အခကြေးငွေယူပြီး ရန်ကုန်ကနေ ရှမ်းပြည်ထဲကို လူမှောင်ခိုပို့နေတဲ့ ကားကို ဖမ်းမိပြီ

အခကြေးငွေယူပြီး ရန်ကုန်ကနေ ရှမ်းပြည်ထဲကို လူတွေ မှောင်ခိုပို့နေတဲ့ ကားကို ဖမ်းမိပြီ

Stay at Home သတ်မှတ်ထားတဲ့ ရန်ကုန်မြို့ကနေ ရှမ်းပြည်နယ်ကို အခကြေးငွေနဲ့

တရားမဝင် လူပို့ဆောင်တဲ့ကားကို ရှမ်းပြည်နယ် တောင်ပိုင်း၊ ကလောမြို့နယ်ရှိ နမ့်

ပန်တက် စစ်ဆေးရေးဂိတ်ကို ဖြတ်ကျော် မောင်းနှင်သွားပြီးနောက် လိုက်လံ ဖမ်းဆီး

နိုင်ခဲ့တယ်လို့ ကလောမြို့နယ် ကြက်ခြေနီ အသင်းထံမှ သိရပါတယ်။


ဖမ်းမိတဲ့ အသက် ၃၀ အရွယ်ရှိ ကားပိုင်ရှင် အမျိုးသားဟာ ကလောမြို့မှာ နေထိုင်သူ

ဖြစ်ကြောင်း ရန်ကုန်မြို့မှ ရှမ်းပြည်နယ် အတွင်းကို လာမယ့်သူတွေကို Online က တ

ဆင့် ချိတ်ဆက်ကာ အခကြေးငွေနဲ့ တင်ဆောင် လာပြီးနောက် နမ့်ပန်တက် စစ်ဆေး

ရေးဂိတ်မှာ စစ်ဆေးမှု မခံယူဘဲ ရွာသားအသွင်ယူ ဖြတ်လျှောက်ခိုင်းကာ စစ်ဆေးရေး

ဂိတ်ကျော်မှ ပြန်လည် တင်ဆောင် မောင်းနှင်သွားတာ ဖြစ်ကြောင်း သိရပါတယ်။


“သူ့ကားက အာရာဖတ် ကားပါ။ သူက Online ပေါ်ကနေ ဘယ်လိုလုပ်လဲဆိုရင် လိုင်း

ပေါ်မှာ လက်မှတ်ရောင်းတဲ့ ဌာနတွေ Page တွေ ရှိတယ်လေ။ အဲ page ကနေ သူက

Post တင်ပြီးတော့ ဘယ်နေ့မှာ ဒီရန်ကုန်၊ တောင်ကြီးကို ခရီးစဉ်ရှိတယ်။ လိုက်မယ့်

သူ စာရင်းပေး ဆိုတော့ သူ့ကို လိုက်ချင်တဲ့လူတွေက Join တယ်။ Join ပြီးတော့ သူက

ဂိတ်တွေရောက်ရင် ဘယ်လိုလုပ်လည်း ဆိုရင် သူလူပိုပါလာတဲ့ဟာ တွေတော့ ကျ

နော်တို့ဂိတ်မှာ ကောင်မလေးတွေကို အကုန်လုံး လမ်းဆင်းလျှောက်ခိုင်းတယ်။ လမ်း

ဆင်းလျှောက်ဆို မသိမသာပေါ့၊ ကျနော်တို့ကလည်း ဂိတ်မှာ အစီး ရာနဲ့ချီ ပိတ်မိနေ

တာကို ရှင်းနေတာ အဲလမ်းလျှောက်ဖြတ်တဲ့ လူတွေတော့ ရွာသားတွေ အများစုက

လမ်းလျှောက်ဖြတ်တာကိုး၊ သူက ရွာသား အသွင်ယူပြီးတော့ လမ်းလျှောက် ဖြတ်

ခိုင်းတယ်။ ဖြတ်ခိုင်းပြီးတော့ဟိုးအရှေ့မှာ စောင့်ခိုင်းထားတာ ဂိတ်နဲ့ အတော်

အလှမ်းဝေးတဲ့ နေရာပေါ့။ အဲ့မှာ စောင့်ခိုင်းထားတာ၊ ပြီးမှ ပြန်ခေါ်သယ်သွားတာပါ”

