မြန်မာနိုင်ငံမှာ မာစီဒီးကားကို ပထမဆုံး စစီးတဲ့ လေးထပ်ကွမ်း အကယ်ဒမီပိုင်ရှင် ဝဏ္ဏကျော်ထင်ဘွဲ့ရ ကြည်ကြည်ဌေး

မြန်မာနိုင်ငံမှာ မာစီဒီးကားကို ပထမဆုံး စစီးတဲ့ လေးထပ်ကွမ်း အကယ်ဒမီပိုင်ရှင် ဝဏ္ဏကျော်ထင်ဘွဲ့ရ ကြည်ကြည်ဌေး

” နာ မည် ကျော် မင်း သ မီး ယော င်္ကျား ”

သာ ဂ ဒို း

တစ်နေ့က ဂီတလုလင်မောင်ကိုကိုသည်သတင်းစာအတွက် ဆောင်းပါးလာပေးရာ ဟိုပြော
သည်ပြောနှင့် ကြည်ကြည်ဌေးတိုက်ကြီးဟည်းနေတာလည်းရောက် ဦးအောင်သိန်းအကြောင်း
လည်းပါ စကားပြောကြရင်း ကွယ်လွန်သူဦးအောင်သိန်းမျက်နှာကို တဝဲလယ်လယ်သတိ
ရမိသည်။

သာဂဒိုး၏ မုန်းတီးမြင်ပြင်းကတ်သူများစာရင်းတွင် ဟိုစဉ်ကထိုဦးအောင်သိန်းသည် ထိပ်ဆုံးကပါ၏။

သူနှင့်ပက်သက်သမျှ ဟိုကဒီကပြောကြသမျှ ကလည်းမကောင်းသတင်းချည်းပင်။

ထိတွေ့ရာစာနယ်ဇင်းနယ် ရုပ်ရှင်ပြဇာတ်နယ်ဝန်းကျင်ကလည်း အဆိုးသတင်းသာပြောကြ ကြားရလေသည်။

ထိုဦးအောင်သိန်းနှင့် တစ်နေ့လုပ်ဖော်ကိုင်ဖက်ဖြစ်လာရလိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးမိချေ။

ရန်ကုန်မြို့ပန်းဆိုးတန်းဝင်းဝင်းပြဇာတ်ရုံဘက်၌ပြဇာတ်များခေတ်စားနေချိန်က ယင်းနှင့်မနီး

မဝေးလွစ္စလမ်း၌ အိုးဝေသတင်းစာတွင် သတင်းထောက်အယ်ဒီတာလုပ်နေစဉ်က အချိန်အား

လျှင် ဝင်းဝင်းရုံ၌ ပြဇာတ်ဆက်တင်တွေကြား မင်းသားမင်းသမီးတွေကြား သတင်းထောက်

တာဝန်တစ်ဖက်ဖြင့်ရောက်တတ်သည်။

အဲဒီမှာ နာမည်ကျော်အကယ်ဒမီမင်းသမီးကြည်ကြည်ဌေးယောင်္ကျား ဦးအောင်သိန်းကိုစတွေ့ဖူးခဲ့သည်။

လူက ဗလကောင်းကောင်းအသားညိုညို မေးရိုးကားကား ဗိုက်တွဲတွဲ။သူလာလျှင်ရှောင်ကြရှားကြ လက်တတကားကားနဲ့လျှောက်တတ်သည်။

လုံချည်ကို ချက်ပြုတ်ဝတ်လျှက် ခြောက်လုံးပြူ း အတွဲလိုက်ခါးကြားမှာထိုးထားသေး၏။

သုန်သုန်မှုန်မှုန်ဖြင့် အလကားနေရင်း ဒေါသပြင်းကာစိတ်ဆိုးနေသလိုမျိုးမျက်နှာက တင်းမာခက်ထန်လွန်းလှသည်။

ကြားရသမျှ ဝင်းဝင်းပြဇာတ်ခုံပေါ်၌ပင် မင်းသားလုပ်ပုံကိုမကျေနပ်သဖြင့် သူ့မယားကြည်ကြည်ဌေးကိုပါးပိတ်ရိုက်လိုက်တာ ချာကနဲပစ်လဲ၍ သတိပင်လစ်သွားကြောင်း။

မင်းသမီးခမျာ လူလည်ခေါင်တွင်မျက်ရည်ဖြာအောင် ငိုရရှာကြောင်း စတဲ့ခပ်ပူပူခပ်ဆူဆူသတင်းမျိုးတွေချည်းသာ ကြားရသည်။

ရုပ်ရှင်နယ်တွင်ထိုကြည်ကြည်ဌေး လင် ဦးအောင်သိန်းကတစ်ခုထွင်တာရှိသေးသည်။ရုပ်ရှင်ကုမ္ပဏီတွေက သူ့ကို မင်းသမီးလင်ဖြစ်လို့ လင်ကြေးပေးရသည်။

သူ့စနစ်က မင်းသမီးရှုတင်ရောက်သည်နှင့် သူ့ကိုငွေ၂ဝကျပ်ပေးရန်အလုပ်မပြီး၍ ညနေ၆နာရီကျော်လျှင် အချိန်ပိုလင်ကြေးသူ့ကို၂ဝကျပ် ထပ်မံပေးရန် ထိုမှ မပြီးသေး ည၁၂နာရီကျော်ဦးမည် ဆိုလျှင် နောက်ထပ်၂ဝကျပ်ပေးရန်ဖြစ်သည်။

ဒါကိုလည်း ကုမ္ပဏီတွေက ကြည်ကြည်ဖြူဖြူပေးကြရပါသည်။

ထိုစဉ်ကာလ ပြဇာတ်ရုပ်ရှင်လောက၌ ကြည်ကြည်ဌေးမပါလျှင် အစိုးရ ပွဲပင်မပြီးချေ။နိုင်

ငံရေးပါတီပွဲလမ်းများကလည်း အလုအယက် ဖဆပလအဖွဲ့ကြီးကွဲကာပထစ ဖြစ် ပထစ ကွဲကာ ဦး ဗိုလ် သခင်အဖွဲ့တွေ အသီးသီးကွဲကြပေမယ့် ကြည်ကြည်ဌေးကြိုက်တာ တန်းတန်းစွဲတာတော့ အားလုံးအတူတူပင်။

ကြည်ကြည်ဌေးပါလျှင် နိုင်ငံရေးမှာတောင် ဂုဏ်ရှိသလိုလိုဒီပြည်မှာ ဖြစ်ခဲ့ဘူး၏။

ဒီတော့ ဦးအောင်သိန်းကြီးကလည်း လက်မတစ်ထောင်ထောင် ခြောက်လုံးပြူ း တစ်ထောင်ထောင်လုပ်တာ ဘာဆန်းအံ့နည်း။

၁၉၅၈ခုနစ်က ကျွန်တော်သည် ရုပ်ရှင်ဒါရိုက်တာအဖြစ်ရိုက်ကူးဖြစ်ခဲ့ရာတစ်နေ့တွင် ကုမ္ပဏီပိုင်ရှင်က ကြည်ကြည်ဌေးနှင့်ရိုက်ချင်တယ်ဟု ဆိုလာသည်။

ကျွန်တော့်မှာ ကြည်ကြည်ဌေးနှင့် ဟုဆိုကတည်းကသူ့လင်ကြီးကို မျက်စေ့ထဲတန်းကနဲမြင်မိသည်။

မကြာမီကပင် သတင်းစာထဲတွင် ထိုဦးအောင်သိန်းကိုအမြင်ကတ်သဖြင့် ဆောင်းပါးတစ်ပုဒ်

ကျွန်တော်ကိုယ်တိုင်ရေးသားဖော်ပြခဲ့သေးသည်မှာ ပူပူနွေးနွေးရှိသေး၏ထိုဆောင်းပါးတွင်

“ဗမာပြည်မှာရုပ်ရှင်ဖြင့်အသက်မွေးကြသော သရုပ်ဆောင်တွေ ဒါရိုက်တာတွေကုမ္ပဏီ ပိုင်ရှင်တွေကအစ

မင်းသမီးလည်းကြောက်ရမင်းသမီးယောင်္ကျားလည်းကြောက်ရ သဘောထားအမျိုးမျိုးဖြင့် အဆိုးတွေမကုန်နိုင်သည့်အပြင် တောင်းဆိုချက်အမျိုးမျိုးကိုပါ အလျော့ပေးလိုက်လျောနေရသဖြင့် ရုပ်ရှင်လုပ်ငန်းမှာအခက်ကြီးခက်နေရကြောင်း”ရေးသားခဲ့သေးသည်။

ဒီလိုတွေရေးပြီးကာမှ မျက်နှာပူစရာကြည်ကြည်ဌေးနှင့်အလုပ်လုပ်ဖို့ ဖြစ်လာရတော့၏။ထိုအချိန်ကကြည်ကြည်ဌေးရိုက်ကွင်းလာပြီဆိုလျှင် ဦးအောင်သိန်းကိုယ်တိုင် မာစီဒီးကားကြီးဖြင့်လိုက်ပို့ပေးလေ့ရှိသည်။ကျွန်တော်ကတော့သူနှင့်မျက်နှာဆုံလိုက်သည်နှင့်ခပ်တည်တည်နေမိသည်။ကြည်ကြည်ဌေးကတော့အဆင့်ရထိပ်တန်းမင်းသမီးဖြစ်သော်လည်း ကျွန်တော့်လိုဒါရိုက်တာပေါက်စအပေါ် မလေးမစားမလုပ်။” လိုတာရှိရင် အားမနာတမ်းခိုင်းပါဆရာ”ဟုကားရိုက်တိုင်းပြောတတ်သည်။သူ့ယောင်္ကျားကလည်း အမြဲအချိန်ကိုအတိအကျလိုက်ပို့လေ့ရှိ၏ ချိန်းလိုက်တိုင်းစောင့်ရသည်ဟူ၍ ဘယ်တော့မှမရှိ။အမြဲတမ်းစောလာလေ့ရှိပြီး မင်းသမီးကိုပို့ပေးပြီးပြန်သွားသည်။သို့သော်သူ့အတွက်အပိုကြေး ၂ဝကျပ်ကိုလည်း အမြဲပေးရလေ့ရှိ၏။

