အမျိုးသမီးတစ်ဦးအား ထမီသွားလှန်စဉ် ထအော်သဖြင့် ဓါးဖြင့်ထိုးသတ်

အမျိုးသမီးတစ်ဦးအား ထမီသွားလှန်စဉ် ထအော်သဖြင့် ဓါးဖြင့်ထိုးသတ်လိုက်မှု မော်လမြိုင်မြို့တွင် ဖြစ်ပွား

အမျိုးသမီးတစ်ဦးအား ထမီသွားလှန်စဉ် အဆိုပါအမျိုးသမီးက ထအော်ခဲ့သဖြင့် ဓါးဖြင့်ထိုးသတ်လိုက်မှု မော်လမြိုင်မြို့မှာ ဒီကနေ့ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်မှာယနေ့ အောက်တိုဘာ ၂၀ ရက်တွင်မော်လမြိုင်မြို့ ၊ မောင်ငံရပ်၊ ဂျီဝါဝင်းရပ်မှာ နေထိုင်သူ အမျိုးသမီးတစ်ဦးအား တစ်ရပ်ကွက်ထဲ နေထိုင်သူ အမျိုးသားတစ်ဦးက ထမီသွားလှန်ရာမှ အဆိုပါ အမျိုးသမီးက အော်ဟစ်ခဲ့သဖြင့် ထမီလှန်သူ အမျိုးသားက ဓါးနဲ့ထိုးသတ်လိုက်မှု ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ မော်လမြိုင် RESCUE က သတင်းထုတ်ပြန်ခဲ့တာပါ။

“ကျတော်တို့ကို အကူအညီ တောင်းခံလာလို့ သွားရောက်ကူညီပေးခဲ့တယ်။ ဓါးနဲ့ထိုးတဲ့သူနဲ့ သေဆုံးသူ အမျိုးသမီးငယ်နဲ့က သူတို့ အ ပြောအရ တစ်ရပ်ကွက်ထဲ နေထိုင်သူ တွေလို့ သိရပါတယ်။ ရရှိဒဏ်ရာက နံကြားထိုးသွင်းဒဏ်ရာပေါ့၊ ဓါးနဲ့အထိုးခံရတဲ့ အမျိုးသမီးကတော့ အခင်းဖြစ်နေရာမှာပဲ သေဆုံးသွားခဲ့ပါတယ်။ အခုပြစ်မှုကျုးလွန်သူကိုလည်း ရဲတပ်ဖွဲ့ က ဖမ်းဆီးရမိထားပါတယ်။”လို့ မော်လမြိုင် RESCUE ရုံးမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်တိုင်းမ် သို့ ပြောပါတယ်။

ဓါးဖြင့်ထိုးခံရမှုကြောင့် သေဆုံးသူ အမျိုးသမီး၏ (Dead Body)ကိုလည်း မော်လမြိုင် RESCUE အဖွဲ့နှင့် အေးမြကြည်လင်အဖွဲ့ တို့က မော်လမြိုင် ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ ကြောင်း သိရပါတယ်။

လက်ရှိမှာ ပြစ်မှုကျုးလွန်သူ တရားခံအား ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး ဖြစ်စဉ်နှင့် ပတ်သတ်၍ သက်ဆိုင်ရာမှ ဆက်လက်စစ်ဆေးဆောင်ရွက်နေကြောင်း သိရှိရပါတယ်။

Ref – Yangon_Media_Group

Leave a Reply

Your email address will not be published. Required fields are marked *