တေးသံရှင် ရန်ပိုင်စိုး ကွယ်လွန်

ယနေ့ အဆိုတော် သရုပ်ဆောင် ဦးရန်ပိုင်စိုး ကိုဗစ်ရောဂါဖြင့် ကွယ်လွန်

တေးသံရှင် ရန်ပိုင်စိုး ကွယ်လွန်
မြန်မာသံစဉ်တေးသီချင်းတွေ သီဆိုသူ၊ မင်္ဂဆောင်အခမ်းအနားတွေမှာ အခမ်းအနားမှူး တင်ဆက်သူအဖြစ် ဆောင်ရွက်တဲ့

အဆိုတော် သရုပ်ဆောင် ရန်ပိုင်စိုးဟာ ဒီကနေ့ အောက်တိုဘာလ ၂၁ ရက် မှာ ကွယ်လွန်သွားတယ်လို့ မိသားစုဝင်တစ်ဦးက ဘီဘီစီ

ကို အတည်ပြုပါတယ်။

“စဖြစ်တာကတော့ စက်တင်ဘာ ၂၅ ရက်နေ့ကပါ။ စဖြစ်ဖြစ်ချင်း အန်တယ်။ နောက် ဆီးသွားလို့မရဘူးဖြစ်တယ်။ ဆီးချိုရောဂါအခံ

လည်းရှိတယ်။ ဆီးချိုဖြစ်တာတော့ ၁၁ နှစ်ရှိပါပြီ။ စဖြစ်ခါစက ပုံမှန်ပြနေကျ ဆေးခန်းတွေလည်း ပိတ်ထားတယ်။ အမတို့က

သောက်ဆေးပဲယူလာရတာပေါ့နော်။ နောက်ပိုင်း ရောဂါက အရမ်းသည်းလာတယ်။ အောက်ဆီဂျင်လည်း ကျတယ်။ ဆီးချိုလည်း

ဖြစ်လာရော မြောက်ဥက္ကလာပဆေးရုံကြီးကို သွားပါတယ်။ စဖြစ်ဖြစ်ချင်း ချောင်းလည်းမဆိုးဘူး။ နှာလည်းမစေးဘူး။ အနံ့လည်းမ

ပျောက်ဘူး။ အောက်တိုဘာ ၅ ရက်မှာ ဆေးရုံကိုစရောက်ပြီး ရောက်ရောက်ချင်း အိုင်စီယူထဲ ဝင်ရတယ်။ အဲဒီမှာ ဖေကြီးနဲ့အတူရှိတဲ့

သုံးယောက်လုံး ဆုံးသွားတော့ ဖေကြီးက နည်းနည်း စိတ်ဓာတ်ကျသွားတယ်ထင်ပါတယ်။ နောက်ရက်မှာ နှာခေါင်းတို့ဖတ် အာခေါင်

တို့ဖတ်ယူပြီးစစ်တော့ ကိုဗစ် ပေါ့စစ်တစ်ဖြစ်တယ်အဖြေထွက်တယ်။ ဖောင်ကြီးရွှေ့မယ်ဆိုတော့ တစ်ယောက်တည်းမလွှတ်နိုင်ဘူး။

မိသားစုတစ်ယောက်ပါ လိုက်ဖို့ ခွင့်တောင်းထားချိန်မှာပဲ ဆီးပြဿနာထပ်ဖြစ်ပြီး အစားမဝင်တော့ဘူးဖြစ်သွားတာ။ ဒီမနက် ၁၁ နာရီ

ကျော်မှာ ဆုံးသွားတာပါ” လို့ တေးသံရှင်ရန်ပိုင်စိုးရဲ့ သမီးဖြစ်သူက ပြောပြပါတယ်။

ကွယ်လွန်ချိန်မှာ တေးသံရှင်ရန်ပိုင်စိုးဟာ အသက် ၇၀ ရှိပြီဖြစ်ပါတယ်။


အတူနေမိသားစုဝင်တွေအားလုံး ကွာရန်တင်းဝင်ထားပြီးပြီဖြစ်ပြီး မိသားစုဝင်ထဲက အတူနေ မြေးဖြစ်သူနဲ့ တူမတော်စပ်သူတစ်ဦးတို့

မှာ ကိုဗစ်ကူးစက်မှုတွေ့ရှိရတာကြောင့် ကိုဗစ်ကုသရေးစင်တာမှာ ပို့ဆောင်ထားပြီးဖြစ်တယ်လို့ ပြောပါတယ်။

နာရေးအစီအစဉ်ကိုတော့ ဆေးရုံက စီစဉ်ပေးမယ်လို့သိရပြီး အသေးစိတ်ကိုတော့မသိရသေးဘူးလို့ သိရပါတယ်။