တစ်နေ့တော့ ရုပ်ရှင်ရိုက်ချိန်စောပြီးပါသည်။သို့သော် လက်ကျန်ကိစ္စလေးများဆက်လုပ်ရင်းညနေ၆နာရီကို မိနစ်ပိုင်းမျှ စွန်းသွား၏။ရုပ်ရှင်သမားတို့ထုံးစံမိနစိအနည်းငယ်စွန်းရုံမျှဖြင့် တစ်ဂျုတီဟုမသတ်မှတ်ပါ။နာရီပိုင်းချီကြာမှသာနောက်ထပ်တစ်ဂျုတီသတ်မှတ်သည်။ယင်းကို မင်းသမီးယောင်္ကျားကတော့သူ့ကိုယ်ပိုင်စည်းကမ်းအတိုင်း ၆နာရီကိုမိနစ်စွန်းရုံဖြင့် သူ့အတွက် တစ်ဂျုတီခ နောက်ထပ်၂ဝကျပ်တောင်းလာ၏။

ထိုကိစ္စ ကျွန်တော်ကြားရသောအခါ ရင်ခေါင်းထဲပွလာပြီး “ဟာ ဒီငနဲကြီး လူပါးဝလှချည်လား တခြားအလုပ်သမားတွေတောင် ဂျုတီမရှိပဲ လင်ဂျုတီရှိရသလားကွ။ဒါသက်သက်ဗိုလ်ကျတာ မိန်းမထဘီမှီပြီးစားနေတဲ့ထဘီဗိုလ်ကြီး”ဟုစိတ်ပေါက်ပေါက်နှင့်တဖြစ်တောက်တောက်ပြောနေမိသည်။ ထိုစဉ်ကျောဘက်မှ ကားမောင်းသွားသံကြား၍ ကြည့်လိုက်တော့ ကျွန်တော်ထဘီဗိုလ် ခေါ်နေသည့်ကိုအောင်သိန်းကြီးဖြစ်၏။ဘယ်အချိန်က ကျွန်တော့်နောက်ရောက်နေသည်မသိ ကျွန်တော်ဆဲဆိုနေသမျှသူအကုန်ကြားသည်။ဘေးလူတွေကလည်းလက်မတို့သာ ကြည့်လျှက်အသာ ကားပေါ်တက်ကာမောင်းထွက်သွားပါမှကျွန်တော်သတိထားမိလေသည်။သို့ဖြင့် နောက်တစ်နေ့တွင် ရိုက်ကွင်းမှာ မိုးတွေရွာနေသဖြင့် ခြံအနောက်ဘက်ထောင့်ရှိနားနေဆောင်ထဲတွင် မိုးတိတ်နိုးနိုးစောင့်ရင်း တန်းလျားတစ်ခုပေါ်တွင်ဇာတ်ညွှန်းများပြန်ဖတ်နေသည်။ ထိုစဉ် “ဆရာ့ကိုရှင်းပြချင်လို့လိုက်ရှာနေတာပါ”ဟူသော ဦးအောင်သိန်းအသံကြီးကို ကြားလိုက်ရ၏။ကျွန်တော် ရုတ်တရက်စိတ်လှုပ်ရှားကာတွေနေမိကာ သူ့ဘက်ဣန္ဒြေဆည်ကာလှည့်ကြည့်လိုက်တော့ ပြုံးစစမျက်နှာထားဖြင့် ဝင်ရောက်လာသည်။

ကျွန်တော်ကိုယ်နေဟန်ကို အသင့်အနေအထားပြင်လိုက်သည်။အခန့်မသင့်လျှင်လည်းဇာတ်ညွှန်းအိတ်ထဲ၌ ဓားရှိသည်။ မိုက်တော့သူကပိုမိုက်သည်။ရဲသည်။ကျွန်တော်ကတော့ ကြောက်ရမ်းရမ်းရမည့်အခြေအသေူလည်း သတိထားကာရှေ့တိုးလာပြီး” ဒီလိုပါဗျာကျွန်တော့်အတွက် အချိန်နဲ့နေ့တွက်ကိစ္စပါ။

ကုမ္ပဏီနဲ့ကျွန်တော်အစောကြီးကတိုင် ကြိုတင်ညှိနှိုင်းပြီးအသေအချာပြောထားပြီးသားပါ တစ်ဂျုတီကိုနှစ်ဆယ် ခြောက်နာရီကိုမိနစ်ပိုင်းစွန်းတာနဲ့နောက်ထပ်တစ်ဂျုတီခပေးရမယ်လို့ သဘောတူထားပြီးသားပါ။ကျွန်တော့်ဘက်ကလည်းရက်ချိန်းပိုပေးပြီး ချိန်းတဲ့အချိန်ကိုအတိအကျပို့ပေးဖို့ကတိပေးထားရပါတယ်။ကျွန်တော်တစ်ခါမှမချွတ်ယွင်းခဲ့ပါဘူး ကျွန်တော်တို့သဘောတူညှိနှိုင်းထားချက်ကိုဆရာမသိတန်သေးဘူးထင်လို့အခုလာရှင်းပြတာပါ”ကျွန်တော်လည်း ဣန္ဒြေဆည်လျှက်”ကောင်းပါပြီ ခင်ဗျားတို့ချင်းသဘောတူရင်လည်း ပြီးရောပေါ့ဗျာ ချိန်းတဲ့အချိန်ကိုအတိအကျလာတာလည်းကျေးဇူးတင်ပါတယ်။” ထိုစဉ် စတူဒီယိုထဲမှရုပ်ရှင်အဖွဲ့သားအားလုံး အသံတိတ်ကာ နားနေဆောင်ဘက်သို့ခေါင်းကလေးတွေစောင်းကာ ကျွန်တော်တို့နှစ်ယောက်အားစိုးရိမ်ထိတ်လန့်စွာစောင့်ကြည့်နေကြလေသည်။

ကြည်ကြည်ဌေးလည်း တုန်လှုပ်စွာစိုးရိမ်မကင်းဟန်ဖြင့် သူ့နောက်နားမလှမ်းမကမ်းမှ ဝင်ရောက်လာသည်။ဦးအောင်သိန်းက ဆက်ပြီး”ဒီလိုပါဆရာ ကျွန်တော် အမှတ်မဲ့နေတတ်သူမဟုတ်ပါဘူးငယ်ငယ်ကထဲက လူကိုအကဲခတ်တတ်ပါတယ်။”ဟုပြောရင်းကျွန်တော့်ထိုင်နေသည့်တန်းလျားဘေးသို့ ရင်းနှီးစွာပြုံးလျှက်ဝင်ထိုင်သည်။သူ့ဘေးတွင်ကြည်ကြည်ဌေးလည်းဝင်ထိုင်၏။”ကျွန်တော့်ဇနီးရွှေကြည်ဟာ ကျွန်တော်မပါပဲဘယ်တော့မှ သွားလေ့မရှိပါဘူး။သူကလည်းကြောက်တတ်သလိုကျွန်တော်ကလည်းကြောက်တာပါပဲဆရာဒီရုပ်ရှင်ပြဇာတ်နယ်ဆိုတာ လက်ရှုပ်ခြေရှုပ်လူရှုပ်ပါးစပ်ရှုပ်တွေ အင်မတန်များပါတယ်။

ကျွန်တော်တို့လင်မယားနှစ်ယောက်လုံးဒါကိုကြောက်ပါတယ်။ဆရာ့ကိုတော့ တွေ့စကထဲကယုံကြည်လေးစားခဲ့လို့သာတစ်ခါတစ်လေ ကျွန်တော်ကိုဟ်တိုင်လိုက်မပို့ပဲ ဆရာတို့ရုပ်ရှင်အဖွဲ့သားတွေနဲ့အတူလိုက်သွားဖို့ခွင့်ပြုခဲ့တာပါ။ထို့နောက် ကြည်ကြည်ဌေးဘက်သို့လှည့်ကာ “ရွှေကြည်ရေ တို့ဘဝဘယ်လိုလုပ်ခဲ့ရတယ်ဆိုတာ ဆရာ့ကိုတော့ပြောပြရတော့မှာပဲ”ဟုပြောရာ ကြည်ကြည်ဌေးကလည်း ပြုံးလျှက်ခေါင်းညိတ်ပြလေသည်။”ကျွန်တော်တို့လင်မယားလျို့ဝှက်ချက်ပဲပြောချင်ပြောတော့ဆရာ့ကိုတော့လေးစားလို့ပြောပြရတာပါ။ပြဇာတ်နယ်ရောရုပ်ရှင်လောကပါ ခက်တယ်ဆရာအမြီးကျတ်အမြီးစားခေါင်းကျတ်ခေါင်းစားတွေအများကြီး ပြီးတော့ ပညာနဲ့လုပ်စားသူချင်းခေါင်းပုံဖြတ်တာတွေကလည်းအများသား ဒါတွေကိုကာကွယ်နိုင်ဖို့လင်မယားရန်ဖြစ်ပြရ ပါးရိုက်ပြရတာပါ ကျွန်တော်တို့အပေါ်ရိုသေအောင် ပညာရှိနှိပ်စက်တာမျိုးတွေမခံရအောင် ကျွန်တော်က လူမိုက်လုပ်ပြရတယ်။

လူမိုက်ရုပ်အခံကလည်း ရှိ ပညာရှိပုံကလည်း မပေါက်တော့ လူမိုက်လုပ်ပြရတာပေါ့ သူများသွားလုပ်ရင်ဘယ်ခံပါ့မလဲနော် ပြန်လည်းအလုပ်ခံရမယ် အမှု့လည်းဖြစ်ဦးမယ် ဒီတော့ ကိုယ့်မယားကိုယ်ပဲ လူထူထူရှေ့မှာ ဆဲဆိုပြီးပါးရိုက်ပြရတယ် ဒါမှသတင်းများများပျံ့ပြီးအကျိုးရှိမှာမဟုတ်လား လင်မယားကြိုတင်ဇာတ်တိုက်ထားတဲ့အတိုင်း ပါးကိုမနာ့တနာရိုက်ပြသူကလည်း တအားအော်ငိုပြီးးပက်လက်လန် သူ့သာမေးကြည့်ပါ ရုပ်ရှင်ပြဇာတ်ထဲမပါတဲ့ဇာတ်ဝင်ခန်းတွေမှာ ကျွန်တော်လည်းအိုက်တင်မညံ့ပါဘူး။””ဒါတွေဟာ တကယ်တော့ကျွန်တော်တို့လင်မယားရဲ့ စီးပွားရေးငါးနှစ်စီမံကိန်းအတွက်ဆိုလည်းမမှားပါဘူး””ဗျ ာ စီးပွားရေး ငါးနှစ်စီမံကိန်း ဟုတ်လား”ကျွန်တော်အလွန်အံ့အားသင့်စွာ မေးမိသည်။”ဟုတ်တယ်ဆရာရဲ့ သူ့ငါးနှစ်စီမံကိန်းကြောင့်ကျွန်မဖြင့် ငါးနှစ်လုံးလုံး ဘဝင်မကျခဲ့ဘူး။လူဖြင့်ခြိုးခြံရလွန်းတော့ ဒေါသဖြစ်လိုက်တာ သူ့ကိုဓါးနဲ့ခုတ်ချင်စိတ်တောင်ပေါက်တယ်”ဟုကြည်ကြည်ဌေးကပြောသည်။ဒီတော့ ဗိုလ်အောင်သိန်းကြီးက တဟဲဟဲဖြင့် ဘီလူးရယ်ရယ်ပြသည်။”ဒီလိုပါဆရာ ကျွန်တော်ပြည်သူရဲဘော်လုပ်ခဲ့တုန်းကမစို့မပို့သင်တန်းတက်ခဲ့ရတာက ကြားဖူးနားဝနဲ့ ငါးနှစ်စီမံကိန်းဆိုတဲ့စကားလုံးကြီးသုံးပြီးလေထွားသလိုဖြစ်မိတာသည်းခံပါ။

