ဆေးကုသဆောင်ကခိုးထွက်ပြီး ဈေးဝယ်ခဲ့သူ ကိုဗစ်-၁၉ လူနာ ရဲတပ်သား (၂)ဦး ကို အရေးယူမည်

ယင်းမာပင်မြို့နယ် သီးသန့်ဆေးကုသဆောင်ကနေ အပြင်ခိုးထွက်ပြီး ဈေးဝယ်ယူခဲ့တဲ့ ကိုဗစ်-၁၉ လူနာဖြစ်တဲ့ ရဲ

တပ်သား(၂)ယောက်ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေနဲ့ အရေးယူသွားမယ်လို့ မြို့နယ် ဒုအုပ်ချုပ်ရေးမှူး

ဦးစိုးငြိမ်းထက် ကပြောပါတယ်။

အဲဒီပိုးတွေ့လူနာနှစ်ယောက်ဟာ အောက်တိုဘာ(၁၃)ရက် ညပိုင်းက သီးသန့်ဆေးကုသဆောင်ကနေ အုတ်တံတိုင်းကျော်ပြီးအပြင်

ကိုခိုးထွက်ကာ ဈေးဝယ်ခဲ့တာကို အနီးပတ်ဝန်းကျင်မှာ နေထိုင်သူကစတင်တွေ့ရှိခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေကို

အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။

“ဒီကိစ္စနဲ့ပတ်သက်ပြီး လူနာတွေဆေးကုသမှုပေးပြီးရင် အရေးယူဖို့ဆောင်ရွက်သွားမှာပါ။ သူတို့က ဆေးရုံမှာ (၁၁)ရက်နေရမှာဆို

တော့ ဒီကာလပြီးသွားရင် ဘေး/စီမံ ဥပဒေနဲ့ အရေးယူ အထက်အဆင့်ဆင့်ကို တင်ပြသွားမှာ ပါ”လို့ ဦးစိုးငြိမ်းထက်ကဆိုပါတယ်။

 

သီးသန့်ဆေးကုသဆောင်ကနေ အပြင်ခိုးထွက်ပြီး ဈေးဝယ်ခဲ့တဲ့ လူနာနှစ် ယောက်ဟာ အခုလ(၁၁)ရက် ညပိုင်းကရောဂါပိုး စစ်ဆေး

တွေ့ရှိခဲ့တာဖြစ်ပြီး ရဲတပ်ရင်း(၂၈)က တပ်ဖွဲ့ဝင်တွေ ဖြစ်ပါတယ်။ တာဝန်ကျ ရဲတပ်ရင်းကိုလည်း အကြောင်းကြားထားပြီးဖြစ်တယ်

လို့ သိရပါတယ်။

လက်ရှိမှာတော့ ပိုးတွေ့လူနာနှစ်ယောက် ဈေးဝယ်ခဲ့တဲ့ ဈေးဆိုင်ကိုလည်း ပိတ်ထားပြီး ဆိုင်ရှင်၊ဝန်ထမ်းနဲ့ တခြား ပါဆယ်လာ

ရောက်ဝယ်ယူသူတွေကိုလည်း နေအိမ်မှာ အသွားအလာကန့်သတ်ထားတယ်လို့ဆိုပါတယ်။

အဲဒီထိစပ်သူအားလုံးကိုအောက်တိုဘာ(၁၆)ရက်မှာ ဓာတ်ခွဲနမူနာရယူ စစ်ဆေးသွားမယ်လို့ ဦးစိုးငြိမ်းထက်က ပြောပါတယ်။ ဒီ

ကနေ့အထိ ယင်းမာပင်မြို့နယ်အတွင်းမှာ ကိုဗစ်-၁၉ လူနာ အယောက်(၂၀)ရှိခဲ့ပြီး (၇)ယောက် ကတော့ ဆေးရုံဆင်းခွင့်ရထားပြီးဖြစ်

ပါတယ်။

One News Myanmar
Swelsone News

====

ယင္းမာပင္ၿမိဳ႕နယ္ သီးသန႔္ေဆးကုသေဆာင္ကေန အျပင္ခိုးထြက္ၿပီး ေဈးဝယ္ယူခဲ့တဲ့ ကိုဗစ္-၁၉ လူနာျဖစ္တဲ့ ရဲ

