဖစ္၊ မိတ္ဖက္အျဖစ္ သေဘာထား

တာသည္ တိုင္းရင္းသားျပည္ နယ္ အေရးနဲ႔ပဲ ပတ္သက္ၿပီးေတာ့ အစိုးရဘက္က ေျဖ

ရွင္း႐ုံ သာမက ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္အတြက္ ပါ အေရးပါတယ္လို႔ ျမင္ပါ

တယ္”ဟု ၎င္းက ေျပာၾကားသည္။

အမ်ိဳးသားညီၫြတ္ေရးအစိုးရ ဖြဲ႕စည္း ရန္ တိုင္းရင္းသားပါတီမ်ားႏွင့္ ေဆြးေႏြးညႇိ

ႏႈိင္းမည္ျဖစ္ေသာ္လည္း အစိုးရဖြဲ႕စည္းေရး ကို NLD ပါတီဒုဥကၠ႒က မယုတ္မလြန္

သာ ေျဖဆိုသည္။

“တိုင္းရင္းသားေတြနဲ႔ ေဆြးေႏြးတာက ေဆြးကို ေဆြးေႏြးမွာပါ။ အဲဒါကေတာ့ ေသခ်ာ

ပါတယ္။ အစိုးရဖြဲ႕သြားမယ္ဆိုတဲ့ စကား ကေတာ့ ေျပာလို႔ မရေသးပါဘူး”ဟု ၎က

ႏိုဝင္ဘာ ၁၇ ရက္တြင္ မီဒီယာမ်ားအား Zoom Application မွ ေျပာၾကားသည္။

ျပည္နယ္လႊတ္ေတာ္က ယင္းျပည္နယ္၏ ဝန္ႀကီးခ်ဳပ္ တင္ေျမႇာက္ႏိုင္ေရးသည္

တိုင္းရင္းသားပါတီမ်ား အဓိကလိုလားေသာ အခ်က္မ်ားအနက္ တစ္ခ်က္ျဖစ္ၿပီး

ယင္းအ တြက္ အဓိက အတားအဆီးသည္ အေျခခံဥပ ေဒပုဒ္မ ၂၆၁ ျဖစ္သည္။

ယင္းပုဒ္မကိုျပင္ဆင္ရန္ ၿပီးခဲ့သည့္ လႊတ္ေတာ္တြင္း အေျခခံဥပေဒျပင္ဆင္ေရးတြင္

တိုင္းရင္းသားပါတီမ်ား အဆိုျပဳေသာ္လည္း ေအာင္ျမင္မႈ မရခဲ့ေပ။

သို႔ေသာ္ ျပည္နယ္ႏွင့္ တိုင္းေဒသႀကီးမ်ား၏ ဝန္ႀကီးခ်ဳပ္ခန႔္အပ္ျခင္းကို ႏိုင္ငံေတာ္

သမၼတက ၎၏ အခြင့္အာဏာျဖင့္ ေဆာင္႐ြက္ႏိုင္ရာ အမ်ိဳးသားျပန္လည္သင့္ျမတ္

ေရး ေရွးရႈ၍ ျပည္နယ္အေျခစိုက္ တိုင္းရင္းသား ပါတီမ်ားမွ ကိုယ္စားလွယ္ကို

ဝန္ႀကီးခ်ဳပ္ ခန႔္ အပ္ရန္ တိုင္းရင္းသားပါတီမ်ား ဆႏၵရွိေန ၾကသည္။

“ဝန္ႀကီးခ်ဳပ္လို ေနရာမ်ိဳးမွာ တိုင္းရင္း သားေတြအလိုက် တိုင္းရင္းသားပါတီေတြက

ေ႐ြးခ်ယ္တာဝန္ေပးမယ္။ ဝန္ႀကီးဌာနေတြ ကိုလည္း ဗဟိုခ်ဳပ္ကိုင္မႈေတြ ေလွ်ာ့ခ်ေပး

မယ္ ဆိုရင္ NLD အေပၚမွာ အယုံတရားေတြ ပိုၿပီးမ်ားလာလိမ့္မယ္”ဟု ရွမ္း

တိုင္းရင္းသား မ်ားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ​အေထြေထြအတြင္း ေရးမႉး ဦးစိုင္းလိတ္က ​

ဧရာဝတီသတင္း ဌာနသို႔ ေျပာၾကားသည္။
crd/