တစ်နေ့ကျွန်တော် ရှေးခေတ်မင်းသမီးကြီးနဲ့သူ့သမီးလေးကို အမှတ်မထင်တစ်နေရာမှာတွေ့မိပြီး စိတ်တုန်လှုပ်သွားတယ်။ဆင်းရဲလိုက်တာနေ့နေ့ညည မနည်းရှာဖွေရုန်းကန်စားသောက်နေရတဲ့ဘဝပါ ။” ကျွန်တော်က “နာမည်ကြီးထဲကလား”ဟုဖြတ်မေးသည်။ ဦးအောင်သိန်းကဆက်၍”သူဟာတစ်ချိန်က လျှမ်းလျှမ်းတောက်ပါဆရာသူတို့ခေတ်က ကားဝယ်စီးနိုင်သူပါ (ထိုအချိန်ကစစ်ကြိုခေတ်တွင် မြန်မာလူမျိုးထဲမှကားဝယ်စီးနိုင်သူခပ်ရှားရှားဖြစ်၏) စစ်မဖြစ်ခင်ကပေါ့ မြန်မာဇာတ်လိုက်တွေဟာ အဲ့ဒီ့ခေတ်အန္ဒိယရုပ်ရှင်ဇာတ်လိုက်တွေထက်ကြေးပိုရပါတယ်။ဒါနဲ့ရှေးကရုပ်ရှင်ဇာတ်လိုက်တွေအဆက်အနွယ်တွေအကြောင်းလေ့လာမိတော့ကျွန်တော်အရမ်းတုန်လှုပ်မိတယ် အမွဲမွဲအတေတေနဲ့ဘယ်မှာထူထူထောင်ထောင်ရှိကြတော့လို့လဲ တစ်ချို့ဆိုဇာတ်သိမ်းမလှလိုက်ပုံများဆရာရယ်။

ဒါနဲ့ကျွန်တော်သံဝေဂရမိတယ် စီးပွားရေးအတွက်ပေါ့ ကျွန်တော့်မှာလည်း ပြည်သူ့ရဲဘော်အဖြစ်လုပ်ခဲ့တာဘာအခြေမှမရှိဘူး အရပ်လူမိုက်လိုလိုနဲ့ သူ့ကြည့်တော့လဲဇာတ်မင်းသမီးလူထွက် ဘယ်နေရာမှအံမဝင်ချင်ဘူး။ရွှေကြည်ဘယ်လေါက်တာရှည် မင်းသမီးလုပ်နိုင်မှာလဲ။ သူ့ရုပ်ကလည်းယိုပြီ အသက်ကလည်းထောက်လာပြီ ဆရာ့နှမကိုသေချာကြည့်ပါဦး တကယ်တော့ရုပ်ရှင်မင်းသမီးတွေထဲမှာခပ်ချာချာပါ ရင်မရှိတင်မရှိနဲ့ကိုယ်လုံးအလှပြနိုင်တဲ့မင်းသမီးမျိုးမဟုတ်ပဲ ငိုကာရယ်ကာ ဒီမျက်နှာလေးတစ်ထွာနဲ့လုပ်စားနေရတာပါ”” ဟောတော့ ကာလနာအကြီးစားကြီး အတွင်းရေးတွေပေါ်ကုန်ပါပြီ ကျုပ်မရှိတာတွေလျှောက်ပြောနေရသလား”ကျွန်တော့်မှာသူတို့လင်မယားကြားရယ်မောနေမိလေသည်။

“ရွှေကြည်ရယ် ငါကဆရာနားရှင်းအောင်ပြောချင်လို့ပါဟ။ ဒါနဲ့ငါးနှစ်စီမံကိန်းကိုသူနဲ့တိုင်ပင်လုပ်ခဲ့ကြတာပါ ငါးနှစ်အတွင်းခြိုးခြံချွေတာပြီး အမာခံရအောင်စုဆောင်းပြီးတော့မှ အတိုးအညွန့်သုံးဒါပါပဲမစားရ မဝတ်ရ မဝယ်ရ မပေးရ သူရသမျှပိုက်ဆံလည်းကျွန်တော့်ကိုအကုန်အပ်စေတယ်။ ဒီကြားထဲမှာ ကျွန်တော်အတွေးတစ်ခုဝင်လာတယ်။ ရုပ်ရှင်ပညာသည်တွေဟာ တကယ်တန်ရာတန်ကြေးရရဲ့လားပေါ့။ကုမ္ပဏီပိုင်ရှင်သာ ဇာတ်ကားတစ်ကားနဲ့ကျိကျိတက်ချမ်းသာသွားတယ် ပညာသည်တွေကတော့ သူတို့ကိုအလုပ်အကျွေးပြုပြီး နာမည်လေးပဲအဖတ်တင်ခဲ့တာပါ အိုလာရင်မွဲကြသေကြဒီလိုပဲမြင်မိတယ်။ ဒီမှာကျွန်တော်ကြေးတိုးတောင်းလိုက်တယ် တစ်ကားကိုတစ်သောင်းခွဲရမှ ရိုက်မယ်။”

ဒါကိုတော့ကျွန်တော်ကောင်းကောင်းမှတ်မိသည်။ကြည်ကြည်ဌေး အေဝမ်းတွင်”ချစ်သက်ဝေ”နှင့်အကယ်ဒမီရပြီး “ရတနာပုံ” “အကျော်အမော်”ဇာတ်ကားများဖြင့်လျှမ်းလျှမ်းတောက်ကျော်ကြားသွားသည်။ဒီတော့ရုပ်ရှင်ဇာတ်ကားတစ်ကားကို တစ်သောင်းငါးထောင်နှုန်းဖြင့်ကြည်ကြည်ဌေးကကြော်ငြာသည်။ထိုစဉ်က ရုပ်ရှင်မင်းသား မင်းသမီး ဒါရိုက်တာနှင့်ဓါတ်ပုံဆရာ အားလုံးဈေးအတူ တစ်ကားလျှင် သုံးထောင်နှုန်းသာရရှိသည်။ကြည်ကြည်ဌေးက ဈေးငါးဆတင်လိုက်တော့အားလုံးအံ့အားသင့်ကြ၏။ထိုဈေးကိုပင်ပထမဆုံးပေးသူကကန်တော်မိတ်ရုပ်ရှင်ကုမ္ပဏီဖြစ်၏။ငွေလင်း၏ဝတ္ထု”ယမုန်နာ”ရိုက်ရာတွင်စပေးသည်။

“အခု ဆရာရော ဒီကားမှာဘယ်လောက်ရသလဲသောင်းငါးထောင်လား နှစ်သောင်းလား။အဲ့ဒါကျွန်တော်တို့လင်မယားကျေးဇူးမကင်းလှဘူးနော်”ဟုဗိုလ်အောင်သိန်းကပြောရာ ကျွန်တော်ဘာပြောရမှန်းမသိဖြစ်သွား၏နေရင်းထိုင်ရင်းသူကကျေးဇူးရှင်ထဖြစ်နေသေးသည်။ မှန်သင့်သလောက်လည်းမှန်ပါသည်ထိုသို့ကြည်ကြည်ဌေးသရုပ်ဆောင်ကြေးမှာ ရုပ်ရှင်နယ်ကုမ္ပဏီတွေကြားမှာ ဗုံးကွဲသလိုဖြစ်ရာ ကန်တော်မိတ်ရုပ်ရှင်ကုမ္ပဏီဒါရိုက်တာအစည်းအဝေးထိုင်ကာဆုံးဖြတ်ခဲ့ရသော်လည်း မင်းသမီးနှင့်ကားကြော်ငြာလိုက်ရုံဖြင့် နယ်ရုံတွေကဝိုင်းလာကြသည်။

အခြားကုမ္ပဏီများလည်း အလုအယက်ရိုက်ကူးကြရာ မင်းသမီးဈေးနှုန်းနှင့်လျော်ညီစွာ အခြားပညာရှင်များသရုပ်ဆောင်များကိုပါ ဈေးတက်၍ ပေးခဲ့ရလေသည်။နောက်တစ်ခုသူတို့လင်မယားကျေးဇူးရှိသေးသည်မှာ ရုပ်ရှင်ရိုက်ကွင်းသို့လာလျှင် ဒါရိုက်တာမင်းသားမင်းသမီး စက်သမား မီးထိုးမှန်ထိုးပါမကျန်နေ့စားသမားအဆုံး ကုမ္ပဏီကတစ်ယောက်မကျန်ထမင်းကျွေးရန် ကြည်ကြည်ဌေးလင်မယားကစတင်လှုံ့ဆော်ဖန်တီးစည်းရုံးခဲ့ခြင်းဖြစ်ကြောင်းကို ဂီတလုလင်မောင်ကိုကိုက ပြောပြ၍သိခဲ့ရသည်။

ဒီအချက်ကိုတော့ သူတို့မပြောပါ။အရင်က ရိုက်ကွင်းလာလျှင်သက်ဆိုင်သူအားလုံး ကိုယ့်ထမင်းချိုင့်ကိုယ်ဆွဲလာရလေ့ရှိ၏ ရုပ်ရှင်သမားတို့အတွက်ကျေးဇူးတင်ထိုက်သောကိစ္စ ဖြစ်ပေသည်။ ဦးအောင်သိန်းကြီးကဆက်၍”ဒီလိုနဲ့ဆရာရယ် ဈေးကလည်းရ ကုသိုလ်လေးကလည်းလိုက်တော့ ကားရိုက်တာလည်းလက်မလည်ရည်မှန်းထားတာထက်ပိုကိုက်ပါသေးတယ်။ ဒါနဲ့ငါးနှစ်တင်းတင်းပြည့်တဲ့နေ့မှာ သူ့ကိုခေါ်ပြီး လာဟေ့ရွှေကြည် နင့်ကိုငါအပ်ပြီ ဆိုပြီး ရသမျှငွေစာရင်းနဲ့အတူ ပစ္စည်းပစ္စယစာရင်းတွေ အကုန်ထိုးအပ်လိုက်တယ်။ ဆရာ့နှမကိုသာမေးကြည့်ပါ သူအင်မတန်တုန်လှုပ်သွားတယ်။ ငါးနှစ်အတွင်း ပင်ပန်းခံစုခဲ့သမျှပန်းပင်ကြီးလမ်းမှာ တိုက်အကြီးကြီးဆောက်ပြီးပြီ။မာစီဒီးကားဝယ်ထားပြီ။ တိုက်ရှေ့မှာသုံးဘီးကားတွေကို ဝယ်ပြီးသမျှ အငှားချထားဖို့ တန်းစီပြလိုက်တယ်။