လို့ ကလောမြို့နယ် ကြက်ခြေနီအသင်း ဥက္ကဋ္ဌ ဦးလှဝင်း က ပြောပါတယ်။


အဲဒီလို ရန်ကုန်မြို့ကနေ လူသယ်ပြီး ကလော- နမ့်ပန်တက် စစ်ဆေးရေးဂိတ်ကို

ဖြတ်သန်း နေတာ ၃ ကြိမ်ရှိပြီ ဖြစ်ပြီး အခု တစ်ကြိမ်မှာတော့ ကြက်ခြေနီ တပ်ဖွဲ့နဲ့

ရဲတပ်ဖွဲ့ဝင်တွေ လိုက်လံ ဖမ်းဆီးရာမှာ ယာဉ်မောင်း အမျိုးသားနဲ့ လိုက်ပါလာသူ

အမျိုးသမီး ၅ ဦးကို ဖမ်းမိခဲ့ပြီး အဲဒီ အမျိုးသားကို ကလောမှာ Quarantine ထားရှိ

သလို အမျိုးသမီး ၅ ဦးကိုတော့ သက်ဆိုင်ရာ မြို့နယ် Quarantine Center တွေမှာ

ထားရှိလိုက်ပြီ ဖြစ်တယ်လို့လည်း သိရပါတယ်။

ကလောမြို့နယ်ရှိ နမ့်ပန်တက် စစ်ဆေးရေးဂိတ်ကို မနက် ၆ နာရီကနေ ည ၁၀ နာရီ

အထိသာ ဖြတ်သန်းခွင့်ပြုတာ ဖြစ်ပေမယ့် လုံခြုံရေး တာဝန်ရှိသူတွေနဲ့ ရွာသားတွေ

ပူးပေါင်းပြီး ညပိုင်းမှာ ကုန်တင်ယာဉ်တွေကို အခကြေးငွေရယူ ဖြတ်သန်းခွင့် ပြုနေ

တာတွေကို အရေးယူမယ်လို့ ကလောမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်

ပြုံးကေသီနိုင် က သူ့ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

အဲဒီ နမ့်ပန်တက် စစ်ဆေးရေးဂိတ်ကို ရှောင်ကွင်း သွားလာနိုင်တဲ့ ဆိုင်ကယ်လမ်းနဲ့ လူ

သွားလမ်းတွေ ရှိနေတာကြောင့် ကျန်းမာရေး ထောက်ခံချက် မပါသူတွေဟာ ဒေသခံ

တွေကို အခကြေးငွေနဲ့ လမ်းပြအဖြစ် ငှားရမ်း ဖြတ်ကျော် နေတာတွေလည်း ရှိနေ

တယ်လို့ အဆိုပါဂိတ်မှာ တာဝန်ထမ်းဆောင်ခဲ့သူ တစ်ဦးက ပြောပါတယ်။

ဖတ်ရှုပေးခဲ့ကြတဲ့ပရိတ်သတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

ပရိသတ်ကြီး အားလုံးလည်းသာယာပျော်ရွှင်သော နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့

ဆုတောင်းပေးလိုက်ပါတယ်နော်။

Crd-Original Post

zawgyi

==============

အခေၾကးေငြယူၿပီး ရန္ကုန္ကေန ရွမ္းျပည္ထဲကို လူေတြ ေမွာင္ခိုပို႔ေနတဲ့ ကားကို ဖမ္းမိၿပီ