တပ္သား(၂)ေယာက္ကို သဘာဝေဘးအႏၲရာယ္ဆိုင္ရာစီမံခန႔္ခြဲမႈဥပေဒနဲ႔ အေရးယူသြားမယ္လို႔ ၿမိဳ႕နယ္ ဒုအုပ္ခ်ဳပ္ေရးမႉး

ဦးစိုးၿငိမ္းထက္ ကေျပာပါတယ္။

အဲဒီပိုးေတြ႕လူနာႏွစ္ေယာက္ဟာ ေအာက္တိုဘာ(၁၃)ရက္ ညပိုင္းက သီးသန႔္ေဆးကုသေဆာင္ကေန အုတ္တံတိုင္းေက်ာ္ၿပီးအျပင္

ကိုခိုးထြက္ကာ ေဈးဝယ္ခဲ့တာကို အနီးပတ္ဝန္းက်င္မွာ ေနထိုင္သူကစတင္ေတြ႕ရွိခဲ့ၿပီး သက္ဆိုင္ရာတာဝန္ရွိသူေတြကို

အေၾကာင္းၾကားခဲ့တာ ျဖစ္ပါတယ္။

“ဒီကိစၥနဲ႔ပတ္သက္ၿပီး လူနာေတြေဆးကုသမႈေပးၿပီးရင္ အေရးယူဖို႔ေဆာင္႐ြက္သြားမွာပါ။ သူတို႔က ေဆး႐ုံမွာ (၁၁)ရက္ေနရမွာဆို

ေတာ့ ဒီကာလၿပီးသြားရင္ ေဘး/စီမံ ဥပေဒနဲ႔ အေရးယူ အထက္အဆင့္ဆင့္ကို တင္ျပသြားမွာ ပါ”လို႔ ဦးစိုးၿငိမ္းထက္ကဆိုပါတယ္။

 

သီးသန႔္ေဆးကုသေဆာင္ကေန အျပင္ခိုးထြက္ၿပီး ေဈးဝယ္ခဲ့တဲ့ လူနာႏွစ္ ေယာက္ဟာ အခုလ(၁၁)ရက္ ညပိုင္းကေရာဂါပိုး စစ္ေဆး

ေတြ႕ရွိခဲ့တာျဖစ္ၿပီး ရဲတပ္ရင္း(၂၈)က တပ္ဖြဲ႕ဝင္ေတြ ျဖစ္ပါတယ္။ တာဝန္က် ရဲတပ္ရင္းကိုလည္း အေၾကာင္းၾကားထားၿပီးျဖစ္တယ္

လို႔ သိရပါတယ္။

လက္ရွိမွာေတာ့ ပိုးေတြ႕လူနာႏွစ္ေယာက္ ေဈးဝယ္ခဲ့တဲ့ ေဈးဆိုင္ကိုလည္း ပိတ္ထားၿပီး ဆိုင္ရွင္၊ဝန္ထမ္းနဲ႔ တျခား ပါဆယ္လာ

ေရာက္ဝယ္ယူသူေတြကိုလည္း ေနအိမ္မွာ အသြားအလာကန႔္သတ္ထားတယ္လို႔ဆိုပါတယ္။

အဲဒီထိစပ္သူအားလုံးကိုေအာက္တိုဘာ(၁၆)ရက္မွာ ဓာတ္ခြဲနမူနာရယူ စစ္ေဆးသြားမယ္လို႔ ဦးစိုးၿငိမ္းထက္က ေျပာပါတယ္။ ဒီ

ကေန႔အထိ ယင္းမာပင္ၿမိဳ႕နယ္အတြင္းမွာ ကိုဗစ္-၁၉ လူနာ အေယာက္(၂၀)ရွိခဲ့ၿပီး (၇)ေယာက္ ကေတာ့ ေဆး႐ုံဆင္းခြင့္ရထားၿပီးျဖစ္

ပါတယ္။

One News Myanmar
Swelsone News