အဲဒါတို့ပိုင်တယ်။ပြီးတော့ စိန်ထည်လေးသောင်းဖိုးနဲ့တခြားရွှေငွေလက်ဝတ်လက်စားတွေသူ့လက်ထဲထည့်လိုက်တယ် ဒါတွေဟာနင်ရသမျှငွေကြေးကိုတစ်ပြားမှအပွန်းပဲ့မခံပဲစုထားခဲ့တာတွေပေါ့ စာရင်းနဲ့တန်ဖိုးပြန်တိုက်ကြည့် အဲ့ဒါငါတို့ငါးနှစ်စီမံကိန်းရဲ့အချုပ်ပေါ့ ဒါနင်ပိုင်တဲ့ပစ္စည်းတွေလာချည်းပဲ”ကျွန်တော်ကြည်ကြည်ဌေးကို လှမ်းကြည့်တော့မျက်လွှာလေးချထားရာမှ သူ့ယောင်္ကျားလက်ကိုလမ်းဆုပ်ကိုင်လိုက်ရင်း မျက်နှာလေးမော့လာသောအခါ မျက်ရည်တွေလည်နေတာတွေ့ရသည်။”ဟုတ်ပါတယ်ဆရာ ကျွန်မဖြင့်အံ့သြလွန်းလို့စားမရအိပ်မရတောင်ဖြစ်မိပါသေးတယ်။

စိတ်လှုပ်ရှားရလွန်းလို့အရူးထောင်ပို့ရမလိုပဲ ဆေးထိုးယူရပါတယ်”ဟုဝန်ခံလေသည်။ ဦးအောင်သိန်းက “ဒီတော့မှဆရာ့နှမကလည်းကျွန်တော့်ကိုယုံကြည်သွားပြီးပြောစကားကို လိုလိုချင်ချင်နားထောင်တော့တာလင်မယားနှစ်ယောက်ထပ်တိုင်ပင်ပြီး နောက်ငါးနှစ်စီမံကိန်းကို ပျော်ပျော်ရွှင်ရွှင်ချခဲ့တာခုဆို နှစ်နှစ်ထဲရောက်နေပါပြီ “။ သည်တော့မှ ကျွန်တော်သူ့ကိုသေချာတဲ့တိုးကြီးကြည့်မိသည်။ဒီလိုဗိုက်ရွှဲကုပ်တိုလူမိုက်လို လူက ဒီလိုအကြံအတွေးနဲ့ဒီလိုလုပ်ခဲ့ခြင်းအပေါ်အံ့သြမိလေသည်။

“နောက် ကျွန်တော့်နေ့တွက်ကိစ္စကလည်း ကျွန်တော်ထွင်တာမဟုတ်ဘူးသူတို့ကိုယ်တိုင်က ထွင်ခဲ့တာပါဆရာ မင်းသမီးကိုကားလွှတ်ကြိုရမယ့်အစားခင်ဗျားပဲရိုက်ကွင်းအရောက်ပို့ပေးပါ အင်ဒိုးအောက်ဒိုးဘယ်နေရာပဲဖြစ်ဖြစ် အချိန်မီသာပို့ပေးတစ်ဂျုတီငွေနှစ်ဆယ်ပေးပါ့မယ်လို့ သတ်မှတ်ခဲ့ကြတာပါ။ပြီးတော့ မျက်နှာထားဆိုးဆိုနဲ့ဘယ်သူ့မှမယုံသလိုခပ်တင်းတင်းအမြဲနေပြပြီး ကျွန်တော်ဆိုးပုံမိုက်ပုံကိုပေါ်လွင်အောင် ခြောက်လုံးပြူ းခါးချိတ်ထားရသေး။ကျွန်တော့်အပေါ်မုန်းသမျှ ကြည်ကြည်ဌေးကို ပုံသနားပေးကြကျွေးကြ ချစ်ခင်ကြင်နာကြတော့တာပါပဲ။”

“ကျွန်တော်လူမိုက်လုပ် မိန်းမညှင်းဆဲပြတော့လျှို့ဝှက်သမား ကြာသမားတွေလည်းဇာတိမြန်မြန်ပေါ်တော့တာပဲ” ကြားဖြတ်၍ ကျွန်တော်က “ဟုတ်ရဲ့လားဗျာ”ဟုမေးသောအခါ သူကဆက်၍ပြောလေသည်။”ဆရာရယ် ဒီလောက က အင်မတန်ရှုတ်သလို အမြီးကျတ်အမြီးစားခေါင်းကျတ်ခေါင်းစားလူမျိုးတွေ လင်ရှိမယားမရှောင် အချောင်ခိုချင်သူတွေအလွန်များကြောင်းပြောပြီးပါပကော။လောကသတ္တဝါတွေထဲမှာ လူဟာ လူပါးဝနိုင်တာဟန်ဆောင်ကောင်းတဲ့အချက်ကြောင့်ပေါ့။ဟုတ်ဘူးလားသိပ်ဟန်ဆောင်ကောင်းတာနော်။တော်ရုံနဲ့သူ့ဇာတိမပေါ်ဘူး။သိပ်အဖုံးအဖိကောင်း ဟန်ဆောင်ကောင်းတာကိုး။ဒါပေမယ့် တစ်ခုခု အခွင့်အရေးယူမယ် ရမယ်ထင်တဲ့အခါမှာ သူ့ဇာတိက ဘွင်းဘွင်းကြီးပေါ်လာတော့တာပဲ။” သူဘာဆိုလိုသည်ကို ကျွန်တော်တွေးနေမိသည်။

“ဒီလိုဆရာ ကျွန်တော်နာမည်ကျော်လူမိုက်အဖြစ် မယားကိုနှိပ်စက် နှိပ်စက်ပြတော့ သနားလိုက်ကြတာ လူမိုက်မယားရယ်လို့ သဒ္ဓါပို အချောင်နှိုက်ကြာကူလီရိုက်မယ့်ငနဲတွေလေ ပွပေါက်ပဲဆိုပြီးအခွင့်အရေးအတွက် ဟန်ဆောင်ဖုံးကွယ်ထားသမျှ ဇာတိကမြန်မြန်ပေါ်တော့တာပဲ ဆရာရဲ့အင်းဒါလည်း အောင်သိန်းကြီးမိုက်ပြနေရတဲ့အချက်တစ်ချက်ပေါ့”ဟုဆိုကာ သူ့ဗိုက်ကြီးကိုပွတ်ရိုက်ရိုက်ပြီး”ဟာဗျာ တော်ပါပြီ ဆရာနဲ့စကားပြောရတာကိုယ့်လျှို့ဝှက်ချက်မှန်သမျှ အားလုံးပေါ်ကုန်တော့မှာပဲ”ဟူ၍ လှည့်ထွက်သွားရာသို့ ကြည်ကြည်ဌေးလည်းလိုက်ပါသွားလေသည်။

သာ ဂ ဒိုး

ပေဖူးလွှာမဂ္ဂဇင်း။ အမှတ် ၆၅

အောက်တိုဘာလ ၊ ၁၉၈၆ ခုနှစ်

မှတ်ချက်။ ဒေါ်ကြည်ကြည်ဌေး၏ အကယ်ဒမီ၄ဆု

၁၉၅၂-ချစ်သက်ဝေ ၁၉၅၆-ချစ်ခွင့်မပိုင်

၁၉၇၀-နုနုငယ်ငယ် ၁၉၇၈-လူဇော်

စာကိုး ။ ရွှေအမြုတေ မဂ္ဂဇင်း ရွှေဝတ္ထုများပြန်လည်တူးဖော်ခြင်း အနှစ်၁၀၀ ဒုတိယတွဲမှကောက်နှုတ်ဖော်ပြပါသည်။

ကိုဖိုးကျော်

zawgyi

========

ျမန္မာႏိုင္ငံမွာ မာစီဒီးကားကို ပထမဆုံး စစီးတဲ့ ေလးထပ္ကြမ္း အကယ္ဒမီပိုင္ရွင္ ဝဏၰေက်ာ္ထင္ဘြဲ႕ရ ၾကည္ၾကည္ေဌး

” နာ မည္ ေက်ာ္ မင္း သ မီး ေယာ က်ၤား ”

သာ ဂ ဒို း

တစ္ေန႔က ဂီတလုလင္ေမာင္ကိုကိုသည္သတင္းစာအတြက္ ေဆာင္းပါးလာေပးရာ ဟိုေျပာ
သည္ေျပာႏွင့္ ၾကည္ၾကည္ေဌးတိုက္ႀကီးဟည္းေနတာလည္းေရာက္ ဦးေအာင္သိန္းအေၾကာင္း
လည္းပါ စကားေျပာၾကရင္း ကြယ္လြန္သူဦးေအာင္သိန္းမ်က္ႏွာကို တဝဲလယ္လယ္သတိ
ရမိသည္။

သာဂဒိုး၏ မုန္းတီးျမင္ျပင္းကတ္သူမ်ားစာရင္းတြင္ ဟိုစဥ္ကထိုဦးေအာင္သိန္းသည္ ထိပ္ဆုံးကပါ၏။

သူႏွင့္ပက္သက္သမွ် ဟိုကဒီကေျပာၾကသမွ် ကလည္းမေကာင္းသတင္းခ်ည္းပင္။

ထိေတြ႕ရာစာနယ္ဇင္းနယ္ ႐ုပ္ရွင္ျပဇာတ္နယ္ဝန္းက်င္ကလည္း အဆိုးသတင္းသာေျပာၾက ၾကားရေလသည္။

ထိုဦးေအာင္သိန္းႏွင့္ တစ္ေန႔လုပ္ေဖာ္ကိုင္ဖက္ျဖစ္လာရလိမ့္မည္ဟု ဘယ္တုန္းကမွ မေတြးမိေခ်။