Stay at Home သတ္မွတ္ထားတဲ့ ရန္ကုန္ၿမိဳ႕ကေန ရွမ္းျပည္နယ္ကို အခေၾကးေငြနဲ႔

တရားမဝင္ လူပို႔ေဆာင္တဲ့ကားကို ရွမ္းျပည္နယ္ ေတာင္ပိုင္း၊ ကေလာၿမိဳ႕နယ္ရွိ နမ့္

ပန္တက္ စစ္ေဆးေရးဂိတ္ကို ျဖတ္ေက်ာ္ ေမာင္းႏွင္သြားၿပီးေနာက္ လိုက္လံ ဖမ္းဆီး

ႏိုင္ခဲ့တယ္လို႔ ကေလာၿမိဳ႕နယ္ ၾကက္ေျခနီ အသင္းထံမွ သိရပါတယ္။


ဖမ္းမိတဲ့ အသက္ ၃၀ အ႐ြယ္ရွိ ကားပိုင္ရွင္ အမ်ိဳးသားဟာ ကေလာၿမိဳ႕မွာ ေနထိုင္သူ

ျဖစ္ေၾကာင္း ရန္ကုန္ၿမိဳ႕မွ ရွမ္းျပည္နယ္ အတြင္းကို လာမယ့္သူေတြကို Online က တ

ဆင့္ ခ်ိတ္ဆက္ကာ အခေၾကးေငြနဲ႔ တင္ေဆာင္ လာၿပီးေနာက္ နမ့္ပန္တက္ စစ္ေဆး

ေရးဂိတ္မွာ စစ္ေဆးမႈ မခံယူဘဲ ႐ြာသားအသြင္ယူ ျဖတ္ေလွ်ာက္ခိုင္းကာ စစ္ေဆးေရး

ဂိတ္ေက်ာ္မွ ျပန္လည္ တင္ေဆာင္ ေမာင္းႏွင္သြားတာ ျဖစ္ေၾကာင္း သိရပါတယ္။


“သူ႔ကားက အာရာဖတ္ ကားပါ။ သူက Online ေပၚကေန ဘယ္လိုလုပ္လဲဆိုရင္ လိုင္း

ေပၚမွာ လက္မွတ္ေရာင္းတဲ့ ဌာနေတြ Page ေတြ ရွိတယ္ေလ။ အဲ page ကေန သူက

Post တင္ၿပီးေတာ့ ဘယ္ေန႔မွာ ဒီရန္ကုန္၊ ေတာင္ႀကီးကို ခရီးစဥ္ရွိတယ္။ လိုက္မယ့္

သူ စာရင္းေပး ဆိုေတာ့ သူ႔ကို လိုက္ခ်င္တဲ့လူေတြက Join တယ္။ Join ၿပီးေတာ့ သူက

ဂိတ္ေတြေရာက္ရင္ ဘယ္လိုလုပ္လည္း ဆိုရင္ သူလူပိုပါလာတဲ့ဟာ ေတြေတာ့ က်

ေနာ္တို႔ဂိတ္မွာ ေကာင္မေလးေတြကို အကုန္လုံး လမ္းဆင္းေလွ်ာက္ခိုင္းတယ္။ လမ္း

ဆင္းေလွ်ာက္ဆို မသိမသာေပါ့၊ က်ေနာ္တို႔ကလည္း ဂိတ္မွာ အစီး ရာနဲ႔ခ်ီ ပိတ္မိေန

တာကို ရွင္းေနတာ အဲလမ္းေလွ်ာက္ျဖတ္တဲ့ လူေတြေတာ့ ႐ြာသားေတြ အမ်ားစုက

လမ္းေလွ်ာက္ျဖတ္တာကိုး၊ သူက ႐ြာသား အသြင္ယူၿပီးေတာ့ လမ္းေလွ်ာက္ ျဖတ္

ခိုင္းတယ္။ ျဖတ္ခိုင္းၿပီးေတာ့ဟိုးအေရွ႕မွာ ေစာင့္ခိုင္းထားတာ ဂိတ္နဲ႔ အေတာ္

အလွမ္းေဝးတဲ့ ေနရာေပါ့။ အဲ့မွာ ေစာင့္ခိုင္းထားတာ၊ ၿပီးမွ ျပန္ေခၚသယ္သြားတာပါ”

