အဆိုတော် မီးမီးခဲ သူနေထိုင်ရာသြစတေးလျနိုင်ငံမှာ အချိန် (၉)နာရီ (၃၁)မိနစ်ခန့်က ကွယ်လွန်သွားပြီ

အဆိုတော် မီးမီးခဲ ကွယ်လွန်
————-
အဆိုတော် မီးမီးခဲကတော့ အောက်တိုဘာလ (၁၆) ရက်နေ့ သြစတြေးလျ စံတော်ချိန် ည (၉:၃၁) မိနစ်အချိန်မှာ ကွယ်လွန်သွားခဲ့ပြီ

ဖြစ်ပါတယ်။ သူ ကွယ်လွန်သွားတဲ့ သတင်းကိုတော့ ဂီတမှူး နိုင်ဇော်က Duwun ကို အတည်ပြု ပြောပြလာပါတယ်။

“မီးမီးခဲ ကွယ်လွန်သွားတဲ့ သတင်းက သေချာပါတယ်။ အခုပဲ အစ်ကိုလည်း သူ့ရဲ့ မန်နေဂျာလည်းဖြစ်၊ မိသားစုဝင်လည်းဖြစ်တဲ့ တစ်

ယောက်နဲ့ ဖုန်းပြောပြီးတာပါ။ ဒီနေ့ပဲ လွန်ခဲ့တဲ့ နာရီဝက်လောက်က သြစတေးလျမှာ သူကွယ်လွန်သွားခဲ့ပါတယ်” ဆိုပြီးတော့ ဂီတ

မှူး နိုင်ဇော်က ပြောပါတယ်။

အဆိုတော် မီးမီးခဲ ကွယ်လွန်သွားပြီဖြစ်တဲ့ အကြောင်းကိုလည်း သူမရဲ့ ခင်ပွန်းဟောင်း ထူးအယ်လင်းက ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှ

ာ တင်ခဲ့ပါသေးတယ်။ အဲဒီနောက် ဂီတအသိုင်းအဝိုင်းက ညီအစ်ကို မောင်နှမတွေကလည်း မီးမီးခဲ အတွက် စိတ်မကောင်းဖြစ်လို့နေ

ကြပါသေးတယ်။ သူမကို ချစ်တဲ့ ပရိသတ်တွေကလည်း ဂီတကြယ်ပွင့်တစ်ဦးကို ဆုံးရှုံးလိုက်ရတာကြောင့် စိတ်မကောင်းဖြစ်လို့နေပါ

တယ်။
မီးမီးခဲဟာ ၂၀၂၀ ခုနှစ် ဇွန်လ (၁၃) ရက်နေ့က အသက် ၃၇ နှစ်ပြည့်ခဲ့တာပါ။ သူမဟာ ရင်သားကင်ဆာ အဆင့်(၄) အထိ ခံစားခဲ့ရ

တာဖြစ်ပါတယ်။ သူ့အနေနဲ့ ဒီရောဂါနဲ့ ပတ်သက်ပြီး ဆေးကုသမှု ခံယူနေချိန်မှာ ၂၀၂၀ ခုနှစ် ဇူလိုင်လ အတွင်းတုန်းကလည်း

ကွယ်လွန်သွားပြီဆိုတဲ့ သတင်းတွေ ထွက်ခဲ့ဖူးပါတယ်။ ဒီသတင်းတွေအပေါ် မီးမီးခဲ ကိုယ်တိုင်က ပြန်လည် ဖြေရှင်းခဲ့တာပါ။

=====

အဆိုေတာ္ မီးမီးခဲ ကြယ္လြန္
————-
အဆိုေတာ္ မီးမီးခဲကေတာ့ ေအာက္တိုဘာလ (၁၆) ရက္ေန႔ ၾသစေၾတးလ် စံေတာ္ခ်ိန္ ည (၉:၃၁) မိနစ္အခ်ိန္မွာ ကြယ္လြန္သြားခဲ့ၿပီ

ျဖစ္ပါတယ္။ သူ ကြယ္လြန္သြားတဲ့ သတင္းကိုေတာ့ ဂီတမႉး ႏိုင္ေဇာ္က Duwun ကို အတည္ျပဳ ေျပာျပလာပါတယ္။

“မီးမီးခဲ ကြယ္လြန္သြားတဲ့ သတင္းက ေသခ်ာပါတယ္။ အခုပဲ အစ္ကိုလည္း သူ႔ရဲ႕ မန္ေနဂ်ာလည္းျဖစ္၊ မိသားစုဝင္လည္းျဖစ္တဲ့ တစ္

ေယာက္နဲ႔ ဖုန္းေျပာၿပီးတာပါ။ ဒီေန႔ပဲ လြန္ခဲ့တဲ့ နာရီဝက္ေလာက္က ၾသစေတးလ်မွာ သူကြယ္လြန္သြားခဲ့ပါတယ္” ဆိုၿပီးေတာ့ ဂီတ

မႉး ႏိုင္ေဇာ္က ေျပာပါတယ္။

အဆိုေတာ္ မီးမီးခဲ ကြယ္လြန္သြားၿပီျဖစ္တဲ့ အေၾကာင္းကိုလည္း သူမရဲ႕ ခင္ပြန္းေဟာင္း ထူးအယ္လင္းက ေဖ့စ္ဘြတ္စာမ်က္ႏွာေပၚမွ

ာ တင္ခဲ့ပါေသးတယ္။ အဲဒီေနာက္ ဂီတအသိုင္းအဝိုင္းက ညီအစ္ကို ေမာင္ႏွမေတြကလည္း မီးမီးခဲ အတြက္ စိတ္မေကာင္းျဖစ္လို႔ေန

ၾကပါေသးတယ္။ သူမကို ခ်စ္တဲ့ ပရိသတ္ေတြကလည္း ဂီတၾကယ္ပြင့္တစ္ဦးကို ဆုံးရႈံးလိုက္ရတာေၾကာင့္ စိတ္မေကာင္းျဖစ္လို႔ေနပါ

တယ္။
မီးမီးခဲဟာ ၂၀၂၀ ခုႏွစ္ ဇြန္လ (၁၃) ရက္ေန႔က အသက္ ၃၇ ႏွစ္ျပည့္ခဲ့တာပါ။ သူမဟာ ရင္သားကင္ဆာ အဆင့္(၄) အထိ ခံစားခဲ့ရ

တာျဖစ္ပါတယ္။ သူ႔အေနနဲ႔ ဒီေရာဂါနဲ႔ ပတ္သက္ၿပီး ေဆးကုသမႈ ခံယူေနခ်ိန္မွာ ၂၀၂၀ ခုႏွစ္ ဇူလိုင္လ အတြင္းတုန္းကလည္း

ကြယ္လြန္သြားၿပီဆိုတဲ့ သတင္းေတြ ထြက္ခဲ့ဖူးပါတယ္။ ဒီသတင္းေတြအေပၚ မီးမီးခဲ ကိုယ္တိုင္က ျပန္လည္ ေျဖရွင္းခဲ့တာပါ။