ရန္ကုန္ၿမိဳ႕ပန္းဆိုးတန္းဝင္းဝင္းျပဇာတ္႐ုံဘက္၌ျပဇာတ္မ်ားေခတ္စားေနခ်ိန္က ယင္းႏွင့္မနီး

မေဝးလြစၥလမ္း၌ အိုးေဝသတင္းစာတြင္ သတင္းေထာက္အယ္ဒီတာလုပ္ေနစဥ္က အခ်ိန္အား

လွ်င္ ဝင္းဝင္း႐ုံ၌ ျပဇာတ္ဆက္တင္ေတြၾကား မင္းသားမင္းသမီးေတြၾကား သတင္းေထာက္

တာဝန္တစ္ဖက္ျဖင့္ေရာက္တတ္သည္။

အဲဒီမွာ နာမည္ေက်ာ္အကယ္ဒမီမင္းသမီးၾကည္ၾကည္ေဌးေယာက်ၤား ဦးေအာင္သိန္းကိုစေတြ႕ဖူးခဲ့သည္။

လူက ဗလေကာင္းေကာင္းအသားညိဳညိဳ ေမး႐ိုးကားကား ဗိုက္တြဲတြဲ။သူလာလွ်င္ေရွာင္ၾကရွားၾက လက္တတကားကားနဲ႔ေလွ်ာက္တတ္သည္။

လုံခ်ည္ကို ခ်က္ျပဳတ္ဝတ္လွ်က္ ေျခာက္လုံးျပဴ း အတြဲလိုက္ခါးၾကားမွာထိုးထားေသး၏။

သုန္သုန္မႈန္မႈန္ျဖင့္ အလကားေနရင္း ေဒါသျပင္းကာစိတ္ဆိုးေနသလိုမ်ိဳးမ်က္ႏွာက တင္းမာခက္ထန္လြန္းလွသည္။

ၾကားရသမွ် ဝင္းဝင္းျပဇာတ္ခုံေပၚ၌ပင္ မင္းသားလုပ္ပုံကိုမေက်နပ္သျဖင့္ သူ႔မယားၾကည္ၾကည္ေဌးကိုပါးပိတ္႐ိုက္လိုက္တာ ခ်ာကနဲပစ္လဲ၍ သတိပင္လစ္သြားေၾကာင္း။

မင္းသမီးခမ်ာ လူလည္ေခါင္တြင္မ်က္ရည္ျဖာေအာင္ ငိုရရွာေၾကာင္း စတဲ့ခပ္ပူပူခပ္ဆူဆူသတင္းမ်ိဳးေတြခ်ည္းသာ ၾကားရသည္။

႐ုပ္ရွင္နယ္တြင္ထိုၾကည္ၾကည္ေဌး လင္ ဦးေအာင္သိန္းကတစ္ခုထြင္တာရွိေသးသည္။႐ုပ္ရွင္ကုမၸဏီေတြက သူ႔ကို မင္းသမီးလင္ျဖစ္လို႔ လင္ေၾကးေပးရသည္။

သူ႔စနစ္က မင္းသမီးရႈတင္ေရာက္သည္ႏွင့္ သူ႔ကိုေငြ၂ဝက်ပ္ေပးရန္အလုပ္မၿပီး၍ ညေန၆နာရီေက်ာ္လွ်င္ အခ်ိန္ပိုလင္ေၾကးသူ႔ကို၂ဝက်ပ္ ထပ္မံေပးရန္ ထိုမွ မၿပီးေသး ည၁၂နာရီေက်ာ္ဦးမည္ ဆိုလွ်င္ ေနာက္ထပ္၂ဝက်ပ္ေပးရန္ျဖစ္သည္။

ဒါကိုလည္း ကုမၸဏီေတြက ၾကည္ၾကည္ျဖဴျဖဴေပးၾကရပါသည္။

ထိုစဥ္ကာလ ျပဇာတ္႐ုပ္ရွင္ေလာက၌ ၾကည္ၾကည္ေဌးမပါလွ်င္ အစိုးရ ပြဲပင္မၿပီးေခ်။ႏိုင္

ငံေရးပါတီပြဲလမ္းမ်ားကလည္း အလုအယက္ ဖဆပလအဖြဲ႕ႀကီးကြဲကာပထစ ျဖစ္ ပထစ ကြဲကာ ဦး ဗိုလ္ သခင္အဖြဲ႕ေတြ အသီးသီးကြဲၾကေပမယ့္ ၾကည္ၾကည္ေဌးႀကိဳက္တာ တန္းတန္းစြဲတာေတာ့ အားလုံးအတူတူပင္။

ၾကည္ၾကည္ေဌးပါလွ်င္ ႏိုင္ငံေရးမွာေတာင္ ဂုဏ္ရွိသလိုလိုဒီျပည္မွာ ျဖစ္ခဲ့ဘူး၏။

ဒီေတာ့ ဦးေအာင္သိန္းႀကီးကလည္း လက္မတစ္ေထာင္ေထာင္ ေျခာက္လုံးျပဴ း တစ္ေထာင္ေထာင္လုပ္တာ ဘာဆန္းအံ့နည္း။

၁၉၅၈ခုနစ္က ကြၽန္ေတာ္သည္ ႐ုပ္ရွင္ဒါ႐ိုက္တာအျဖစ္႐ိုက္ကူးျဖစ္ခဲ့ရာတစ္ေန႔တြင္ ကုမၸဏီပိုင္ရွင္က ၾကည္ၾကည္ေဌးႏွင့္႐ိုက္ခ်င္တယ္ဟု ဆိုလာသည္။

ကြၽန္ေတာ့္မွာ ၾကည္ၾကည္ေဌးႏွင့္ ဟုဆိုကတည္းကသူ႔လင္ႀကီးကို မ်က္ေစ့ထဲတန္းကနဲျမင္မိသည္။

မၾကာမီကပင္ သတင္းစာထဲတြင္ ထိုဦးေအာင္သိန္းကိုအျမင္ကတ္သျဖင့္ ေဆာင္းပါးတစ္ပုဒ္

ကြၽန္ေတာ္ကိုယ္တိုင္ေရးသားေဖာ္ျပခဲ့ေသးသည္မွာ ပူပူေႏြးေႏြးရွိေသး၏ထိုေဆာင္းပါးတြင္

“ဗမာျပည္မွာ႐ုပ္ရွင္ျဖင့္အသက္ေမြးၾကေသာ သ႐ုပ္ေဆာင္ေတြ ဒါ႐ိုက္တာေတြကုမၸဏီ ပိုင္ရွင္ေတြကအစ

မင္းသမီးလည္းေၾကာက္ရမင္းသမီးေယာက်ၤားလည္းေၾကာက္ရ သေဘာထားအမ်ိဳးမ်ိဳးျဖင့္ အဆိုးေတြမကုန္ႏိုင္သည့္အျပင္ ေတာင္းဆိုခ်က္အမ်ိဳးမ်ိဳးကိုပါ အေလ်ာ့ေပးလိုက္ေလ်ာေနရသျဖင့္ ႐ုပ္ရွင္လုပ္ငန္းမွာအခက္ႀကီးခက္ေနရေၾကာင္း”ေရးသားခဲ့ေသးသည္။

ဒီလိုေတြေရးၿပီးကာမွ မ်က္ႏွာပူစရာၾကည္ၾကည္ေဌးႏွင့္အလုပ္လုပ္ဖို႔ ျဖစ္လာရေတာ့၏။ထိုအခ်ိန္ကၾကည္ၾကည္ေဌး႐ိုက္ကြင္းလာၿပီဆိုလွ်င္ ဦးေအာင္သိန္းကိုယ္တိုင္ မာစီဒီးကားႀကီးျဖင့္လိုက္ပို႔ေပးေလ့ရွိသည္။ကြၽန္ေတာ္ကေတာ့သူႏွင့္မ်က္ႏွာဆုံလိုက္သည္ႏွင့္ခပ္တည္တည္ေနမိသည္။ၾကည္ၾကည္ေဌးကေတာ့အဆင့္ရထိပ္တန္းမင္းသမီးျဖစ္ေသာ္လည္း ကြၽန္ေတာ့္လိုဒါ႐ိုက္တာေပါက္စအေပၚ မေလးမစားမလုပ္။” လိုတာရွိရင္ အားမနာတမ္းခိုင္းပါဆရာ”ဟုကား႐ိုက္တိုင္းေျပာတတ္သည္။သူ႔ေယာက်ၤားကလည္း အၿမဲအခ်ိန္ကိုအတိအက်လိုက္ပို႔ေလ့ရွိ၏ ခ်ိန္းလိုက္တိုင္းေစာင့္ရသည္ဟူ၍ ဘယ္ေတာ့မွမရွိ။အၿမဲတမ္းေစာလာေလ့ရွိၿပီး မင္းသမီးကိုပို႔ေပးၿပီးျပန္သြားသည္။သို႔ေသာ္သူ႔အတြက္အပိုေၾကး ၂ဝက်ပ္ကိုလည္း အၿမဲေပးရေလ့ရွိ၏။

တစ္ေန႔ေတာ့ ႐ုပ္ရွင္႐ိုက္ခ်ိန္ေစာၿပီးပါသည္။သို႔ေသာ္ လက္က်န္ကိစၥေလးမ်ားဆက္လုပ္ရင္းညေန၆နာရီကို မိနစ္ပိုင္းမွ် စြန္းသြား၏။႐ုပ္ရွင္သမားတို႔ထုံးစံမိနစ္ိအနည္းငယ္စြန္း႐ုံမွ်ျဖင့္ တစ္ဂ်ဳတီဟုမသတ္မွတ္ပါ။နာရီပိုင္းခ်ီၾကာမွသာေနာက္ထပ္တစ္ဂ်ဳတီသတ္မွတ္သည္။ယင္းကို မင္းသမီးေယာက်ၤားကေတာ့သူ႔ကိုယ္ပိုင္စည္းကမ္းအတိုင္း ၆နာရီကိုမိနစ္စြန္း႐ုံျဖင့္ သူ႔အတြက္ တစ္ဂ်ဳတီခ ေနာက္ထပ္၂ဝက်ပ္ေတာင္းလာ၏။