ဓာတ်ပုံ-Phyu Pyar Win fb
ဘီဘီစီမြန်မာပိုင်း

====

ယေန႔ အဆိုေတာ္ သ႐ုပ္ေဆာင္ ဦးရန္ပိုင္စိုး ကိုဗစ္ေရာဂါျဖင့္ ကြယ္လြန္

ေတးသံရွင္ ရန္ပိုင္စိုး ကြယ္လြန္
ျမန္မာသံစဥ္ေတးသီခ်င္းေတြ သီဆိုသူ၊ မဂၤေဆာင္အခမ္းအနားေတြမွာ အခမ္းအနားမႉး တင္ဆက္သူအျဖစ္ ေဆာင္႐ြက္တဲ့

အဆိုေတာ္ သ႐ုပ္ေဆာင္ ရန္ပိုင္စိုးဟာ ဒီကေန႔ ေအာက္တိုဘာလ ၂၁ ရက္ မွာ ကြယ္လြန္သြားတယ္လို႔ မိသားစုဝင္တစ္ဦးက ဘီဘီစီ

ကို အတည္ျပဳပါတယ္။

“စျဖစ္တာကေတာ့ စက္တင္ဘာ ၂၅ ရက္ေန႔ကပါ။ စျဖစ္ျဖစ္ခ်င္း အန္တယ္။ ေနာက္ ဆီးသြားလို႔မရဘူးျဖစ္တယ္။ ဆီးခ်ိဳေရာဂါအခံ

လည္းရွိတယ္။ ဆီးခ်ိဳျဖစ္တာေတာ့ ၁၁ ႏွစ္ရွိပါၿပီ။ စျဖစ္ခါစက ပုံမွန္ျပေနက် ေဆးခန္းေတြလည္း ပိတ္ထားတယ္။ အမတို႔က

ေသာက္ေဆးပဲယူလာရတာေပါ့ေနာ္။ ေနာက္ပိုင္း ေရာဂါက အရမ္းသည္းလာတယ္။ ေအာက္ဆီဂ်င္လည္း က်တယ္။ ဆီးခ်ိဳလည္း

ျဖစ္လာေရာ ေျမာက္ဥကၠလာပေဆး႐ုံႀကီးကို သြားပါတယ္။ စျဖစ္ျဖစ္ခ်င္း ေခ်ာင္းလည္းမဆိုးဘူး။ ႏွာလည္းမေစးဘူး။ အနံ႔လည္းမ

ေပ်ာက္ဘူး။ ေအာက္တိုဘာ ၅ ရက္မွာ ေဆး႐ုံကိုစေရာက္ၿပီး ေရာက္ေရာက္ခ်င္း အိုင္စီယူထဲ ဝင္ရတယ္။ အဲဒီမွာ ေဖႀကီးနဲ႔အတူရွိတဲ့

သုံးေယာက္လုံး ဆုံးသြားေတာ့ ေဖႀကီးက နည္းနည္း စိတ္ဓာတ္က်သြားတယ္ထင္ပါတယ္။ ေနာက္ရက္မွာ ႏွာေခါင္းတို႔ဖတ္ အာေခါင္

တို႔ဖတ္ယူၿပီးစစ္ေတာ့ ကိုဗစ္ ေပါ့စစ္တစ္ျဖစ္တယ္အေျဖထြက္တယ္။ ေဖာင္ႀကီးေ႐ႊ႕မယ္ဆိုေတာ့ တစ္ေယာက္တည္းမလႊတ္ႏိုင္ဘူး။

မိသားစုတစ္ေယာက္ပါ လိုက္ဖို႔ ခြင့္ေတာင္းထားခ်ိန္မွာပဲ ဆီးျပႆနာထပ္ျဖစ္ၿပီး အစားမဝင္ေတာ့ဘူးျဖစ္သြားတာ။ ဒီမနက္ ၁၁ နာရီ

ေက်ာ္မွာ ဆုံးသြားတာပါ” လို႔ ေတးသံရွင္ရန္ပိုင္စိုးရဲ႕ သမီးျဖစ္သူက ေျပာျပပါတယ္။

ကြယ္လြန္ခ်ိန္မွာ ေတးသံရွင္ရန္ပိုင္စိုးဟာ အသက္ ၇၀ ရွိၿပီျဖစ္ပါတယ္။

အတူေနမိသားစုဝင္ေတြအားလုံး ကြာရန္တင္းဝင္ထားၿပီးၿပီျဖစ္ၿပီး မိသားစုဝင္ထဲက အတူေန ေျမးျဖစ္သူနဲ႔ တူမေတာ္စပ္သူတစ္ဦးတို႔

မွာ ကိုဗစ္ကူးစက္မႈေတြ႕ရွိရတာေၾကာင့္ ကိုဗစ္ကုသေရးစင္တာမွာ ပို႔ေဆာင္ထားၿပီးျဖစ္တယ္လို႔ ေျပာပါတယ္။

နာေရးအစီအစဥ္ကိုေတာ့ ေဆး႐ုံက စီစဥ္ေပးမယ္လို႔သိရၿပီး အေသးစိတ္ကိုေတာ့မသိရေသးဘူးလို႔ သိရပါတယ္။

ဓာတ္ပုံ-Phyu Pyar Win fb
ဘီဘီစီျမန္မာပိုင္း