လို႔ ကေလာၿမိဳ႕နယ္ ၾကက္ေျခနီအသင္း ဥကၠ႒ ဦးလွဝင္း က ေျပာပါတယ္။


အဲဒီလို ရန္ကုန္ၿမိဳ႕ကေန လူသယ္ၿပီး ကေလာ- နမ့္ပန္တက္ စစ္ေဆးေရးဂိတ္ကို

ျဖတ္သန္း ေနတာ ၃ ႀကိမ္ရွိၿပီ ျဖစ္ၿပီး အခု တစ္ႀကိမ္မွာေတာ့ ၾကက္ေျခနီ တပ္ဖြဲ႕နဲ႔

ရဲတပ္ဖြဲ႕ဝင္ေတြ လိုက္လံ ဖမ္းဆီးရာမွာ ယာဥ္ေမာင္း အမ်ိဳးသားနဲ႔ လိုက္ပါလာသူ

အမ်ိဳးသမီး ၅ ဦးကို ဖမ္းမိခဲ့ၿပီး အဲဒီ အမ်ိဳးသားကို ကေလာမွာ Quarantine ထားရွိ

သလို အမ်ိဳးသမီး ၅ ဦးကိုေတာ့ သက္ဆိုင္ရာ ၿမိဳ႕နယ္ Quarantine Center ေတြမွာ

ထားရွိလိုက္ၿပီ ျဖစ္တယ္လို႔လည္း သိရပါတယ္။

ကေလာၿမိဳ႕နယ္ရွိ နမ့္ပန္တက္ စစ္ေဆးေရးဂိတ္ကို မနက္ ၆ နာရီကေန ည ၁၀ နာရီ

အထိသာ ျဖတ္သန္းခြင့္ျပဳတာ ျဖစ္ေပမယ့္ လုံၿခဳံေရး တာဝန္ရွိသူေတြနဲ႔ ႐ြာသားေတြ

ပူးေပါင္းၿပီး ညပိုင္းမွာ ကုန္တင္ယာဥ္ေတြကို အခေၾကးေငြရယူ ျဖတ္သန္းခြင့္ ျပဳေန

တာေတြကို အေရးယူမယ္လို႔ ကေလာၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ေဒၚ

ၿပဳံးေကသီႏိုင္ က သူ႔ရဲ႕ လူမႈကြန္ယက္ စာမ်က္ႏွာမွာ ေဖာ္ျပထားပါတယ္။

အဲဒီ နမ့္ပန္တက္ စစ္ေဆးေရးဂိတ္ကို ေရွာင္ကြင္း သြားလာႏိုင္တဲ့ ဆိုင္ကယ္လမ္းနဲ႔ လူ

သြားလမ္းေတြ ရွိေနတာေၾကာင့္ က်န္းမာေရး ေထာက္ခံခ်က္ မပါသူေတြဟာ ေဒသခံ

ေတြကို အခေၾကးေငြနဲ႔ လမ္းျပအျဖစ္ ငွားရမ္း ျဖတ္ေက်ာ္ ေနတာေတြလည္း ရွိေန

တယ္လို႔ အဆိုပါဂိတ္မွာ တာဝန္ထမ္းေဆာင္ခဲ့သူ တစ္ဦးက ေျပာပါတယ္။

ဖတ္ရႈေပးခဲ့ၾကတဲ့ပရိတ္သတ္ႀကီးကို ေက်းဇူးအထူးတင္ရွိပါတယ္ေနာ္။

ပရိသတ္ႀကီး အားလုံးလည္းသာယာေပ်ာ္႐ႊင္ေသာ ေန႔ေလးကိုပိုင္ဆိုင္ႏိုင္ၾကပါေစလို႔

ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Crd-Original Post