ထိုကိစၥ ကြၽန္ေတာ္ၾကားရေသာအခါ ရင္ေခါင္းထဲပြလာၿပီး “ဟာ ဒီငနဲႀကီး လူပါးဝလွခ်ည္လား တျခားအလုပ္သမားေတြေတာင္ ဂ်ဳတီမရွိပဲ လင္ဂ်ဳတီရွိရသလားကြ။ဒါသက္သက္ဗိုလ္က်တာ မိန္းမထဘီမွီၿပီးစားေနတဲ့ထဘီဗိုလ္ႀကီး”ဟုစိတ္ေပါက္ေပါက္ႏွင့္တျဖစ္ေတာက္ေတာက္ေျပာေနမိသည္။ ထိုစဥ္ေက်ာဘက္မွ ကားေမာင္းသြားသံၾကား၍ ၾကည့္လိုက္ေတာ့ ကြၽန္ေတာ္ထဘီဗိုလ္ ေခၚေနသည့္ကိုေအာင္သိန္းႀကီးျဖစ္၏။ဘယ္အခ်ိန္က ကြၽန္ေတာ့္ေနာက္ေရာက္ေနသည္မသိ ကြၽန္ေတာ္ဆဲဆိုေနသမွ်သူအကုန္ၾကားသည္။ေဘးလူေတြကလည္းလက္မတို႔သာ ၾကည့္လွ်က္အသာ ကားေပၚတက္ကာေမာင္းထြက္သြားပါမွကြၽန္ေတာ္သတိထားမိေလသည္။သို႔ျဖင့္ ေနာက္တစ္ေန႔တြင္ ႐ိုက္ကြင္းမွာ မိုးေတြ႐ြာေနသျဖင့္ ၿခံအေနာက္ဘက္ေထာင့္ရွိနားေနေဆာင္ထဲတြင္ မိုးတိတ္ႏိုးန္ိုးေစာင့္ရင္း တန္းလ်ားတစ္ခုေပၚတြင္ဇာတ္ၫႊန္းမ်ားျပန္ဖတ္ေနသည္။ ထိုစဥ္ “ဆရာ့ကိုရွင္းျပခ်င္လို႔လိုက္ရွာေနတာပါ”ဟူေသာ ဦးေအာင္သိန္းအသံႀကီးကို ၾကားလိုက္ရ၏။ကြၽန္ေတာ္ ႐ုတ္တရက္စိတ္လႈပ္ရွားကာေတြေနမိကာ သူ႔ဘက္ဣေျႏၵဆည္ကာလွည့္ၾကည့္လိုက္ေတာ့ ၿပဳံးစစမ်က္ႏွာထားျဖင့္ ဝင္ေရာက္လာသည္။

ကြၽန္ေတာ္ကိုယ္ေနဟန္ကို အသင့္အေနအထားျပင္လိုက္သည္။အခန႔္မသင့္လွ်င္လည္းဇာတ္ၫႊန္းအိတ္ထဲ၌ ဓားရွိသည္။ မိုက္ေတာ့သူကပိုမိုက္သည္။ရဲသည္။ကြၽန္ေတာ္ကေတာ့ ေၾကာက္ရမ္းရမ္းရမည့္အေျခအေသူလည္း သတိထားကာေရွ႕တိုးလာၿပီး” ဒီလိုပါဗ်ာကြၽန္ေတာ့္အတြက္ အခ်ိန္နဲ႔ေန႔တြက္ကိစၥပါ။

ကုမၸဏီနဲ႔ကြၽန္ေတာ္အေစာႀကီးကတိုင္ ႀကိဳတင္ညႇိႏႈိင္းၿပီးအေသအခ်ာေျပာထားၿပီးသားပါ တစ္ဂ်ဳတီကိုႏွစ္ဆယ္ ေျခာက္နာရီကိုမိနစ္ပိုင္းစြန္းတာနဲ႔ေနာက္ထပ္တစ္ဂ်ဳတီခေပးရမယ္လို႔ သေဘာတူထားၿပီးသားပါ။ကြၽန္ေတာ့္ဘက္ကလည္းရက္ခ်ိန္းပိုေပးၿပီး ခ်ိန္းတဲ့အခ်ိန္ကိုအတိအက်ပို႔ေပးဖို႔ကတိေပးထားရပါတယ္။ကြၽန္ေတာ္တစ္ခါမွမခြၽတ္ယြင္းခဲ့ပါဘူး ကြၽန္ေတာ္တို႔သေဘာတူညႇိႏႈိင္းထားခ်က္ကိုဆရာမသိတန္ေသးဘူးထင္လို႔အခုလာရွင္းျပတာပါ”ကြၽန္ေတာ္လည္း ဣေျႏၵဆည္လွ်က္”ေကာင္းပါၿပီ ခင္ဗ်ားတို႔ခ်င္းသေဘာတူရင္လည္း ၿပီးေရာေပါ့ဗ်ာ ခ်ိန္းတဲ့အခ်ိန္ကိုအတိအက်လာတာလည္းေက်းဇူးတင္ပါတယ္။” ထိုစဥ္ စတူဒီယိုထဲမွ႐ုပ္ရွင္အဖြဲ႕သားအားလုံး အသံတိတ္ကာ နားေနေဆာင္ဘက္သို႔ေခါင္းကေလးေတြေစာင္းကာ ကြၽန္ေတာ္တို႔ႏွစ္ေယာက္အားစိုးရိမ္ထိတ္လန႔္စြာေစာင့္ၾကည့္ေနၾကေလသည္။

ၾကည္ၾကည္ေဌးလည္း တုန္လႈပ္စြာစိုးရိမ္မကင္းဟန္ျဖင့္ သူ႔ေနာက္နားမလွမ္းမကမ္းမွ ဝင္ေရာက္လာသည္။ဦးေအာင္သိန္းက ဆက္ၿပီး”ဒီလိုပါဆရာ ကြၽန္ေတာ္ အမွတ္မဲ့ေနတတ္သူမဟုတ္ပါဘူးငယ္ငယ္ကထဲက လူကိုအကဲခတ္တတ္ပါတယ္။”ဟုေျပာရင္းကြၽန္ေတာ့္ထိုင္ေနသည့္တန္းလ်ားေဘးသို႔ ရင္းႏွီးစြာၿပဳံးလွ်က္ဝင္ထိုင္သည္။သူ႔ေဘးတြင္ၾကည္ၾကည္ေဌးလည္းဝင္ထိုင္၏။”ကြၽန္ေတာ့္ဇနီးေ႐ႊၾကည္ဟာ ကြၽန္ေတာ္မပါပဲဘယ္ေတာ့မွ သြားေလ့မရွိပါဘူး။သူကလည္းေၾကာက္တတ္သလိုကြၽန္ေတာ္ကလည္းေၾကာက္တာပါပဲဆရာဒီ႐ုပ္ရွင္ျပဇာတ္နယ္ဆိုတာ လက္ရႈပ္ေျခရႈပ္လူရႈပ္ပါးစပ္ရႈပ္ေတြ အင္မတန္မ်ားပါတယ္။

ကြၽန္ေတာ္တို႔လင္မယားႏွစ္ေယာက္လုံးဒါကိုေၾကာက္ပါတယ္။ဆရာ့ကိုေတာ့ ေတြ႕စကထဲကယုံၾကည္ေလးစားခဲ့လို႔သာတစ္ခါတစ္ေလ ကြၽန္ေတာ္ကိုဟ္တိုင္လိုက္မပို႔ပဲ ဆရာတို႔႐ုပ္ရွင္အဖြဲ႕သားေတြနဲ႔အတူလိုက္သြားဖို႔ခြင့္ျပဳခဲ့တာပါ။ထို႔ေနာက္ ၾကည္ၾကည္ေဌးဘက္သို႔လွည့္ကာ “ေ႐ႊၾကည္ေရ တို႔ဘဝဘယ္လိုလုပ္ခဲ့ရတယ္ဆိုတာ ဆရာ့ကိုေတာ့ေျပာျပရေတာ့မွာပဲ”ဟုေျပာရာ ၾကည္ၾကည္ေဌးကလည္း ၿပဳံးလွ်က္ေခါင္းညိတ္ျပေလသည္။”ကြၽန္ေတာ္တို႔လင္မယားလ်ိဳ႕ဝွက္ခ်က္ပဲေျပာခ်င္ေျပာေတာ့ဆရာ့ကိုေတာ့ေလးစားလို႔ေျပာျပရတာပါ။ျပဇာတ္နယ္ေရာ႐ုပ္ရွင္ေလာကပါ ခက္တယ္ဆရာအၿမီးက်တ္အၿမီးစားေခါင္းက်တ္ေခါင္းစားေတြအမ်ားႀကီး ၿပီးေတာ့ ပညာနဲ႔လုပ္စားသူခ်င္းေခါင္းပုံျဖတ္တာေတြကလည္းအမ်ားသား ဒါေတြကိုကာကြယ္ႏိုင္ဖို႔လင္မယားရန္ျဖစ္ျပရ ပါး႐ိုက္ျပရတာပါ ကြၽန္ေတာ္တို႔အေပၚ႐ိုေသေအာင္ ပညာရွိႏွိပ္စက္တာမ်ိဳးေတြမခံရေအာင္ ကြၽန္ေတာ္က လူမိုက္လုပ္ျပရတယ္။

လူမိုက္႐ုပ္အခံကလည္း ရွိ ပညာရွိပုံကလည္း မေပါက္ေတာ့ လူမိုက္လုပ္ျပရတာေပါ့ သူမ်ားသြားလုပ္ရင္ဘယ္ခံပါ့မလဲေနာ္ ျပန္လည္းအလုပ္ခံရမယ္ အမႈ႕လည္းျဖစ္ဦးမယ္ ဒီေတာ့ ကိုယ့္မယားကိုယ္ပဲ လူထူထူေရွ႕မွာ ဆဲဆိုၿပီးပါး႐ိုက္ျပရတယ္ ဒါမွသတင္းမ်ားမ်ားပ်ံ႕ၿပီးအက်ိဳးရွိမွာမဟုတ္လား လင္မယားႀကိဳတင္ဇာတ္တိုက္ထားတဲ့အတိုင္း ပါးကိုမနာ့တနာ႐ိုက္ျပသူကလည္း တအားေအာ္ငိုၿပီးးပက္လက္လန္ သူ႔သာေမးၾကည့္ပါ ႐ုပ္ရွင္ျပဇာတ္ထဲမပါတဲ့ဇာတ္ဝင္ခန္းေတြမွာ ကြၽန္ေတာ္လည္းအိုက္တင္မညံ့ပါဘူး။””ဒါေတြဟာ တကယ္ေတာ့ကြၽန္ေတာ္တို႔လင္မယားရဲ႕ စီးပြားေရးငါးႏွစ္စီမံကိန္းအတြက္ဆိုလည္းမမွားပါဘူး””ဗ် ာ စီးပြားေရး ငါးႏွစ္စီမံကိန္း ဟုတ္လား”ကြၽန္ေတာ္အလြန္အံ့အားသင့္စြာ ေမးမိသည္။”ဟုတ္တယ္ဆရာရဲ႕ သူ႔ငါးႏွစ္စီမံကိန္းေၾကာင့္ကြၽန္မျဖင့္ ငါးႏွစ္လုံးလုံး ဘဝင္မက်ခဲ့ဘူး။လူျဖင့္ၿခိဳးၿခံရလြန္းေတာ့ ေဒါသျဖစ္လိုက္တာ သူ႔ကိုဓါးနဲ႔ခုတ္ခ်င္စိတ္ေတာင္ေပါက္တယ္”ဟုၾကည္ၾကည္ေဌးကေျပာသည္။ဒီေတာ့ ဗိုလ္ေအာင္သိန္းႀကီးက တဟဲဟဲျဖင့္ ဘီလူးရယ္ရယ္ျပသည္။”ဒီလိုပါဆရာ ကြၽန္ေတာ္ျပည္သူရဲေဘာ္လုပ္ခဲ့တုန္းကမစို႔မပို႔သင္တန္းတက္ခဲ့ရတာက ၾကားဖူးနားဝနဲ႔ ငါးႏွစ္စီမံကိန္းဆိုတဲ့စကားလုံးႀကီးသုံးၿပီးေလထြားသလိုျဖစ္မိတာသည္းခံပါ။

တစ္ေန႔ကြၽန္ေတာ္ ေရွးေခတ္မင္းသမီးႀကီးနဲ႔သူ႔သမီးေလးကို အမွတ္မထင္တစ္ေနရာမွာေတြ႕မိၿပီး စိတ္တုန္လႈပ္သြားတယ္။ဆင္းရဲလိုက္တာေန႔ေန႔ညည မနည္းရွာေဖြ႐ုန္းကန္စားေသာက္ေနရတဲ့ဘဝပါ ။” ကြၽန္ေတာ္က “နာမည္ႀကီးထဲကလား”ဟုျဖတ္ေမးသည္။ ဦးေအာင္သိန္းကဆက္၍”သူဟာတစ္ခ်ိန္က လွ်မ္းလွ်မ္းေတာက္ပါဆရာသူတို႔ေခတ္က ကားဝယ္စီးႏိုင္သူပါ (ထိုအခ်ိန္ကစစ္ႀကိဳေခတ္တြင္ ျမန္မာလူမ်ိဳးထဲမွကားဝယ္စီးႏိုင္သူခပ္ရွားရွားျဖစ္၏) စစ္မျဖစ္ခင္ကေပါ့ ျမန္မာဇာတ္လိုက္ေတြဟာ အဲ့ဒီ့ေခတ္အႏၵိယ႐ုပ္ရွင္ဇာတ္လိုက္ေတြထက္ေၾကးပိုရပါတယ္။ဒါနဲ႔ေရွးက႐ုပ္ရွင္ဇာတ္လိုက္ေတြအဆက္အႏြယ္ေတြအေၾကာင္းေလ့လာမိေတာ့ကြၽန္ေတာ္အရမ္းတုန္လႈပ္မိတယ္ အမြဲမြဲအေတေတနဲ႔ဘယ္မွာထူထူေထာင္ေထာင္ရွိၾကေတာ့လို႔လဲ တစ္ခ်ိဳ႕ဆိုဇာတ္သိမ္းမလွလိုက္ပုံမ်ားဆရာရယ္။

ဒါနဲ႔ကြၽန္ေတာ္သံေဝဂရမိတယ္ စီးပြားေရးအတြက္ေပါ့ ကြၽန္ေတာ့္မွာလည္း ျပည္သူ႔ရဲေဘာ္အျဖစ္လုပ္ခဲ့တာဘာအေျခမွမရွိဘူး အရပ္လူမိုက္လိုလိုနဲ႔ သူ႔ၾကည့္ေတာ့လဲဇာတ္မင္းသမီးလူထြက္ ဘယ္ေနရာမွအံမဝင္ခ်င္ဘူး။ေ႐ႊၾကည္ဘယ္ေလါက္တာရွည္ မင္းသမီးလုပ္ႏိုင္မွာလဲ။ သူ႔႐ုပ္ကလည္းယိုၿပီ အသက္ကလည္းေထာက္လာၿပီ ဆရာ့ႏွမကိုေသခ်ာၾကည့္ပါဦး တကယ္ေတာ့႐ုပ္ရွင္မင္းသမီးေတြထဲမွာခပ္ခ်ာခ်ာပါ ရင္မရွိတင္မရွိနဲ႔ကိုယ္လုံးအလွျပႏိုင္တဲ့မင္းသမီးမ်ိဳးမဟုတ္ပဲ ငိုကာရယ္ကာ ဒီမ်က္ႏွာေလးတစ္ထြာနဲ႔လုပ္စားေနရတာပါ”” ေဟာေတာ့ ကာလနာအႀကီးစားႀကီး အတြင္းေရးေတြေပၚကုန္ပါၿပီ က်ဳပ္မရွိတာေတြေလွ်ာက္ေျပာေနရသလား”ကြၽန္ေတာ့္မွာသူတို႔လင္မယားၾကားရယ္ေမာေနမိေလသည္။

“ေ႐ႊၾကည္ရယ္ ငါကဆရာနားရွင္းေအာင္ေျပာခ်င္လို႔ပါဟ။ ဒါနဲ႔ငါးႏွစ္စီမံကိန္းကိုသူနဲ႔တိုင္ပင္လုပ္ခဲ့ၾကတာပါ ငါးႏွစ္အတြင္းၿခိဳးၿခံေခြၽတာၿပီး အမာခံရေအာင္စုေဆာင္းၿပီးေတာ့မွ အတိုးအၫြန႔္သုံးဒါပါပဲမစားရ မဝတ္ရ မဝယ္ရ မေပးရ သူရသမွ်ပိုက္ဆံလည္းကြၽန္ေတာ့္ကိုအကုန္အပ္ေစတယ္။ ဒီၾကားထဲမွာ ကြၽန္ေတာ္အေတြးတစ္ခုဝင္လာတယ္။ ႐ုပ္ရွင္ပညာသည္ေတြဟာ တကယ္တန္ရာတန္ေၾကးရရဲ႕လားေပါ့။ကုမၸဏီပိုင္ရွင္သာ ဇာတ္ကားတစ္ကားနဲ႔က်ိက်ိတက္ခ်မ္းသာသြားတယ္ ပညာသည္ေတြကေတာ့ သူတို႔ကိုအလုပ္အေကြၽးျပဳၿပီး နာမည္ေလးပဲအဖတ္တင္ခဲ့တာပါ အိုလာရင္မြဲၾကေသၾကဒီလိုပဲျမင္မိတယ္။ ဒီမွာကြၽန္ေတာ္ေၾကးတိုးေတာင္းလိုက္တယ္ တစ္ကားကိုတစ္ေသာင္းခြဲရမွ ႐ိုက္မယ္။”

ဒါကိုေတာ့ကြၽန္ေတာ္ေကာင္းေကာင္းမွတ္မိသည္။ၾကည္ၾကည္ေဌး ေအဝမ္းတြင္”ခ်စ္သက္ေဝ”ႏွင့္အကယ္ဒမီရၿပီး “ရတနာပုံ” “အေက်ာ္အေမာ္”ဇာတ္ကားမ်ားျဖင့္လွ်မ္းလွ်မ္းေတာက္ေက်ာ္ၾကားသြားသည္။ဒီေတာ့႐ုပ္ရွင္ဇာတ္ကားတစ္ကားကို တစ္ေသာင္းငါးေထာင္ႏႈန္းျဖင့္ၾကည္ၾကည္ေဌးကေၾကာ္ျငာသည္။ထိုစဥ္က ႐ုပ္ရွင္မင္းသား မင္းသမီး ဒါ႐ိုက္တာႏွင့္ဓါတ္ပုံဆရာ အားလုံးေဈးအတူ တစ္ကားလွ်င္ သုံးေထာင္ႏႈန္းသာရရွိသည္။ၾကည္ၾကည္ေဌးက ေဈးငါးဆတင္လိုက္ေတာ့အားလုံးအံ့အားသင့္ၾက၏။ထိုေဈးကိုပင္ပထမဆုံးေပးသူကကန္ေတာ္မိတ္႐ုပ္ရွင္ကုမၸဏီျဖစ္၏။ေငြလင္း၏ဝတၳဳ”ယမုန္နာ”႐ိုက္ရာတြင္စေပးသည္။

“အခု ဆရာေရာ ဒီကားမွာဘယ္ေလာက္ရသလဲေသာင္းငါးေထာင္လား ႏွစ္ေသာင္းလား။အဲ့ဒါကြၽန္ေတာ္တို႔လင္မယားေက်းဇူးမကင္းလွဘူးေနာ္”ဟုဗိုလ္ေအာင္သိန္းကေျပာရာ ကြၽန္ေတာ္ဘာေျပာရမွန္းမသိျဖစ္သြား၏ေနရင္းထိုင္ရင္းသူကေက်းဇူးရွင္ထျဖစ္ေနေသးသည္။ မွန္သင့္သေလာက္လည္းမွန္ပါသည္ထိုသို႔ၾကည္ၾကည္ေဌးသ႐ုပ္ေဆာင္ေၾကးမွာ ႐ုပ္ရွင္နယ္ကုမၸဏီေတြၾကားမွာ ဗုံးကြဲသလိုျဖစ္ရာ ကန္ေတာ္မိတ္႐ုပ္ရွင္ကုမၸဏီဒါ႐ိုက္တာအစည္းအေဝးထိုင္ကာဆုံးျဖတ္ခဲ့ရေသာ္လည္း မင္းသမီးႏွင့္ကားေၾကာ္ျငာလိုက္႐ုံျဖင့္ နယ္႐ုံေတြကဝိုင္းလာၾကသည္။

အျခားကုမၸဏီမ်ားလည္း အလုအယက္႐ိုက္ကူးၾကရာ မင္းသမီးေဈးႏႈန္းႏွင့္ေလ်ာ္ညီစြာ အျခားပညာရွင္မ်ားသ႐ုပ္ေဆာင္မ်ားကိုပါ ေဈးတက္၍ ေပးခဲ့ရေလသည္။ေနာက္တစ္ခုသူတို႔လင္မယားေက်းဇူးရွိေသးသည္မွာ ႐ုပ္ရွင္႐ိုက္ကြင္းသို႔လာလွ်င္ ဒါ႐ိုက္တာမင္းသားမင္းသမီး စက္သမား မီးထိုးမွန္ထိုးပါမက်န္ေန႔စားသမားအဆုံး ကုမၸဏီကတစ္ေယာက္မက်န္ထမင္းေကြၽးရန္ ၾကည္ၾကည္ေဌးလင္မယားကစတင္လႈံ႕ေဆာ္ဖန္တီးစည္း႐ုံးခဲ့ျခင္းျဖစ္ေၾကာင္းကို ဂီတလုလင္ေမာင္ကိုကိုက ေျပာျပ၍သိခဲ့ရသည္။

ဒီအခ်က္ကိုေတာ့ သူတို႔မေျပာပါ။အရင္က ႐ိုက္ကြင္းလာလွ်င္သက္ဆိုင္သူအားလုံး ကိုယ့္ထမင္းခ်ိဳင့္ကိုယ္ဆြဲလာရေလ့ရွိ၏ ႐ုပ္ရွင္သမားတို႔အတြက္ေက်းဇူးတင္ထိုက္ေသာကိစၥ ျဖစ္ေပသည္။ ဦးေအာင္သိန္းႀကီးကဆက္၍”ဒီလိုနဲ႔ဆရာရယ္ ေဈးကလည္းရ ကုသိုလ္ေလးကလည္းလိုက္ေတာ့ ကား႐ိုက္တာလည္းလက္မလည္ရည္မွန္းထားတာထက္ပိုကိုက္ပါေသးတယ္။ ဒါနဲ႔ငါးႏွစ္တင္းတင္းျပည့္တဲ့ေန႔မွာ သူ႔ကိုေခၚၿပီး လာေဟ့ေ႐ႊၾကည္ နင့္ကိုငါအပ္ၿပီ ဆိုၿပီး ရသမွ်ေငြစာရင္းနဲ႔အတူ ပစၥည္းပစၥယစာရင္းေတြ အကုန္ထိုးအပ္လိုက္တယ္။ ဆရာ့ႏွမကိုသာေမးၾကည့္ပါ သူအင္မတန္တုန္လႈပ္သြားတယ္။ ငါးႏွစ္အတြင္း ပင္ပန္းခံစုခဲ့သမွ်ပန္းပင္ႀကီးလမ္းမွာ တိုက္အႀကီးႀကီးေဆာက္ၿပီးၿပီ။မာစီဒီးကားဝယ္ထားၿပီ။ တိုက္ေရွ႕မွာသုံးဘီးကားေတြကို ဝယ္ၿပီးသမွ် အငွားခ်ထားဖို႔ တန္းစီျပလိုက္တယ္။

အဲဒါတို႔ပိုင္တယ္။ၿပီးေတာ့ စိန္ထည္ေလးေသာင္းဖိုးနဲ႔တျခားေ႐ႊေငြလက္ဝတ္လက္စားေတြသူ႔လက္ထဲထည့္လိုက္တယ္ ဒါေတြဟာနင္ရသမွ်ေငြေၾကးကိုတစ္ျပားမွအပြန္းပဲ့မခံပဲစုထားခဲ့တာေတြေပါ့ စာရင္းနဲ႔တန္ဖိုးျပန္တိုက္ၾကည့္ အဲ့ဒါငါတို႔ငါးႏွစ္စီမံကိန္းရဲ႕အခ်ဳပ္ေပါ့ ဒါနင္ပိုင္တဲ့ပစၥည္းေတြလာခ်ည္းပဲ”ကြၽန္ေတာ္ၾကည္ၾကည္ေဌးကို လွမ္းၾကည့္ေတာ့မ်က္လႊာေလးခ်ထားရာမွ သူ႔ေယာက်ၤားလက္ကိုလမ္းဆုပ္ကိုင္လိုက္ရင္း မ်က္ႏွာေလးေမာ့လာေသာအခါ မ်က္ရည္ေတြလည္ေနတာေတြ႕ရသည္။”ဟုတ္ပါတယ္ဆရာ ကြၽန္မျဖင့္အံ့ၾသလြန္းလို႔စားမရအိပ္မရေတာင္ျဖစ္မိပါေသးတယ္။

စိတ္လႈပ္ရွားရလြန္းလို႔အ႐ူးေထာင္ပို႔ရမလိုပဲ ေဆးထိုးယူရပါတယ္”ဟုဝန္ခံေလသည္။ ဦးေအာင္သိန္းက “ဒီေတာ့မွဆရာ့ႏွမကလည္းကြၽန္ေတာ့္ကိုယုံၾကည္သြားၿပီးေျပာစကားကို လိုလိုခ်င္ခ်င္နားေထာင္ေတာ့တာလင္မယားႏွစ္ေယာက္ထပ္တိုင္ပင္ၿပီး ေနာက္ငါးႏွစ္စီမံကိန္းကို ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ခ်ခဲ့တာခုဆို ႏွစ္ႏွစ္ထဲေရာက္ေနပါၿပီ “။ သည္ေတာ့မွ ကြၽန္ေတာ္သူ႔ကိုေသခ်ာတဲ့တိုးႀကီးၾကည့္မိသည္။ဒီလိုဗိုက္႐ႊဲကုပ္တိုလူမိုက္လို လူက ဒီလိုအႀကံအေတြးနဲ႔ဒီလိုလုပ္ခဲ့ျခင္းအေပၚအံ့ၾသမိေလသည္။

“ေနာက္ ကြၽန္ေတာ့္ေန႔တြက္ကိစၥကလည္း ကြၽန္ေတာ္ထြင္တာမဟုတ္ဘူးသူတို႔ကိုယ္တိုင္က ထြင္ခဲ့တာပါဆရာ မင္းသမီးကိုကားလႊတ္ႀကိဳရမယ့္အစားခင္ဗ်ားပဲ႐ိုက္ကြင္းအေရာက္ပို႔ေပးပါ အင္ဒိုးေအာက္ဒိုးဘယ္ေနရာပဲျဖစ္ျဖစ္ အခ်ိန္မီသာပို႔ေပးတစ္ဂ်ဳတီေငြႏွစ္ဆယ္ေပးပါ့မယ္လို႔ သတ္မွတ္ခဲ့ၾကတာပါ။ၿပီးေတာ့ မ်က္ႏွာထားဆိုးဆိုနဲ႔ဘယ္သူ႔မွမယုံသလိုခပ္တင္းတင္းအၿမဲေနျပၿပီး ကြၽန္ေတာ္ဆိုးပုံမိုက္ပုံကိုေပၚလြင္ေအာင္ ေျခာက္လုံးျပဴ းခါးခ်ိတ္ထားရေသး။ကြၽန္ေတာ့္အေပၚမုန္းသမွ် ၾကည္ၾကည္ေဌးကို ပုံသနားေပးၾကေကြၽးၾက ခ်စ္ခင္ၾကင္နာၾကေတာ့တာပါပဲ။”

“ကြၽန္ေတာ္လူမိုက္လုပ္ မိန္းမညႇင္းဆဲျပေတာ့လွ်ိဳ႕ဝွက္သမား ၾကာသမားေတြလည္းဇာတိျမန္ျမန္ေပၚေတာ့တာပဲ” ၾကားျဖတ္၍ ကြၽန္ေတာ္က “ဟုတ္ရဲ႕လားဗ်ာ”ဟုေမးေသာအခါ သူကဆက္၍ေျပာေလသည္။”ဆရာရယ္ ဒီေလာက က အင္မတန္ရႈတ္သလို အၿမီးက်တ္အၿမီးစားေခါင္းက်တ္ေခါင္းစားလူမ်ိဳးေတြ လင္ရွိမယားမေရွာင္ အေခ်ာင္ခိုခ်င္သူေတြအလြန္မ်ားေၾကာင္းေျပာၿပီးပါပေကာ။ေလာကသတၱဝါေတြထဲမွာ လူဟာ လူပါးဝႏိုင္တာဟန္ေဆာင္ေကာင္းတဲ့အခ်က္ေၾကာင့္ေပါ့။ဟုတ္ဘူးလားသိပ္ဟန္ေဆာင္ေကာင္းတာေနာ္။ေတာ္႐ုံနဲ႔သူ႔ဇာတိမေပၚဘူး။သိပ္အဖုံးအဖိေကာင္း ဟန္ေဆာင္ေကာင္းတာကိုး။ဒါေပမယ့္ တစ္ခုခု အခြင့္အေရးယူမယ္ ရမယ္ထင္တဲ့အခါမွာ သူ႔ဇာတိက ဘြင္းဘြင္းႀကီးေပၚလာေတာ့တာပဲ။” သူဘာဆိုလိုသည္ကို ကြၽန္ေတာ္ေတြးေနမိသည္။

“ဒီလိုဆရာ ကြၽန္ေတာ္နာမည္ေက်ာ္လူမိုက္အျဖစ္ မယားကိုႏွိပ္စက္ ႏွိပ္စက္ျပေတာ့ သနားလိုက္ၾကတာ လူမိုက္မယားရယ္လို႔ သဒၶါပို အေခ်ာင္ႏႈိက္ၾကာကူလီ႐ိုက္မယ့္ငနဲေတြေလ ပြေပါက္ပဲဆိုၿပီးအခြင့္အေရးအတြက္ ဟန္ေဆာင္ဖုံးကြယ္ထားသမွ် ဇာတိကျမန္ျမန္ေပၚေတာ့တာပဲ ဆရာရဲ႕အင္းဒါလည္း ေအာင္သိန္းႀကီးမိုက္ျပေနရတဲ့အခ်က္တစ္ခ်က္ေပါ့”ဟုဆိုကာ သူ႔ဗိုက္ႀကီးကိုပြတ္႐ိုက္႐ိုက္ၿပီး”ဟာဗ်ာ ေတာ္ပါၿပီ ဆရာနဲ႔စကားေျပာရတာကိုယ့္လွ်ိဳ႕ဝွက္ခ်က္မွန္သမွ် အားလုံးေပၚကုန္ေတာ့မွာပဲ”ဟူ၍ လွည့္ထြက္သြားရာသို႔ ၾကည္ၾကည္ေဌးလည္းလိုက္ပါသြားေလသည္။

သာ ဂ ဒိုး

ေပဖူးလႊာမဂၢဇင္း။ အမွတ္ ၆၅

ေအာက္တိုဘာလ ၊ ၁၉၈၆ ခုႏွစ္

မွတ္ခ်က္။ ေဒၚၾကည္ၾကည္ေဌး၏ အကယ္ဒမီ၄ဆု

၁၉၅၂-ခ်စ္သက္ေဝ ၁၉၅၆-ခ်စ္ခြင့္မပိုင္

၁၉၇၀-ႏုႏုငယ္ငယ္ ၁၉၇၈-လူေဇာ္

စာကိုး ။ ေ႐ႊအျမဳေတ မဂၢဇင္း ေ႐ႊဝတၳဳမ်ားျပန္လည္တူးေဖာ္ျခင္း အႏွစ္၁၀၀ ဒုတိယတြဲမွေကာက္ႏႈတ္ေဖာ္ျပပါသည္။

ကိုဖိုးေက်ာ္